–ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းက သတ်ဖြတ်မှုတွေကို အပြင်းထန်ဆုံးပြစ်တင်ရှုံ့ချ
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟာ အခြေခံလူ့အခွင့် အရေးဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဒီဇင်ဘာ ၅ ရက်လုပ်ရပ်ကို လုံး၀လက်ခံနိုင်ဖွယ်မရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ramanathan Balakrishnan က ထုတ်ပြန်ပါတယ်။
လက်နက်မဲ့အရပ်သားတွေကို အလွန်အကျွံအင်အားသုံးခဲ့မှုအတွက် တာဝန်ရှိသူတွေဟာ တာဝန်ခံမှုရှိရမှာဖြစ်ပြီး ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်းက သတ်ဖြတ်မှုတွေအတွက် အပြင်းထန်ဆုံး ပြစ်တင်ရှုံ့ချတယ်လို့ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၅ ရက် မနက်ပိုင်းက ရန်ကုန်မြို့ ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်းမှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တဲ့ လူငယ်တွေကို အကြမ်းဖက်စစ်တပ်က ကားနဲ့ဝင်တိုက်ပြီး ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး အဲဒီတိုက်ခိုက်ခံမှုကို အလွန်အမင်းစိုးရိမ်မကင်းဖြစ်မိတယ်လို့ Ramanathan Balakrishnan က ဆိုပါတယ်။
ဖေဖော်ဝါရီ ၁ ရက်က ဒီမိကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၁၃၀၀ ကျော်သော အမျိုးသမီး၊ ကလေးငယ်နဲ့ အမျိုးသားတွေ အသက်ဆုံးရှုံးခဲ့ရပါတယ်။
ဒါ့အပြင် နိုင်ငံ့အတွင်းဆက်လက်ဖြစ်ပွားနေဆဲအကြမ်း ဖက်မှုတွေကြောင့် တုန်လှုပ်နေပြီး ဖိနှိပ်မှုတွေ အဆုံး သတ်ရေး နိုင်ငံတကာအသိုင်းအဝန်းက စုစည်းညွတ်ညွတ်စွာလုပ်ဆောင်ကြဖို့တိုက် တွန်းထားတဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ စကားလုံးတွေကို ထပ်လောင်း ပြောကြားတယ်လို့ Ramanathan Balakrishnan က ထုတ်ပြန်ပါတယ်။
