Connect with us

Hi, what are you looking for?

သတင်း

ဘင်္ဂလားဒေ့ရှ်အစိုးရ နဲ့ AA တာဝန်ရှိသူ​တွေ​ ​နယ်စပ်လုံခြုံ​ရေးဆွေး​နွေး

နယ်စပ်မှာ ARSA တပ်ဖွဲ့တွေ ‌ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက်နှစ်နိုင်ငံနယ်စပ်လုံခြုံရေးအတွက် အာရက္ခတပ်တော်(AA) တာဝန်ရှိသူအချို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူတွေကတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဇန်နဝါရီ-၁၃၊၂၀၂၆။အိမ်သွင်/People’s Spring

နယ်စပ်မှာ ARSA တပ်ဖွဲ့တွေ ‌ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက်နှစ်နိုင်ငံနယ်စပ်လုံခြုံရေးအတွက် အာရက္ခတပ်တော်(AA) တာဝန်ရှိသူအချို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူတွေကတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဇန်နဝါရီလ ၁၃ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး ၂၀၂၅ နှစ်လယ်ပိုင်းက တွေ့ဆုံပြီးတဲ့နောက် ပထမဆုံးအကြိမ် ပြန်တွေ့တာလို့ ရခိုင်သတင်းရင်းမြစ်ကပြောပါတယ်။

“နယ်စပ်တည်ငြိမ်ရေးအလေးထားဖို့ ခေါ်ပြောတာ” လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီလ၁၁ရက်မနက်ပိုင်းကဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကနေ မောင်တောမြို့နယ်ထဲကို ဝင်လာတဲ့ ARSA တပ်ဖွဲ့တွေနဲ့ အာရက္ခတပ်တော်(AA)တိုက်
ပွဲဖြစ်ပွားခဲ့ပါတယ်။ အရပ်ဝတ်တွေလည်းပါတဲ့ ARSA တပ်ဖွဲ့ဝင်တွေဟာ နယ်စပ်ကို ဝင်လာပြီး စတင်တိုက်ခိုက်တာလို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။AAလုံခြုံရေးတပ်တွေက တားဆီးတိုက်ခိုက်ချိန်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်
ပြေးသွားတယ်လို့ ဆိုပါတယ်။

ထွက်ပြေးသွားတဲ့ ARSA အဖွဲ့တွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြား‌စောင့်တပ်(BGB) က ဖမ်းဆီးသွားပြီး ၅၂ဦးကို ထောင်ဒဏ်ချမှတ်ခဲ့တယ်လို့လည်း သတင်းရရှိပါတယ်။

ဇန်နဝါရီလ၁၁ရက်ကဖြစ်ပွားတဲ့တိုက်ပွဲမှာ မောင်တောမြို့နယ် နတ်မြစ်တစ်ဖက်ကမ်းရှိ ဘင်္ဂလားဒေ့ရှ် တက္ကနပ်မြို့နယ်အတွင်းသို့ လက်နက်ကြီးတချို့ကျရောက် ပေါက်ကွဲခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အမျိုးသမီးငယ်တစ်ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ မြန်မာဘက်ကပဋိပက္ခတွေကိုထိန်းသိမ်းမှုဆိုပြီးတော့ စစ်ကောင်စီရဲ့ဘင်္ဂလားဒေ့ရှ်ဆိုင်ရာမြန်မာသံအမတ်ကိုလည်းဘင်္ဂလား ဒေ့ရှ်အစိုးရကခေါ်ယူသတိပေးခဲ့တယ်လို့ သ
တင်းရရှိပါတယ်။

ရခိုင်ပြည်နယ်မှာ၁၇မြို့နယ်ရှိတာမှာအာရက္ခတပ်​တော်က ၁၄ မြို့နယ်ကသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ် ။စစ်​တွေ ၊​ကျောက်ဖြူ ၊မာန်​အောင်မြို့နယ်​တို့ကိုပဲ AA မသိမ်းပိုက်ရ​သေးတာဖြစ်ပြီး ဒီရက်ပိုင်းမှာ ​ကျောက်ဖြူနဲ့ စစ်​တွေမြို့
နယ်​တွေမှာ AA ထိုးစစ်အရှိန်မြင့်လာပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မှာ ခြေကုပ်ရယူပြီး နယ်စပ်တလျှောက်စိမ့်ဝင်နေတဲ့ ARSA ၊ RSO အဖွဲ့တွေက မွတ်ဆလင်မဟုတ်တဲ့ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေရှိနေပြီး လုံခြုံရေးသတိပြုနေထိုင်ကြဖို့ AAက သတိပေးထားပါတယ်။။ အကြမ်းဖက်မှုကို ကာကွယ်ဖို့ လုံခြုံရေးတိုးမြှင့်သွားမှာဖြစ်ပြီး ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်
စပ်ဒေသနေ ပြည်သူတွေပူးပေါင်းပါဝင်ကြဖို့ AA
က ၂၀၂၅ စက်တင်ဘာ ၁၉ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။