Connect with us

Hi, what are you looking for?

သတင်း

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ ပစ်တဲ့ လက်နက်ကြီးကျည်ကြောင့် မြစ်ကြီးနားမြို့ခံ ၁ဦးသေဆုံး

မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေပစ်တဲ့ လက်နက်ကြီးကျည်က လူနေရပ်ကွက်ထဲကိုကျလို့ အရပ်သား ၁ဦးသေဆုံးသွားပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာနဲ့ လေဆိပ်အနီးဝန်းကျင်ကို Google map မှ တွေ့ရစဥ်

ဒီဇင်ဘာ-၂၇၊ ၂၀၂၅။ ဇော်ရမ်း/People’s Spring

မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေပစ်တဲ့ လက်နက်ကြီးကျည်က လူနေရပ်ကွက်ထဲကိုကျလို့ အရပ်သား ၁ဦးသေဆုံးသွားပါတယ်။

မနေ့က ဒီ‌ဇင်ဘာ ၂၆ရက် မနက်ပိုင်းမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကနေ စစ်ကောင်စီက လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

“မနေ့က ၁၀မိနစ်၁ခါ၊ ၁၅မိနစ်၁ခါ လက်နက်ကြီးပစ်တာ။ တစ်လုံးကရွှေအိုက်ရပ်ကွက်ထဲကို ကျတာ။ အမျိုးသားတစ်ယောက် သေဆုံးတာပါ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြစ်ကြီးနားမြို့၊ မော်ဖောင်းရပ်ကွက်၊ နမ့်ပေါင်ရွာမှာရှိတဲ့လေတပ်ဝင်းဟာ ဒီဇင်ဘာ ၂၅ရက်နဲ့ ၂၆ရက်မှာ ရှော့တိုက်ဒုန်းနဲ့ ၂ရက်ဆက်တိုက်ခိုက်ခံရပါတယ်။ တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီနေ့မှာတော့ မြစ်ကြီးနားမြို့ပေါ်မှာ ပစ်ခတ်သံတွေငြိမ်သက်နေပြီး စစ်ကောင်စီလှည့်ကင်းကားအများအပြားသွားလာနေတယ် ဒေသခံတွေကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အောက်တိုဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်လက်နက်ခဲယမ်းနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နစ်မြုပ်သင်္ဘောအချို့မှာ ပါတဲ့ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ကြီးတွေကို ဆယ်ယူနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ရုပ်သံမှတ်တမ်းပြသ အသိပေးပါတယ်။ စစ်သင်္ဘောတွေဟာ စက်တင်ဘာလဆန်းမှာ ရွှေကူကနေ...

သတင်း

ကရင်ပြည်နယ်၊ကျုံဒိုးမြိုနယ်ထဲကကျေးရွာတွေကိုအာဏာသိမ်းစစ်တပ်ကလက်နက်ကြီးနဲ့ ပြီးခဲ့တဲ့လပိုင်းကပစ်ခတ်တာကြောင့်ဒေသခံသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးသေဆုံးပြီး လူငယ်တစ်ဦးလည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး( KNU ) ကအောက်တိုဘာလ ၂ ရက်မှာသတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်လို့ ကလေးငယ် ၁ဦး သေဆုံးကာ အရပ်သားအချို့ ဒဏ်ရာရခဲ့ပါတယ်။

Trending

Facebook