Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ရဲ့ စစ်အင်အား ချဲ့ထွင်မှုတွေက အမေရိကန်ကို အကာအကွယ် လျော့ကျလာစေတယ်လို့ ပင်တဂွန် သတိပေး

တရုတ်စစ်တပ်ရဲ့ မကြုံစဖူး အင်အားချဲ့ထွင် တည်ဆောက်မှုတွေဟာ အမေရိကန်ကို အရင်ကထက် အကာအကွယ် လျော့ကျလာစေတယ်လို့ ပင်တဂွန် စစ်ဌာနချုပ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ - Reuters

တရုတ်စစ်တပ်ရဲ့ မကြုံစဖူး အင်အားချဲ့ထွင် တည်ဆောက်မှုတွေဟာ အမေရိကန်ကို အရင်ကထက် အကာအကွယ် လျော့ကျလာစေတယ်လို့ ပင်တဂွန် စစ်ဌာနချုပ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမေရိကန်ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနလည်းဖြစ်တဲ့ ပင်တဂွန်က နောက်ဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာတော့ သမိုင်းတလျှောက် တရုတ်ရဲ့ စိတ်အား အထက်သန်ဆုံး စစ်ရေးအင်အား တည်ဆောက်မှုတွေ မြင်လာရခြင်းက အမေရိကန်ရဲ့ စစ်ရေး အကဲသာမှုကို အားလျော့လာစေတယ်လို့ ထောက်ပြထားခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ တရုတ်နဲ့ ရုရှားတို့ရဲ့ နျူကလီးယား စစ်လက်နက် ပိုင်ဆိုင်မှုနဲ့ အသုံးပြုမှုတွေကို ကန့်သတ်ဖို့ ကြိုးစားနေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အားထုတ်မှုတွေကိုလည်း အနှောင့်အယှက် ဖြစ်စေတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့က ပင်တဂွန်ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ အစီရင်ခံစာမှာတော့ တရုတ် စစ်တပ်ဟာ ပိုပြီး ခေတ်မီဆန်းသစ်လာသလို မာဂုဏ်လည်း ပိုအားကောင်းလာနေတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရုရှား-ယူကရိန်း စစ်ပွဲကနေ သင်ခန်းစာတွေယူရင်း တရုတ်ဟာ ထိုင်ဝမ်ကို စစ်ရေးအရ ပိုပြီး ဖိအားပေးနိုင်မယ့် နည်းလမ်းတွေကို ထိထိရောက်ရောက် ပြင်ဆင်လာနေတယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်နဲ့ ရုရှားတို့ဟာ အမေရိကန်ကို တန်ပြန်ဖို့အတွက် တူညီတဲ့ ရည်မှန်းချက်နဲ့ မဟာဗျူဟာ လက်တွဲ ဆောင်ရွက်မှုတွေ မြှင့်တင်လာပေမယ့် နှစ်ဖက်ကြားမှာလည်း မယုံကြည်မှုတွေ ရှိနေဆဲလို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

အစီရင်ခံစာထဲမှာတော့ အသံထက် အနည်းဆုံး ၅ ဆ ပိုမြန်တဲ့ ဟိုက်ပါဆောနစ် စစ်လက်နက်တွေ တီထွင် ထုတ်လုပ်မှုမှာ တရုတ်ဟာ အမေရိကန်ထက် အများကြီး ခြေလှမ်းသာနေနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

အခု အစီရင်ခံစာ မတိုင်ခင် နောက်ဆုံး ထုတ်ပြခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ အစီရင်ခံစာတုန်းကတော့ တရုတ်ဟာ အမေရိကန်ရဲ့ စစ်ရေးစွမ်းရည်နဲ့ နိုင်ငံတကာ ဩဇာဖြန့်ကျက်နိုင်စွမ်းတွေကို စိန်ခေါ်နိုင်စွမ်း လက်တွေ့အရှိဆုံး ပြိုင်ဘက်အဖြစ် ရည်ညွှန်းထားဖူးပါတယ်။

နောက်ဆုံးထုတ် အစီရင်ခံစာမှာတော့ တရုတ်ရဲ့ တောက်လျှောက် အရှိန်အဟုန် ကောင်းကောင်းနဲ့ စစ်ရေး အင်အား တည်ဆောက်မှုတွေဟာ အမေရိကန်အပေါ် သိသိသာသာ အကာအကွယ် လျော့လာနေစေတယ်လို့လည်း သတိပေးထားခဲ့ပါတယ်။

ပင်တဂွန်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး တရုတ်အစိုးရဖက်ကတော့ တစ်ခုခု သဘောထား မှတ်ချက်ပေး တုံ့ပြန်တာမျိုး မရှိသေးပါဘူး။

ကိုးကား: Bloomberg

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။