Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုမှာ ပေါ်တာဆွဲဖို့လာတဲ့ စစ်အုပ်စုကိုတိုက်ခိုက်ရာ ဒုရဲအုပ်အပါအဝင် ၆ဦးသေ၊ လက်နက် ၂လက်ရဟု ပဲခူးတိုင်းစစ်ဌာန ထုတ်ပြန်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ပြည်သူတွေကို ပေါ်တာဆွဲဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဆိုင်ကယ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်တဦးအပါအဝင် သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း PDF ပဲခူးတိုင်းစစ်ဌာန ဗျူဟာ (၂၂)က သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်းသိမ်းရတဲဲ့ လက်နက်ခဲယမ်းနဲ့ စစ်ကောင်စီတပ် ဆိုင်ကယ်တစ်စီး။ ဓာတ်ပုံ - ပဲခူးရိုးမ Pdf - ဗျူဟာ ၂၂

ဒီဇင်ဘာ-၂၀၊ ၂၀၂၅။ ဆန်အောင်/People’s Spring

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ပြည်သူတွေကို ပေါ်တာဆွဲဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဆိုင်ကယ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်တဦးအပါအဝင် သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း PDF ပဲခူးတိုင်းစစ်ဌာန ဗျူဟာ (၂၂)က သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်းသိမ်းရတဲဲ့ လက်နက်ခဲယမ်းနဲ့ စစ်ကောင်စီတပ် ဆိုင်ကယ်တစ်စီး။ ဓာတ်ပုံ – ပဲခူးရိုးမ Pdf – ဗျူဟာ ၂၂

အုတ်ဖိုမြို့နယ် လွှစင်ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးမှုလုပ်ဖို့ထွက်လာတဲ့ ဆိုင်ကယ်တန်းကို ဒီဇင်ဘာ ၁၉ရက် ညပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် အခင်းဖြစ်နေရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦး သေဆုံးခဲ့သလို ဆေးရုံမှာ ၂ဦးထပ်မံသေဆုံးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ သေဆုံးသူတွေထဲမှာ ဒုရဲအုပ်ဇော်ထွန်းဝင်း လည်း ပါဝင်ကြောင်း အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၂လက်နဲ့ ခဲယမ်းတွေ သိမ်းရခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းနဲ့အတူ ထုတ်ပြန်ပါတယ်။

အဲဒီစစ်ဆင်ရေးမှာ တော်လှန်ရေးတပ်ဖွဲ့တွေအထိအခိုက်မရှိခဲ့ဟုလည်း အသိပေးထားပါတယ်။

“ဒီအချိန်ကာလမှာ အထူးဂရုစိုက်ပြီး နေကြဖို့ ပါ။ စစ်ရေးအရှိန်မြင့်နေတာမို့ စကစနဲ့ ဝေးဝေးနေကြဖို့နဲ့ လေကြောင်းရန် ကာကွယ်ထားကြဖို့ပါ”လို့ ဗျူဟာ ၂၂ တာဝန်ခံက ပြည်သူတွေကို သတိပေးပါတယ်။

အခု စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်ရှိ အမှတ် (၃၈၀၂) တပ်ရင်း ၊ တပ်ခွဲ (၄) UGF OKPO တို့က ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဗျူဟာ (၂၂) ပူးပေါင်းတပ်တွေဟာ ဒီဇင်ဘာ ၁၆ရက်ကလည်း သာယာ၀တီခရိုင် လက်ပံတန်းမြို့နယ် ဆင်တလင်းရွာ စစ်ကောင်စီအထိုင်စခန်းကို တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်ရဲလွင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့ပြီး စစ်ကောင်စီထံကလက်နက် ၁၂လက်နဲ့ ခဲယမ်းတွေ သိမ်းရခဲ့ပါတယ်။

ဒီဇင်ဘာ ၁၂ရက်ကလည်း နတ်တလင်းမြို့နယ် ဒမယ်ငယ်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဗျူဟာ (၂၂) ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ဗိုလ်အပါအဝင် သေဆုံးထိခိုက်သူတွေရှိခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာဇူလိုင် ၂၂ ရက်ညက သားဖြစ်သူအလုပ်မှအပြန်ပေါ်တာဆွဲခံရတာကြောင့် ဖခင်ဖြစ်သူကတညင်းကုန်းမှာရှိတဲ့စစ်သားစုဆောင်းရေးတပ်ကို သွားရောက်စုံစမ်းမေးမြန်းခဲ့ရာ ဖခင်ကိုပါ စစ်တပ်ကထပ်မံဖမ်းဆီးလိုက်ပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရန်ကုန်မြို့က ရုပ်ရှင်ကင်မရာမန်းလူငယ်တစ်ယောက် ပျောက်ဆုံးသွားတယ်ဆိုတဲ့သတင်း Facebook လူမှုကွန်ရက်မှာ တက်လာခဲ့ပါတယ်။ အနုပညာရှင်တချို့နဲ့ ရင်းနှီးသူတွေကလည်း ကင်မရာမန်းလူငယ်ပျောက်ဆုံးတဲ့ဖြစ်စဥ်ကို ကိုယ့်လူမှုကွန်ရက်စာမျက်နှာမှာ တင်ပေးကြတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထွီလာမြို့မှာ ပေါ်တာဆွဲဖမ်းဆီးတာတွေဆိုးရွားနေလို့ ပြည်သူတွေမထွက်ရဲတော့တာကြောင့် မူးယစ်ဆေးဝါး ရောင်းတဲ့အဖွဲ့ကို ပေါ်တာဆွဲတဲ့အဖွဲ့ဆိုပြီး စစ်တပ်က အယောင်ပြဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။