Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်ကျူးလွန်မှုတွေကို လုံး၀လက်ခံနိုင်ဖွယ်မရှိဘူးလို့ ကုလဌာနေညှိနှိုင်းရေးမှူး ထုတ်ပြန်

ဖေဖော်ဝါရီ ၁ ရက်က ဒီမိကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၁၃၀၀ ကျော်သော အမျိုးသမီး၊ ကလေးငယ်နဲ့ အမျိုးသားတွေ အသက်ဆုံးရှုံးခဲ့ရပါတယ်။

–ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းက သတ်ဖြတ်မှုတွေကို အပြင်းထန်ဆုံးပြစ်တင်ရှုံ့ချ

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟာ အခြေခံလူ့အခွင့် အရေးဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဒီဇင်ဘာ ၅ ရက်လုပ်ရပ်ကို လုံး၀လက်ခံနိုင်ဖွယ်မရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ramanathan Balakrishnan က ထုတ်ပြန်ပါတယ်။

လက်နက်မဲ့အရပ်သားတွေကို အလွန်အကျွံအင်အားသုံးခဲ့မှုအတွက် တာဝန်ရှိသူတွေဟာ တာဝန်ခံမှုရှိရမှာဖြစ်ပြီး ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်းက သတ်ဖြတ်မှုတွေအတွက် အပြင်းထန်ဆုံး ပြစ်တင်ရှုံ့ချတယ်လို့ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးက ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၅ ရက် မနက်ပိုင်းက ရန်ကုန်မြို့ ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်းမှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တဲ့ လူငယ်တွေကို အကြမ်းဖက်စစ်တပ်က ကားနဲ့ဝင်တိုက်ပြီး ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး အဲဒီတိုက်ခိုက်ခံမှုကို အလွန်အမင်းစိုးရိမ်မကင်းဖြစ်မိတယ်လို့ Ramanathan Balakrishnan က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၁ ရက်က ဒီမိကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၁၃၀၀ ကျော်သော အမျိုးသမီး၊ ကလေးငယ်နဲ့ အမျိုးသားတွေ အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဒါ့အပြင် နိုင်ငံ့အတွင်းဆက်လက်ဖြစ်ပွားနေဆဲအကြမ်း ဖက်မှုတွေကြောင့် တုန်လှုပ်နေပြီး ဖိနှိပ်မှုတွေ အဆုံး သတ်ရေး နိုင်ငံတကာအသိုင်းအဝန်းက စုစည်းညွတ်ညွတ်စွာလုပ်ဆောင်ကြဖို့တိုက် တွန်းထားတဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ စကားလုံးတွေကို ထပ်လောင်း ပြောကြားတယ်လို့ Ramanathan Balakrishnan က ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။