Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့သိမ်းနိုင်ဖို့ ခရစ္စမတ်နေ့မှာ KIA ပူးပေါင်းတပ်က စစ်မျက်နှာများစွာနဲ့ထိုးစစ်ဆင်

■မြစ်ကြီးနား နမ့်ပေါင်လေတပ်ကို လက်နက်ကြီးနဲ့ပစ်ခတ် တိုက်​လေယာဉ် ၁ စီးနဲ့ ရဟတ်ယာဉ် ၁စီး ထိခိုက်မှုရှိဟု သတင်းရင်းမြစ်ပြော

KIA တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-File

ဒီဇင်ဘာ-၂၅၊၂၀၂၅။ ဆန်အောင်/People’s Spring

ကချင်ပြည်နယ် ဗန်းမော်မြို့ကို အပြီးသတ်သိမ်းနိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့ မနက်မှာတန်ပြန်ထိုးစစ်စတင်ဖော်ဆောင်နေပြီးစစ်ကောင်စီဘက်ကလည်း လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ခုခံနေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

၂၀၂၄ ဒီဇင်ဘာ လဆန်းက စတင်ဖော်ဆောင်ခဲ့တဲ့ဗန်းမော်မြို့သိမ်း တိုက်ပွဲဟာ ၁နှစ်ကြာလာခဲ့ပြီး နောက် လက်ကျန် စစ်ကောင်စီတပ်စခန်းတွေ အပြီးသတ်သိမ်းနိုင်ဖို့ KIA ဘက်က ဆောင်ရွက်လာတာဖြစ်ပါတယ်။

“ဒီမနက် ကျနော်တို့ဘက်က ထိုးစစ်လုပ်တာ။ ဗန်းမော်နယ်တခုလုံးပေါ့။ ဗန်းမော်မြို့ တခုလုံးကို စစ်မျက်နှာတွေဖွင့်ပြီး တန်ပြန်ထိုးစစ်လုပ်တာပါ။ အခုလောလောဆယ်တော့ ဗန်းမော်မြို့ တခုလုံးမှာ တိုက်ပွဲတွေဖြစ်နေတယ်။ကျနော်တို့ဘက်က တန်ပြန်ထိုးစစ်လုပ်တာ KIA နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက ထိုးစစ်လုပ်တာ”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြားစစ်ရေးသတင်းရင်းမြစ်တဦးကလည်း ဗန်းမော်ကို လုံး၀အပြီး သိမ်းပိုက်နိုင်ဖို့ တန်ပြန်ထိုးစစ်စနေကြောင်း ပြောပြပါတယ်။စစ်ကောင်စီဘက်ကလည်း ဗန်းမော်တိုက်ပွဲကို လေကြောင်း ပစ်ကူပေးတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

“ဂျက်ဖိုက်တာနဲ့တော့ ဒီမနက် ၆နာရီကနေ အခုထို ဆို ဒီမနက် ၄စီးရှိသွားပြီ။”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

KIA ပူးပေါင်းတပ်ဘက်ကလည်း ဟန်ချက်ညီ စစ်ဆင်ရေးအဖြစ် မြစ်ကြီးနား နမ့်ပေါင် လေတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်မှု ဆက်တိုက်ပြုလုပ်နေတယ်လို့ အသိပေးပါတယ်။

“မြစ်ကြီးနား စစ်တပ် နမ့်ပေါင်လေဆိပ်ကို ကျနော်တို့လက်နက်ကြီးနဲ့ ထုတာ ရဟတ်ယာဉ်တစီးနဲ့ ဖိုက်တာတစီးထိပြီးမှ မီးလောင်နေတာ။ မနက်က နှစ်စီးပေါ့ MI 17 တစီးရယ် K8W ရယ် အဲဒီနှစ်စီးကတော့ ပျက်စီးသွားပြီ။ ဗန်းမော်ကတော့ အခုအချိန်ထိ တော်တော်လေးကို တိုက်ပွဲပြင်းထန်နေတယ်”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဗန်းမော်တိုက်ပွဲနဲ့ မြစ်ကြီးနားလေတပ် တိုက်ခိုက်မှု အခြေအနေတွေကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

ဗိုလ်မှူးကြီးနော်ဘူရဲ့ ဒီဇင်ဘာ ၂၄ရက် ပြောပြချက်မှာ ဗန်းမော်မှာ တိုက်ပွဲတွေနေ့စဉ်ရှိနေပြီး ကချင်ပြည်နယ် တခုလုံးအတိုင်းအတာ စစ်ရေးတင်းမာနေကြောင်း အသိပေးထားပါတယ်။

စစ်ကောင်စီဟာ ဗန်းမော်တိုက်ပွဲကို ၂၀၂၅ ဩဂုတ်လဆန်းမှာ ရေကြောင်းကနေ စစ်အင်အား လက်နက်နဲ့ခဲယမ်းဖြည့်တင်းနိုင်ခဲ့လို့ KIAသိမ်း

ထားတဲ့နေရာတွေကို တန်ပြန်ထိုးစစ်ဆင်တာတွေ လုပ်ဆောင်ခဲ့လို့ တိုက်ပွဲတွေ ဆက်တိုက်ရှိနေတာပါ။ အခုတခါ KIAက အပြီးသတ်သိမ်းနိုင်ဖို့ ပြန်လည်ထိုးစစ်ဆင်တာလည်းဖြစ်ပါတယ်။

KIAဟာ ၂၀၂၄ မတ်လက စတင်ခဲ့တဲ့ စစ်ဆင်ရေးမှာ ကချင်ပြည်နယ်က စစ်ကောင်စီတပ်စခန်းရာချီနဲ့ မြို့တွေကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်က KIA သိမ်းထားတဲ့ နေရာတွေ ပြန်သိမ်းနိုင်တာ မရှိသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကိုရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းတွေက စစ်ရေးတင်းမာနေတဲ့ ရွှေကူနဲ့ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့အတွက် ခရီးသည်တင်ကားတွေမှာ အရပ်သားဟန်ဆောင်ပြီး အင်အားပို့ဆောင်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်က အသေခံ ဒရုန်းအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်တပ် အထိနာခဲ့ပြီး လက်ကျန်တပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ ထပ်မံ တိုက်ခိုက်မှုရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ​ရွှေဘိုခရိုင်တပ်ရင်း ၂၄ ကဒီကနေ့ (မေလ ၂၄)မှာ ထပ်မံ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာတိုက်ပွဲတွေ ဆက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သတင်းဖော်ပြထားပြီး စစ်တပ်က နေ့စဉ် လေယာဉ်နဲ့ စားနပ်ရိက္ခာတွေ ချပေးနေရတယ်လို့ ဖော်ပြထားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ ညပိုင်းမှာ ပြောပါတယ်။