Connect with us

Hi, what are you looking for?

News

ဝက်လက်မြို့နယ်တွင် စစ်​ကောင်စီနှင့်ပူး​ပေါင်း၍ အကြမ်းဖက်​နေသည်ဟုဆိုသူနှစ်ဦး အသတ်ခံရ

ထိုသူနှစ်ဦးမှာ တစ်နေရာစီ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး စစ်ဆေးမေးမြန်းချက်အရ တစ်ဖွဲ့တည်းဖြစ်ကြောင်း ဖောင်းဒိုင်းအဖွဲ့က ပြောသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် စစ်ကောင်စီနှင့်ပူးပေါင်းပြီး အကြမ်းဖက်မှုများ ပြုလုပ်နေသည့် အမျိုးသားနှစ်ဦး သတ်ဖြတ်ခံရကြောင်း ဒေသခံများကပြောသည်။

ဝက်လက်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ပူးပေါင်းပြီး ပြည်သူများ၏ ဆိုင်ကယ်များခိုးခြင်း၊လုခြင်း၊ နေအိမ်များအထိဝင်ရောက်ဓားပြတိုက်ခြင်းများကို လုပ်ဆောင်နေသည့် ဝက်လက်မြို့နယ် လှတောရွာက အောင်မိုးဦးနှင့် အုန်းပေါက်ရွာဇာတိဖြစ်သည့် သန်းနိုင်ဦး (ခ) မောင်မျိုးတို့ကို ယနေ့ ဒီဇင်ဘာ၂ရက်နေ့ နံနက်ပိုင်းက သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဝက်လက်ဖောင်းဒိုင်း ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့က သတင်းထုတ်ပြန်သည်။

ထိုသူနှစ်ဦးမှာ တစ်နေရာစီ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး စစ်ဆေးမေးမြန်းချက်အရ တစ်ဖွဲ့တည်းဖြစ်ကြောင်း ဖောင်းဒိုင်းအဖွဲ့က ပြောသည်။

ကျန်ရှိနေသေးသည့် ထိုသူတို့၏ အပေါင်းအပါများသည်လည်း စစ်ကောင်စီနှင့်ပူးပေါင်းကာ အကြမ်းဖက်မှုများ ဆက်လက်ပြုလုပ်ပါက သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း ဖောင်းဒိုင်းအဖွဲ့က သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။