Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့အဂတိအမှုအတွက် ဦးဖြိုးမင်းသိန်းရဲ့ ကိုယ်ရေးအရာရှိဟောင်းနဲ့ ယာဉ်မောင်းကို စစ်ဆေး

ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရွှေချောင်း၊ ဒေါ်လာတွေနဲ့အတူ မိုင်းဘုန်းဆရာတော်က ပေးတဲ့ ဘုရားဆင်းတုကိုပါ ပေးခဲ့တယ်လို့ ပါရှိထားတာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုနဲ့စွဲဆိုထားတဲ့အမှုအတွက် ဒီနေ့မှာ ဦးဖြိုးမင်းသိန်းရဲ့ကိုယ်ရေးအရာရှိဟောင်းအပါအဝင် သက်သေ ၃ ဦးကို စစ်ဆေးခဲ့ပါတယ်။

ဒီအမှုဟာ ရွှေချောင်းနဲ့ဒေါ်လာတွေ ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့ရတယ်ဆိုတဲ့ ဦးဖြိုးမင်းသိန်းရဲ့ထွက်ဆိုချက်ကြောင့် စစ်ကောင်စီက တရားစွဲထားတဲ့အမှုဖြစ်ပါတယ်။

ဒီအမှုအတွက်ဒီနေ့မှာ ဦးဖြိုးမင်းသိန်းရဲ့ကိုယ်ရေးအရာရှိဟောင်း ဦးမောင်မောင်ကြည် ၊ ယာဉ်မောင်း ဦးဖြိုးကိုကို နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်အကူ ဒေါ်ဝေဝေသန်း တို့ကို စစ်ဆေးခဲ့တာပါ။

အိမ်အကူဒေါ်ဝေဝေသန်းကို ဘုရားဆင်းတုနဲ့ပတ်သက်ပြီး စစ်ဆေးတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရွှေချောင်း၊ ဒေါ်လာတွေနဲ့အတူ မိုင်းဘုန်းဆရာတော်က ပေးတဲ့ ဘုရားဆင်းတုကိုပါ ပေးခဲ့တယ်လို့ ပါရှိထားတာပါ။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်အကူ ဒေါ်ဝေဝေသန်းကို ဘုရားဆင်းတုအတွက် စစ်ဆေးရာမှာ ဆင်းတုနဲ့ပတ်သက်ပြီး ထွက်ဆိုတာမရှိဘူးလို့သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ကို စွပ်စွဲချက်တွေဟာအခြေအမြစ်မရှိဘူးလို့ပြောဆိုထားတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။