Connect with us

Hi, what are you looking for?

News

ဖုန်းခေါ်ဆိုခနဲ့အင်တာနက်ဒေတာ ဈေးနှုန်း စစ်ကောင်စီတိုးမြှင့်ဖို့စီစဉ်

စစ်ကောင်စီဟာ အာဏာသိမ်းတဲ့နေ့ကစတင်ပြီး တယ်လီဖုန်းလိုင်းတွေဖြတ်တောက်တာ ၊ အင်တာနက် ပိတ်တာတွေကို ပြုလုပ်ခဲ့ပါတယ်။

People's Spring
People's Spring

ဖုန်းခေါ်ဆိုခနဲ့ အင်တာနက်ဒေတာ ဈေးနှုန်းတွေ မကြာခင်မှာဈေးတက်တော့မယ်လို့သိရပါတယ်။

Ooredoo က သုံးစွဲသူတွေထံ ပေးပို့တဲ့မက်ဆေ့ချ်မှာ ဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက် ဈေးနှုန်းတွေကိုမကြာခင်မှာပြောင်းလဲမယ်လို့ ပါရှိပါတယ်။

ဒါပေမယ့် ဘယ်နေ့က စတင်ပြီး ဈေးအပြောင်းအလဲဖြစ်ဆိုတာတော့ မသိရသေးပါဘူး။

ဒီလို အင်တာနက်ဒေတာနဲ့ ဖုန်းဘေလ်ဈေးတက်ဖို့ စစ်ကောင်စီရဲ့ဆက်သွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားတာပါ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ အာဏာသိမ်းတဲ့နေ့ကစတင်ပြီး တယ်လီဖုန်းလိုင်းတွေဖြတ်တောက်တာ ၊ အင်တာနက် ပိတ်တာတွေကို ပြုလုပ်ခဲ့ပါတယ်။

ဒါအပြင်ဆက်သွယ်ရေးကုမ္ပဏီတွေကို ကြားဖြတ်နားထောင်စောင့်ကြည့်ရေးကိရိယာတွေတပ်ဆင်ထားဖို့ စစ်တပ်ကအမိန့်ထုတ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။