Connect with us

Hi, what are you looking for?

News

ဖာပွန်ခရိုင်ထဲ စစ်​ကောင်စီလက်​လျှော့လိုက်ရတဲ့တပ်စခန်း ၁၁ ခုရှိပြီး တပ်​ပြေး​တွေလည်းရှိ

စစ်ကောင်စီဘက်က တပ်ပြေးဖြစ်သူ ဇော်လွင်ဦးရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်ထဲမှာ တပ်က ထွက်ပြေးနေချင်တဲ့သူတွေများနေပြီး တပ်တွင်းအမိန့်နာခံမှုလည်း မရှိတော့ဘူးလို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်စခန်း ၁၁ ခုကို စွန့်ခွာသိမ်းဆည်းခံရပြီး တပ်ပြေး ၂၈ ဦးရှိခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်(KPSN)ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုမိုတိုးများလာတဲ့ ကေအဲန်ယူရဲ့ ပြောက်ကျားတိုက်ခိုက်မှုနဲ့ထောက်ပံ့ရေးလမ်းကြောင်းပိတ်ဆို့ ဖြတ်တောက်မှုတွေကြောင့် ဖေဖေါ်ဝါရီ ၇ ရက်ကနေ ဇွန်လ ၁ ရက်အထိ စစ်ကောင်စီဟာ စခန်းပေါင်း ၁၁ ခုကိုစွန့်ခွာခဲ့ရပြီး အဲ့ဒီအထဲက စခန်း ၂ ခုဟာ ကေအဲန်ယူရဲ့သိမ်းယူခြင်းခံရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သိမ်းဆည်းစွန့်ခွာသွားတဲ့ စခန်းတွေအများစုဟာ ထိုင်းနိုင်ငံနဲ့ နယ်စပ်ခြင်းထိစပ်နေတဲ့ သံလွင်မြစ်တစ်လျှောက် ဖာပွန်ခရိုင်ရဲ့ အရှေ့ပိုင်းမှာဖြစ်ပြီး အဲ့ဒီနယ်စပ်ရှေ့ထွက်စခန်းတွေ ဆုံးရှုံးလိုက်ရတာဟာ စစ်ကောင်စီအတွက် မဟာဗျူဟာမြောက်တဲ့နေရာကို ဆုံးရှုံးလိုက်ရတာဖြစ်တယ်လို့ KPSN ရဲ့ အစီရင်ခံစာမှာပါရှိတာပါ။

ဒါ့အပြင် ဖေဖေါ်ဝါရီကနေ အောက်တိုဘာလအတွင်း ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီဘက်က တပ်ပြေး ၂၈ ဦးရှိခဲ့ပြီး တပ်ပြေးသွားသူတွေထဲမှာ ဒုဗိုလ်အဆင့်ရှိသူတစ်ဦး ပါဝင်သလို နယ်ခြားစောင့်တပ် (BGF)ဘက်က တပ်ပြေးတွေလည်းပါဝင်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်က တပ်ပြေးဖြစ်သူ ဇော်လွင်ဦးရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်ထဲမှာ တပ်က ထွက်ပြေးနေချင်တဲ့သူတွေများနေပြီး တပ်တွင်းအမိန့်နာခံမှုလည်း မရှိတော့ဘူးလို့ ပြောပါတယ်။

” တပ်ရင်းတစ်ရင်းမှာ အယောက် ၁၀၀ ကျော်လောက်ရှိမယ်ဆိုရင် ၉၉ ယောက်က ပြေးမယ့်လူတွေကြီးပဲ။ ဒီလိုမျိုးကိစ္စတွေဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ အရာရှိပြောနေတဲ့စကားကလည်း အရာရှိကလည်းရဲဘော်ကိုပြောတယ်။ ရဲဘော်ကမခံနိုင်ဘူး။ ရဲဘော်က စောက်ဂရုမစိုက်တော့ဘူးပေါ့။ အမိန့်နာခံမှုဆိုတာ မရှိတာ့ဘူးပေါ့။ အမိန့်နာခံမှုလည်းမရှိတော့ဘူး။ ဖွဲ့စည်းပုံက နောက်ပိုင်းဆို ပိုတောင်ပျက်ဦးမှာ” လို့ တပ်ပြေးတစ်ဦးဖြစ်တဲ့ ဇော်လွင်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဖွဲ့စည်းပုံတွေပျက်နေပြီး တပ်ပြေးတော်တော်များမျာဟာ KNLA တပ်မဟာ ၅ ထံ ထွက်ပြေးရောက်ရှိလာပြီး နောက်ထပ်လည်း စခန်းကနေ စွန့်ခွာထွက်ပြေးဖို့ အစီအစဉ်ရှိကြတယ်လို့ KNLA တပ်မဟာ ၅ စစ်ဆင်ရေးဗျူဟာမှူး စောထူးကစောက ဆိုပါတယ်။

“စစ်တပ်ရဲ့ဖွဲ့စည်းပုံ ပျက်နေတယ်ဆိုတာမှန်ပါတယ်။ အရင်က တပ်ရင်းတစ်ရင်းမှာ အင်အား ၃၀၀ ကျော်ရှိတယ်။ အခုဆို တပ်ရင်းတစ်ရင်းမှာ အင်အား ၇၀ ၈၀ လောက်ပဲရှိတော့တယ်။ သူတို့တွေ တိုက်ချင်စိတ် အလုပ်လုပ်ချင်စိတ် ရာနှုန်းပြည့်မရှိတော့ဘူ။ လုံးဝကိုပြောရဲတယ်။ သိပ်မကြာတဲ့အချိန်က တပ်ပြေးတော်တော်များများ ကျနော်တို့ဆီရောက်လာတယ်” လို့ KNLA တပ်မဟာ ၅ စစ်ဆင်ရေးဗျူဟာမှူး စောထူးကစောက ဆိုပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင်ထဲမှာ နိုဝင်ဘာလ တစ်လအတွင်း စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၅ တို့အကြား တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး တပ်ရင်းမှူး တပ်ခွဲမှူးတွေအပါအဝင် (၁၀၃) ဦးအထိ အကျအဆုံးများပြားခဲ့ကာ စစ်ကောင်စီတပ်ရဲ့ နယ်မြေမကျွမ်းကျင်မှုတွေကြောင့် အကျအဆုံးများပြားခဲ့တာဖြစ်တယ်လို့ တပ်မဟာ ၅ က ဒုဗိုလ်မှူးကြီး စောကလယ်ဒိုရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် ဘောသို့ထကျေးရွာကို အာဏာသိမ်းစစ်တပ်က လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရတာ၊နေအိမ်ပျက်စီးတာတွေရှိခဲ့ကြောင်း ကချင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။