Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ လမ်းသွားလမ်းလာတွေကို PSMS နဲ့ စစ်ဆေးလာ

အခုရက်ပိုင်းတွေအတွင်းမန္တလေးမှာ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာပြည်သူအချို့ကိုလူပုဂ္ဂိုလ်စိစစ် စောင့်ကြည့်စနစ် ( Person Scrutinization and Monitoring System – PSMS) နဲ့ တိုက်ဆိုင်စစ်ဆေးတာတွေ ပြုလုပ်လာတယ်လို့မြို့ခံတွေဆီကသိရပါတယ်။

မန္တလေးမြို့အဝင်စစ်ဆေးရေးဂိတ်ကို စစ်ဆေးနေတဲ့ စစ်ကောင်စီ မန္တလေးတိုင်းဝန်ကြီးချုပ်အဖွဲ့ ( ပုံဟောင်း) ဓာတ်ပုံ - စစ်ကောင်စီ

ဒီဇင်ဘာ -၉ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

အခုရက်ပိုင်းတွေအတွင်းမန္တလေးမှာ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာပြည်သူအချို့ကိုလူပုဂ္ဂိုလ်စိစစ် စောင့်ကြည့်စနစ် ( Person Scrutinization and Monitoring System – PSMS) နဲ့ တိုက်ဆိုင်စစ်ဆေးတာတွေ ပြုလုပ်လာတယ်လို့မြို့ခံတွေဆီကသိရပါတယ်။

စစ်ဆေးမှုမှာတော့ စစ်တပ် ၊ ရဲ ၊ထွေအုပ် နဲ့ ရပ်ကျေးလုံခြုံရေးဆိုပြီး ဖွဲ့စည်းပေးထားတဲ့ အပြာရောင်ယူနီဖောင်းဝတ်ပျုစောထီးတွေ ပါဝင်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ယခင်က စစ်ကောင်စီစစ်ဆေးရေးအဖွဲ့ စစ်ဆေးရာမှာ ဖုန်း ကို စစ်ဆေးတာ ၊ ဆိုင်ကယ် ရဲ့ တူးဘောက် (Tool Box) ကို ဖွင့်ပြခိုင်း ပြီး ရှာဖွေတာမျိုးကနေ အခုမှာတော့ မှတ်ပုံတင်နံပါတ် ၊အမည် ကို မေးပြီး အသင့်ပါလာတဲ့ Tablet မှာထည့်သွင်းထားတဲ့ PSMS စနစ်နဲ့ တိုက်ဆိုင် စစ်ဆေးတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးရဲတပ်ဖွဲ့နဲ့နီးစပ်သူ တစ်ဦးရဲ့ပြောပြချက်အရ PSMS စနစ်ထဲမှာ နိုင်ငံရေးအရ အမှုဖွင့်ထားသူတွေ ၊ အလိုရှိသူတွေရဲ့ကိုယ်ရေးအချက်အလက်တွေကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။

အချက်အလက်တွေကို စုစည်းရာမှာတော့ မှတ်ပုံတင် ၊ စမတ်ကတ် (Smart card) ၊ ပတ်စ်ပို့ (Passport) ပြုလုပ်ရာမှာ ရရှိထားတဲ့ အချက်အလက်တွေကိုလည်းထည့်သွင်းထားတယ်လို့ မန္တလေးရဲတပ်ဖွဲ့နဲ့နီးစပ်သူ ကဆိုပါတယ်။

ယခင်က အဲဒီစနစ်နဲ့ တိုက်ဆိုင်စစ်ဆေးတာကို မြို့ဝင် ၊ မြို့ထွက် ဂိတ်နေရာတွေမှာ အဓိကထားစစ်ဆေးတာပါ။

မန္တလေးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အာဏာသိမ်းစစ်ခေါင်းဆောင်လာရောက်ဖို့ရှိတဲ့အတွက် လုံခြုံရေးတင်းကျပ်ထားချိန် လူထုသပိတ် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ဒေါက်တာတေဇာစန်း ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်က ဆန္ဒပြပွဲမှာပါဝင်သူတွေကို ဖမ်းဆီးဖို့အတွက် စစ်ဆေးမှုတွေ ပြုလုပ်လာတာပါ။

ဒီနေ့မှာဆိုရင် မနက်ပိုင်းကတည်း မန္တလေး စျေးချိုအတွင်းက စျေးတန်းတွေမှာ စစ်တပ် နဲ့ ရဲ ပူးပေါင်းအဖွဲ့က နေတယ်လို့ စျေးချိုအပြင်ဘက်တန်းက စျေးသည်တစ်ဦးကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။