Connect with us

Hi, what are you looking for?

LuduNwayOo

News

ဆန္ဒပြသူများအား အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းသည့် စစ်ကောင်စီလုပ်ရပ် အရေးယူနိုင်ရေး နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်နေဟု CRPH ထုတ်ပြန်

ပန်းပင်ကြီးလမ်းပေါ်၌ ငြိမ်းချမ်းစွာဆန္ဒပြချီတက်လာသော စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် စစ်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူမဆန်စွာကားဖြင့် ဝင်တိုက်ပြီး ပစ်ခတ်ဖြိုခွင်းခဲ့၍ ဆန္ဒပြလူငယ် ငါးဦးသေဆုံးခဲ့ပြီး အနည်းဆုံး ၁၅ ဦးခန့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်ဟု ဆိုသည်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများအား ကားဖြင့်ဝင်တိုက်ပြီး ပစ်ခတ်ဖြိုခွင်းခဲ့သည့် စစ်ကောင်စီ၏ လူမဆန်သော ရာဇဝတ်မှု ကျူးလွန်သည့်လုပ်ရပ်အပေါ် လိုအပ်သည့် အရေးယူမှု လုပ်ဆောင်နိုင်ရေး နိုင်ငံတကာ အသိုက်အဝန်းနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ထုတ်ပြန်သည်။

ယနေ့( ဒီဇင်ဘာ ၅ရက်)နံနက်က ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းပေါ်တွင် ကျူးလွန်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လူမဆန်သော အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ CRPHက ယနေ့ညပိုင်းတွင် သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

ပန်းပင်ကြီးလမ်းပေါ်၌ ငြိမ်းချမ်းစွာဆန္ဒပြချီတက်လာသော စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် စစ်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူမဆန်စွာကားဖြင့် ဝင်တိုက်ပြီး ပစ်ခတ်ဖြိုခွင်းခဲ့၍ ဆန္ဒပြလူငယ် ငါးဦးသေဆုံးခဲ့ပြီး အနည်းဆုံး ၁၅ ဦးခန့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်ဟု ဆိုသည်။

အဆိုပါအကြမ်းဖက်မှု၌ အများအပြားပြင်းထန်သော ဒဏ်ရာရရှိခဲ့ပြီး ရိုက်နှက်ခြင်း၊ ခြေထောက်ဖြင့် ကန်ကျောက်ခြင်း၊ သေနတ်ဒင်ဖြင့် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ဆေးကုသခွင့် မရရှိဘဲ စစ်ကြောရေးစခန်းများသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် လူမဆန်သော ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူလူထု တစ်ရပ်လုံးနှင့်ထပ်တူ များစွာဝမ်းနည်းကြေကွဲကြောင်းလည်း CRPHက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

လွတ်လပ်စွာစုဝေးခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်တို့သည် နိုင်ငံသားတို့၏ အခြေခံအခွင့် အရေးတစ်ရပ်ဖြစ်ပြီး ယခုကဲ့သို့ အပြစ်မဲ့သော ငြိမ်းချမ်းစွာဆန္ဒပြသူများအား ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် ဆောင်ရွက်နေခြင်းသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း )ပါ ပြဌာန်းချက်များကို လိုက်နာမှုမရှိဘဲ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

ယခုကဲ့သို့သော လူမဆန်သော ရာဇဝတ်မှုများကို နေ့စဉ်ရက်ဆက် ကျူးလွန်နေကြသည့် အကြမ်းဖက်စစ်ကောင်စီနှင့်လက်ပါးစေများအား ပြင်းပြင်းထန်ထန် ရှုံ့ချပါကြောင်းနှင့် ၎င်းတို့အား သံတမန်ရေးနည်းလမ်းအပါအဝင် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများပြုလုပ်နိုင်ရေး ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့် ဆက်သွယ်ဆောင်ရွက်လျက် ရှိကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။