Connect with us

Hi, what are you looking for?

သတင်း

လဟယ်မြို့က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံး ဗုံးဖောက်ခွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊လဟယ်မြို့မှာရှိတဲ့နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံးဝင်းအတွင်းမှာဒီဇင်ဘာလ၂၀ရက်ညနေ ၄နာရီခန့်က ပြင်းထန်တဲ့ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

အာဏာသိမ်း​ခေါင်း​ဆောင် လဟယ်မြို့ကို ၂၀၂၃ ခုနှစ်ကသွား​ရောက်ခဲ့စဥ်။ဓါတ်ပုံ-CINCDS

ဒီဇင်ဘာ-၂၁၊၂၀၂၅။အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊လဟယ်မြို့မှာရှိတဲ့နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံးဝင်းအတွင်းမှာဒီဇင်ဘာလ၂၀ရက်ညနေ ၄နာရီခန့်က ပြင်းထန်တဲ့ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

တစ်မြို့လုံးကကြားလိုက်ရတဲ့ပေါက်ကွဲသံနဲ့အတူ ဒေသဦးစီးအဆောက်အအုံရောဘေးပတ်ဝန်းကျင်ကအဆောက်အအုံတချို့ပါမှန်ကွဲတာတွေ၊နံရံအက်တာတွေရှိတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ရုံးထဲမှာက စစ်ကောင်စီကလူတွေရော၊နာဂဦးစီးအဖွဲ့မှာပါတဲ့သူတွေပါနေကြတာ။မနေ့ကတော့ ရုံးပိတ်ရက်ဆိုတော့လူသိပ်မရှိဘူး။ဒေသခံတွေလက်မခံတဲ့ရွေးကောက်ပွဲကိုမလုပ်ဖို့ ခြောက်လှန့်ပြီးဖောက်ခွဲတာဖြစ်နိုင်တယ်လို့ မြို့ခံတွေပြောနေကြတယ်”လို့ လဟယ်မြို့မှာ လက်ရှိနေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံးဟာ ဌာနဆိုင်ရာရုံးတွေအခြေစိုက်တဲ့ မြို့ပေါ်ရပ်ကွက်မှာရှိတာပါ။ပြင်ပကနေဗုံးပစ်သွားတာဖြစ်ပြီး ရုံးခြံဝင်းထဲကျရောက်ပေါက်ကွဲသွားတာလို့ သိရပါတယ်။

စစ်​ကောင်စီကနာဂဒေသမှာရွေးကောက်ပွဲလုပ်နိုင်ဖို့ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက နာဂဒေသရွေးကောက်ပွဲကော်မရှင်အဖွဲ့က ဒေသခံတွေနဲ့တွေ့ဆုံခဲ့ကြပါတယ်။ ဒီဇင်ဘာလမှာလည်း စစ်ကောင်စီလက်အောက်ခံဝန်ကြီးတစ်ဦး ဦးဆောင်တဲ့အဖွဲ့လဟယ်မြို့ကိုရောက်လာပြီးရွေးကောက်ပွဲမဲပေးကြဖို့စည်းရုံးခဲ့ပါတယ်။

နာဂဒေသမှာစစ်ကောင်စီတပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကိုလုံး၀ လက်ခံမှာမဟုတ်ဘူးလို့နာဂဒေသ (ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့က ပြီးခဲ့တဲ့အကုန်လမှာကြေညာခဲ့ပါတယ်။

လဟယ်မြို့က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံးဝင်းအတွင်း ဗုံးပေါက်ကဲမှုနဲ့ပတ်သက်လို့ အသေးစိတ်မသိရှိရသေးဘဲ တော်လှန်ရေးတပ်တွေဘက်ကလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြန်မာနိုင်ငံမှာငြိမ်းချမ်းရေး၊ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပီပီပြင်ပြင်တည်ဆောက်နိုင်ခြင်း မရှိသေးဘဲ ထိုင်းနဲ့ မြန်မာကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကို ဆွေးနွေးနေရင် ရည်မှန်းချက် ပြည့်အောင် အကောင်အထည် ဖော်ဖို့ ခက်ခဲလိမ့်မယ်လို့ ထိုင်းအတိုက်အခံ လွှတ်တော်အမတ် အနူဆွမ် သွမ်ချိုင်က သတိပေးခဲ့ပါတယ်။

သတင်း

ထိုင်းအဆိုပြုတဲ့ ညှိနှိုင်းထိတွေ့ဆက်ဆံဗျူဟာအကျိုးမရှိဟု​ထောက်ပြ

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

သတင်း

ထိုင်းနိုင်ငံထဲ ကို မကောင်းတဲ့ စွမ်းအင်တွေ ၀င်ရောက်လာတယ်လို့ ထိုင်းရဲတပ်ဖွဲ့ဝင်တဦးက ဒီကနေ့ပြောပါတယ်။