Connect with us

Hi, what are you looking for?

သတင်း

ကသာမြို့ပေါ် မှာ ဖုန်းလိုင်း​တွေပြတ်၊ ရပ်ကွက် ၈ မှာမီးလောင်

စစ်ကိုင်းတိုင်း၊ ကသာမြို့ပေါ်မှာ ဖုန်းလိုင်းပြတ်တောက်သွားပြီး မနေ့က ရှော့တိုက်ဒုံးကျကာ မီးလောင်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ-၁၄၊ ၂၀၂၆။ ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ ကသာမြို့ပေါ်မှာ ဖုန်းလိုင်းပြတ်တောက်သွားပြီး မနေ့က ရှော့တိုက်ဒုံးကျကာ မီးလောင်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၃ရက်က စတင်ကာ ဖုန်းလိုင်းတွေ ပြတ်တောက်သွားတာလို့ သိရပါတယ်။

“တာဝါတိုင်တွေ ဆီကုန်လို့ဆိုလားပဲ။ အဲတာကို ကိုင်တဲ့သူကလည်း ရှောင်နေလို့တဲ့။ ရက်ပိုင်းနေရင် ပြန်ရမယ်လို့ သိရပါတယ်”လို့ ဒေသခံတစ်ဦး က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မနေ့က ရပ်ကွက်၈မှာ ရှော့တိုက်ဒုံးကျပြီး တာရိုးတန်းအနောက်နားက နေအိမ်တချို့မီး လောင်ခဲ့တယ်လို့ သိရပါတယ်။

မြို့တွင်းမှာတော့ ဒေသခံအများစုက ရှောင်တိမ်းနေကြပြီး ပြန်ဝင်ဖို့အထိတော့ အခြေအနေ မကောင်းသေးဘူးလို့ ဒေသခံက ပြောပါတယ်။

‌မနေ့ကအထိ ဒေသခံတွေဟာ ကသာမြို့အရှေ့ဘက်ကမ်းကနေ မြို့တွင်း နေအိမ်ရှိ ပစ္စည်းတချို့ကို ဝင်သယ်ကြတယ်လို့ ဆိုပါတယ်။

မြို့တွင်းမှာတော့ မကြာခဏ ပစ်ခတ်သံနဲ့ ပေါက်ကွဲသံတချို့ကြားရပြီး သတင်းကို တိတိကျကျမသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၈ ရက်က စတင်ကာ စစ်ကိုင်းတိုင်း ကသာမြို့​ပေါ်ကာစစ်တပ်စခန်း​တွေကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးစစ်သုံ့ပန်းတွေကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကသာမြို့မှာရပ်ကွက်​ပေါင်း ၁၀ ရပ်ကွက်ရှိတာမှာ မြို့​ပေါ်​နေရာအများစုကို ​တော်လှန်​ရေးတပ်​တွေကထိန်းချုပ်ပြီး မြို့ပြင်မှာရှိတဲ့ ခမရ ၃၀၉ ကိုဝိုင်းထားခဲ့ပါတယ်။စစ်တပ်ကလည်း ခမရ ၃၀၉ မကျ​အောင်အပြင်းအထန် ဗုံးကြဲခုခံခဲ့ပါတယ်။

ဇန်နဝါရီ ဒုတိယပါတ်မှာ​တော့ ​တော်လှန်​ရေးတပ်​တွေက ခမရ ၃၀၉ ကိုဆက်လက်ထိုးစစ်မဆင်​သေးပဲ မြို့ထဲက​နေမြို့ပြင်ကိုပြန်ဆုတ်ထားပါတယ်။ မြို့ပြင်ကို​တော်လှန်​ရေးတပ်​တွေဆုတ်ထားတာဟာ စစ်တပ်က ​လေ​ကြောင်းက​နေ ဗုံးကြဲမှု​တွေ​ကြောင့် မြို့ထိခိုက်ပျက်စီးမှုသက်သာ​အောင်​တော်လှန်​ရေးတပ်​တွေကဆုတ်ထားတာဖြစ်နိုင်တယ်လို့ ​​တော်လှန်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ် ။

(ကသာမြို့ ၈ ရပ်ကွက် မီးလောင်နေစဉ်)

ဆက်စပ်သတင်းများ

သတင်း

အင်းတော်နဲ့မော်လူးမြို့နယ်ပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းမှ ဗုံးမကြာခဏကြဲနေလို့ စစ်ဘေးရှောင် တွေလုံခြုံရေးအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။

သတင်း

​ရွှေကူမြို့အနီးတိုက်ပွဲစစ်တပ် ​သေဆုံးထိခိုက်သူများ​နေ

သတင်း

စစ်ကိုင်းတိုင်းအထက်ပိုင်း နဘားလမ်းဆုံအပါအဝင် အင်းတော်နဲ့ ကသာမြို့အနီးက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးတပ်တွေက ဆက်လက်တိုက်ခိုက်နေပြီး ရွှေကူမြို့နယ်နားက တပ်စခန်းတချို့ကိုလည်းကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကသိမ်းယူလိုက်တယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့အင်းတော်မြို့နယ်အတွင်းက PDF ​တွေရဲ့ရှေ့တန်းစခန်းအချို့ကနေ ဆုတ်ခွာထားပေမယ့် ကသာမြို့အနီးက စစ်တပ်စခန်းတွေကို တိုက်ခိုက်မှုအတွင်း စစ်သားအချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ တော်လှန်ရေးတပ်တွေထံကနေသတင်းရရှိပါတယ်။