Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်း ဆိပ်ကမ်းမှာ ရပ်နားထားတဲ့ တူရကီ ကူးတို့ရေယာဉ် မီးလောင်

ယူကရိန်း ဆိပ်ကမ်းတစ်ခုကို ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် တူရကီ ကူးတို့ရေယာဉ်ကြီးတစ်စီး အကြီးအကျယ် မီးလောင် ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။

None

ယူကရိန်း ဆိပ်ကမ်းတစ်ခုကို ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် တူရကီ ကူးတို့ရေယာဉ်ကြီးတစ်စီး အကြီးအကျယ် မီးလောင် ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။

ပုံမှန်အားဖြင့် ကားတွေကို သယ်ဆောင်ရာမှာ အသုံးပြုလေ့ရှိတဲ့ ကူးတို့ သင်္ဘောကြီး Cenk Tရဲ့ မိခင်ကုမ္ပဏီက ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကို အတည်ပြုခဲ့ပါတယ်။ ရေယာဉ်ကို ညနေပိုင်းက ချွန်နိုမော့စ်ခ် ဆိပ်ကမ်းမှာ ကမ်းကပ်ခဲ့ပြီး သိပ်မကြာခင်မှာပဲ တိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ဒီတိုက်ခိုက်မှုကို ရုရှားက ကျူးလွန်တယ်လို့ စွပ်စွဲခဲ့ပြီး ရုရှားကတော့ ဝန်ခံတာ၊ ငြင်းဆိုတာ မရှိခဲ့ပါဘူး။ ယူကရိန်း စစ်ပွဲမှာ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေနဲ့ ဆိပ်ကမ်းတွေကို မတိုက်ခိုက်ဘဲ ကန့်သတ်ထိန်းသိမ်းထားမယ်ဆိုရင် ပိုပြီး အကျိုးရှိနိုင်တယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို တူရကီ သမ္မတ ရာဂျစ် တာယစ်ပ် အာဒိုဝမ်က အကြံပြုခဲ့ပြီး နာရီပိုင်း အကြာမှာ တူရကီ ကူးတို့ရေယာဉ် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ရုရှားရဲ့ ရေနံတွေကို တရားမဝင် လမ်းကြောင်းတွေကနေ မှောင်ခိုသယ်ယူပေးနေတဲ့ ရေနံတင် သင်္ဘောတွေကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်လာတဲ့နောက် ရုရှားက ယူကရိန်းရဲ့ ပင်လယ်ရေလမ်း ချိတ်ဆက်နိုင်မှုကို လုံးဝဥဿုံ ဖြတ်တောက်ပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

Public Service Announcement

Public Service Announcement

Cenk Tရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Cenk Denizcilikကတော့ တိုက်ခိုက်မှု ဖြစ်ပွားချိန်က ရေယာဉ်ပေါ်မှာ စားသောက်ကုန်တွေ အမြောက်အမြားကို တင်ဆောင်ထားခဲ့တယ်လို့ ပြောပါတယ်။ သင်္ဘောပေါ်မှာ ပေါက်ကွဲမှု ဖြစ်ပွားပြီးတာနဲ့ အမှုထမ်းတွေဟာ အရေးပေါ် အခြေအနေ တုံ့ပြန်ရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ရွှေ့ပြောင်းခဲ့ကြောင်း၊ ဒီဖြစ်စဉ်မှာ ထိခိုက်သေဆုံးမှု သတင်း မကြားရကြောင်း ကုမ္ပဏီက ဆိုပါတယ်။

ဇီလန်စကီးက လူမှုကွန်ရက်ပေါ် ဝေမျှထားတဲ့ ဗီဒီယိုမှာတော့ ရေယာဉ် အမှုထမ်းတွေဟာ အကြီးအကျယ် လောင်ကျွမ်းနေတဲ့ မီးကို ငြှိမ်းသတ်ဖို့ အပူတပြင်း ကြိုးစားနေတာကို တွေ့ခဲ့ရပါတယ်။

တူရကီ နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အခုဖြစ်စဉ်ကို အကြောင်းပြုပြီး ပင်လယ်နက် ရေကြောင်းသွားလာရေးမှာ လုံခြုံရေးဆိုင်ရာ အာမခံချက် တစ်ခုခု ရှိလာအောင် ရုရှားနဲ့ ယူကရိန်း ညှိနှိုင်းဖို့ လိုနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပဋိပက္ခတွေက ပင်လယ်နက် ရေပြင်ဆီ ကူးစက်မလာအောင် ထိန်းသိမ်းဖို့၊ စွမ်းအင်နဲ့ တခြားအခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်မှုတွေကနေ နှစ်ဖက်စလုံး ချုပ်တီးဖို့ လိုအပ်တယ်ဆိုတာ တူရကီက အလေးအနက် ထပ်လောင်း အသိပေးလိုကြောင်းလည်း ဝန်ကြီးဌာန ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့က ရုရှားရဲ့ တိုက်ခိုက်မှုအပြီး ယူကရိန်းရဲ့ အိုဒက်ဆာမြို့မှာ အိမ်ပေါင်း ထောင်သောင်းချီပြီး လျှပ်စစ်ဓာတ်အားတွေလည်း ပြတ်တောက်ကုန်တယ်လို့ သိရှိရပါတယ်။

ကိုးကား: Turkiye Today

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။