Connect with us

Hi, what are you looking for?

သတင်း

ဆင်ဖြူကျွန်းမြို့ကစစ်စခန်း​တွေကို သိမ်းပိုက်မှာမို့မြို့​​​​နေပြည်သူ​တွေတိမ်း​ရှောင်ဖို့ ပကဖတိုက်တွန်း

စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့က စစ်တပ်စခန်းတွေကို အပြီးသတ် တိုက်ခိုက်သိမ်းယူမှာမို့လို့ မြို့နေလူထုအနေနဲ့ စလင်းမြို့နယ်ဘက်ကိုတိမ်းရှောင်ဖို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

စလင်းမြို့နယ်မှ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များကိုတွေ့ရစဥ်။ ဓါတ်ပုံ- စလင်းပကဖ

ဒီဇင်ဘာ-၂၅၊၂၀၂၅။အိမ်သွင်၊မိုမို/People’s Spring

စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့က စစ်တပ်စခန်းတွေကို အပြီးသတ် တိုက်ခိုက်သိမ်းယူမှာမို့လို့ မြို့နေလူထုအနေနဲ့ စလင်းမြို့နယ်ဘက်ကိုတိမ်းရှောင်ဖို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

“စစ်ရေး အရေးပေါ်သတိပေးထုတ်ပြန်ချက်” အဖြစ်ဒီဇင်ဘာလ ၂၅ ရက် မနက် ၇နာရီခန့်မှာ ထုတ်ပြန်တာဖြစ်ပါတယ်။

မနက် ၈နာရီ ညနေ ၆နာရီ အတွင်း စလင်းမြို့နယ်ဘက်သို့သွားလာနိုင်ကြောင်းအသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူတွေအနေနဲ့ စစ်ကောင်စီကားတွေနဲ့ အနီးကပ်သွားလာတာကိုရှောင်ကြဉ်ကြဖို့လည်း သတိပေးထားပါတယ်။

စလင်းနဲ့ ဆင်ဖြူကျွန်းမြို့နယ်ထဲကနေရာတချို့မှာလည်း စစ်ရေးတင်းမာနေပြီးစစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေလို့တော်လှန်ရေးတပ်တွေက သတိပေးချက်တွေထုတ်ထားပါတယ်။

စခန်းသိမ်းတိုက်ပွဲအပြီးသတ်တိုက်တော့မှာမို့လို့ ဒေသခံတွေရဲ့လုံခြုံရေးအတွက် သတိပေးချက်ထုတ်တာလို့ကာကွယ်ရေးရဲ​ဘော်တဦးကပြောပါတယ်။

ဒီဇင်ဘာ ၂၃ ရက်ကစပြီး ဆင်ဖြူကျွန်းမြို့က စစ် ကောင်စီဂိတ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်​ရောက်စီးနင်းခဲ့ပြီး မနေ့က(ဒီဇင်ဘာ ၂၄ ရက်)အထိ မြို့တွင်းတိုက်ပွဲတွေဖြစ်နေတာလို့ သ တင်းရင်းမြစ်တွေက ​ပြောပါတယ်။

“စစ်ကောင်စီရဲ့ ဂိတ်စခန်းတချို့ စီးနင်းထားနိုင်တယ်။အပေါင်းလက္ခဏာ ရှိတယ်”လို့ ဆင်ဖြူကျွန်း မြို့မြေပြင်တိုက်ပွဲမှာရှိနေတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ဆင်ဖြူကျွန်းမြို့တိုက်ပွဲမှာစစ်တပ်ကလေကြောင်း၊ရေယာဥ်တွေနဲ့ ခုခံနေပြီးမြေပြင်အင်အားတွေပါ ဖြည့်တင်းထားတယ်လို့သိရပါတယ်။

“ဆင်ဖြူကျွန်းနဲ့ စလင်းလမ်းပိုင်းကို ဒီမနက်ဖွင့်လိုက်ပြီ။တော်တော်များများရွှေ့နေကြပြီ”လို့ ဆင်ဖြူကျွန်းဒေသခံတစ်ဦးက ပြောပါတယ်။

စလင်းမြို့ နဲ့ ဆင်ဖြူကျွန်းမြို့ က အိမ်စီးကားတွေ အားလုံးမှန်ချမောင်းဖို့ နဲ့လုံခြုံရေးအရမှန်ချမ မောင်းတဲ့ယာဉ်တွေကို စစ်ရေးအရ တာဝန်ယူမှာ မဟုတ်ဘူးလို့ စလင်းပကဖ က သတိပေးပါတယ်။

ဒီဇင်ဘာလ၂၄နေ့ညကလည်းဆင်ဖြူကျွန်းမြို့နယ်ထဲက စလင်းချောင်းနဲ့ ဧရာဝတီမြစ်ကြောင်း တလျှောက်ကို စစ်ကောင်စီကလေကြောင်းကနေ ဗုံးအလုံး ၄၀ ကျော်ကြဲသွားပါတယ်။

“စစ်ရေးက သိတဲ့အတိုင်း မှန်းမရဘူး။ စခတွေကို PDFတွေက တိုက်တော့မှာ။ အခုကျွန်တော်တို့လည်းပြေးနေပြီ။ ပျော်လည်းပျော်တယ်။ ပွဲပြီးမှအေးမှာ” လို့ မြို့ခံတစ်ဦးကပြောပါတယ်။

ဆင်ဖြူကျွန်းမြို့မှာ လူဦးရေ ၆,၈၀၀ ဝန်းကျင်ရှိတယ်လို့ ၂၀၁၉ ခုနှစ် စလင်းမြို့နယ်လူဦးရေးစာရင်းမှာ ဖော်ပြထားပါတယ်။

အခုနှစ် ဇူလိုင်လက စလင်းမြို့နယ်၊တညောင်တိုက်နယ်က ရဲစခန်းကို ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထားပါတယ်။

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ စလင်း-ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းကို စစ်တပ်က အခုနှစ်စပိုင်းကတည်းက အင်အားရာချီသုံးပြီး စစ်ကြောင်းထိုး​ခဲ့ပါတယ်။

အဲဒီစစ်ကြောင်းတွေမှာ ပခုက္ကူမြို့အခြေစိုက်တပ်မ (၁၀၁) လက်အောက်ခံတပ်တွေနဲ့ မကွေးမြို့အခြေစိုက် ခလရ (၂၅၃၊၂၅၄ နှင့်၂၅၅) တပ်ရင်းတွေ ပါဝင်ပါတယ်။

စလင်းမြို့နယ်က မကွေးတိုင်းအနောက်ဘက်ခြမ်းမှာရှိပြီး ဆော၊ဆိပ်ဖြူ၊ချောက်၊ရေနံချောင်း၊ပွင့်ဖြူ နဲ့ စေတုတ္တရာမြို့နယ်တွေနဲ့ ထိစပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။