Connect with us

Hi, what are you looking for?

သတင်း

ကသာမြို့တိုက်ပွဲမှာ စစ်တပ်အဓိကစခန်းတစ်ခုကို တော်လှန်ရေးတပ်တွေသိမ်းယူ

တိုက်ပွဲပြင်းထန်နေတဲ့ကသာမြို့မှာ စစ်တပ်ရဲ့အဓိကစခန်းတစ်ခုကို တော်လှန်ရေးတပ်တွေကသိမ်းယူထားပြီး စစ်ကောင်စီက မြို့ခံတွေကို ထွက်ခွင့်မပေးဘဲ လူသားဒိုင်းလုပ်ထားတယ်လို့ သတင်းရရှိပါတယ်။

ကသာ PDF တပ်ဖွဲ့ဝင်အချို့ (ပုံ​ဟောင်း)

■စစ်တပ်က မြို့ခံတွေကို ထွက်ခွင့်မပေးဘဲ လူသားဒိုင်းလုပ်​နေ

ဒီဇင်ဘာ-၂၉၊၂၀၂၅။ကဖေး၊ရှိန်း/People’s Spring

တိုက်ပွဲပြင်းထန်နေတဲ့ကသာမြို့မှာ စစ်တပ်ရဲ့အဓိကစခန်းတစ်ခုကို တော်လှန်ရေးတပ်တွေကသိမ်းယူထားပြီး စစ်ကောင်စီက မြို့ခံတွေကို ထွက်ခွင့်မပေးဘဲ လူသားဒိုင်းလုပ်ထားတယ်လို့ သတင်းရရှိပါတယ်။

ကသာမြို့က စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ဒီဇင်ဘာလ၂၈ရက်မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာလ၂၉ရက်မနက်ပိုင်းမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာပြီး စစ်ကောင်စီက မြို့ခံတွေကိုပိတ်ဆို့ထားတယ်လို့ သတင်းရရှိပါတယ်။

Public Service Announcement

Public Service Announcement

“စခတွေက မြို့ကို ပိတ်လိုက်တယ်။စခတွေမရှိတဲ့ ထွက်ပေါက်က မြစ်ဆိပ်ဘက်မှာ။ အဲဒီကနေထွက်ရင်လည်း လေယာဉ်လာရင်ပတ်ကြဲမှာမို့လို့ အန္တ

ရာယ်များတယ်” လို့ မြို့ခံတစ်ဦးကပြောပါတယ်။

စစ်တပ်က အမှတ်(၃၀၉)​ခြေမြန်တပ်ရင်း(ခမရ-

၃၀၉)တပ်ရင်းထဲကနေ လက်နက်ကြီးတွေနဲ့ပစ်နေပြီး ညောင်ခြေထောက်ရွာအပါအဝင် ကသာမြို့ပတ်ဝန်းကျင်ကရွာတွေ လက်နက်ကြီးနဲ့ လေ

ကြောင်းအန္တရာယ်သတိပြုကြဖို့ ဒေသခံတွေကသတိပေးနေကြပါတယ်။

ကသာမြို့ပေါ်မှာရပ်ကွက်၁၁ ခုရှိပြီး ကျေးရွာ ၂၀၀ နီးပါး ရှိပါတယ်။ စစ်တပ်က မြို့ပေါ်ရပ်ကွက်တွေကိုသာထိန်းချုပ်ထားနိုင်ပြီး ရွာတွေအားလုံးနီးပါးကို ကာကွယ်ရေးတပ်ဖွဲ့တွေက ၂၀၂၃ခုနှစ်ကတည်းကထိန်းချုပ်ထားတာဖြစ်ပါတယ်။

မနေ့က(ဒီဇင်ဘာ၂၈) ရွေးကောက်ပွဲ ပြုလုပ်တဲ့နေ့မှာ မြို့ပေါ်ရပ်ကွက်အချို့မှာ စစ်ကောင်စီကရွေးကောက်ပွဲပြုလုပ်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ကာ

ကွယ်ရေးတပ်ဖွဲ့တွေက မြို့ပေါ်ကစစ်ကောင်တွေစခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့တိုက်ပွဲမှာ ရပ်ကွက်(၅)နဲ့ ရပ်ကွက်(၈)အတွင်း ထိပ်တိုက်ရင်ဆိုင်တ်ိုက်ပွဲဖြစ်ပွားခဲ့သလို နေအ်ိမ်အချို့မီးလောင်နေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အရေးကြီး စခန်းကုန်းတခုကို တော်လှန်ရေးတပ်တွေသိမ်းယူထားပြီး ခမရ-၃၀၉ တပ်ရင်းအနီးတိုက်ပွဲ တွေဖြစ်နေတယ်လို့ မြေပြင် ဒေသတွင်းက စစ်ရေးသတင်းရင်မြစ်တွေဆီက သိရပါတယ်။

“စီးမိထားတဲ့ အရေးကြီးနေရာတခုရှိတယ်။မနေ့ညက အဲဒီ နေရာကိုရလိုက်ပြီ။အဲဒါက ကသာမှာအဓိက နေရာပဲ”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

လက်ရှိမှာမြို့အဝင် နဲ့ တမိုင်ခန့် ဝေးတဲ့ ခမရ-၃၀၉ကို ပြည်သူကာကွယ်ရဲဘော်တွေကတိုက်ခိုက်နေပြီး တိုက်ပွဲတွေဖြစ် နေတယ်လို့ ဆိုပါတယ်။

စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ တွေရှိနေပြီး မြို့တွင်းရပ်ကွက်တွေထဲကျတာ လူနေအိမ်မီး လောင်မှု တွေလည်းရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေကြတဲ့ပြည်သူ တွေလည်းရှိပြီး မြို့ပေါ်ကပြည်သူအများစုကတော့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မရှောင်ကြဘူးလို့ သိရပါတယ်။ မြို့ပေါ်မှာရှိနေသူတွေအနေနဲ့ အိမ်အောက်ထပ်တွေနဲ့ ဗုံးခိုကျင်းလိုလုံခြုံတဲ့နေရာတွေမှာနေထိုင်ကြဖို့ ဒေသခံတွေအချင်းချင်းသတိပေးနေကြပါတယ်။

ဒီဇင်ဘာ၂၈ က ပြုလုပ်နေတဲ့ရွေးကောက်ပွဲနေ့မှာ စစ်ကိုင်းတိုင်းထဲက ဘုတလင်၊ကသာနဲ့ အရာတော်မြို့နယ်တွေထဲကစစ်တပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဘုတလင်နဲ့အရာ တော်မြို့ကတိုက်ပွဲမှာလည်း စစ်တပ်စခန်းတွေကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး ကာကွယ်ရဲဘော်တွေက ပြန်လည်ဆုတ်ခွာခဲ့ကြပေမယ့် ကသာမြို့မှာတော့ တိုက်ပွဲတွေဆက်ဖြစ်နေတာဖြစ်ပါတယ်။

ကသာမြို့ဟာ ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းနယ်စပ်မှာ ရေလမ်းရော ကုန်းလမ်းပါ ဆက်စပ်

တည်ရှိပြီး ရှမ်းပြည်နယ်နဲ့လည်း ထိစပ်ဆက်နေ တာကြောင့် စစ်ရေးအရအချက်အချာကျတဲ့ဒေသဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထီးချိုင့် - ကသာလမ်းပိုင်းမှာ အမျိုးသမီးနဲ့ ကုန်ကားမောင်းသူတွေ အပါအဝင် ၆ ဦး ပျောက်ဆုံးနေပြီး ဒီကနေ့ ဇွန်လ ၁၅ရက်အထိ သတင်းမရသေးဘူးလို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။

သတင်း

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတိုက်ပွဲဖြစ်ပွားနေတဲ့လမ်းပိုင်းနေရာတွေအသုံးမပြုဖို့ ကသာခရိုင် ထုတ်ပြန်

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်မှာ စစ်တပ်က အရပ်သားပြည်သူတွေကို လူသားဒိုင်းလုပ်ပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မေ -၁၆၊၂၀၂၆။မိုမို/People’s Spring တကောင်း၊ ထီးချိုင့်၊ အင်းတော်နဲ့ ကသာ စစ်ဆင်ရေးနယ်မြေတွေအတွင်း ဝင်ရောက်လာတဲ့ စစ်တပ်ကို FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒီကနေ့ မေလ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေနဲ့...