Connect with us

Hi, what are you looking for?

သတင်း

ဆန္ဒပြပွဲတွေမှာ လူထောင်နဲ့ချီ သေဆုံးခဲ့ကြောင်း အီရန် အစိုးရခေါင်းဆောင် ဝန်ခံ

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ လူထောင်နဲ့ချီ သေဆုံးခဲ့ကြောင်း အီရန် အစိုးရ ခေါင်းဆောင်က ဝန်ခံခဲ့ပါတယ်။

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ လူထောင်နဲ့ချီ သေဆုံးခဲ့ကြောင်း အီရန် အစိုးရ ခေါင်းဆောင်က ဝန်ခံခဲ့ပါတယ်။

ဒါဟာ အာဏာပိုင်တွေရဲ့ ကြမ်းတမ်းလှတဲ့ သွေးထွက်သံယို ဖြိုခွင်းမှုတွေအပေါ် ပထမဆုံးအကြိမ် အီရန် အဓိပတိ အယာတိုလာ အလီ ခါမေနီက အသိအမှတ်ပြုလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။ တချို့သေဆုံးမှုတွေဟာ လူမဆန်ဘဲ ရက်စက်လှတဲ့ သတ်ဖြတ်မှုတွေကြောင့် ဖြစ်တယ်လို့ ခါမေနီက ဆိုပါတယ်။

သူက ဆန္ဒပြသူ အများအပြား သေဆုံးရခြင်းရဲ့ နောက်ကွယ်မှာ အမေရိကန်က သွေးထိုးမြှောက်ပင့်ပေးခဲ့မှုက အဓိက ကျခဲ့ကြောင်းလည်း အပြစ်တင်သွားခဲ့ပါတယ်။

ဒီဇင်ဘာ လကုန်ပိုင်းတုန်းက နိုင်ငံရဲ့ ရီယယ်ငွေကြေး တန်ဖိုး ကျဆင်းမှုကို အကြောင်းပြုပြီး စတင်လာတဲ့ ဆန္ဒပြပွဲတွေဟာ နောက်ပိုင်းမှာတော့ အစိုးရ ဆန့်ကျင်ရေး လူထုအုံကြွမှုကြီးအဖြစ် တစ်နိုင်ငံလုံးကို ကူးစက်သွားပါတယ်။

Public Service Announcement

Public Service Announcement

အီရန်အစိုးရရဲ့ လက်ကိုင်တုတ် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့တာကြောင့် အနည်းဆုံး လူ ၃၀၉၀ လောက် သေဆုံးခဲ့ကြောင်း အမေရိကန် အခြေစိုက် အီရန် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှု သတင်းဌာန (HRANA)က ဖော်ပြခဲ့ပါတယ်။

အခုသီတင်းပတ်ကုန်မှာတော့ အစိုးရရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် ဆန္ဒပြပွဲတွေ သိသိသာသာ အရှိန်လျော့ကျသွားပြီး အခြေအနေ ပြန်တည်ငြိမ်စ ပြုလုပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန် ပြည်သူတွေကို ဆက်ပြီး ဆန္ဒပြဖို့ တိုက်တွန်းခဲ့သလို အီရန်က အကြမ်းဖက် နှိမ်နင်းမှုတွေ လုပ်နေမယ်ဆိုရင် ပြည်သူတွေကို ကာကွယ်ဖို့ အမေရိကန်က စစ်ရေးအရ စွက်ဖက် အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်ဟာ အီရန်မှာ စစ်ဆင်ရေးတစ်ခု ဆင်နွှဲတော့မယ်ဆိုတဲ့ သတင်းတွေသာ ထွက်ခဲ့ပြီး လက်တွေ့ တိုက်ခိုက်မှုတော့ မရှိခဲ့ပါဘူး။ ခါမေနီက အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်မှာ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေ၊ ထောင်နဲ့ချီတဲ့ သေကြေမှုတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့ ဇန်နဝါရီ ၁၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာ အမေရိကန် သမ္မတဟာ ပျက်စီးမှုနဲ့ သေဆုံးမှုတွေကို အဓိက ဖြစ်ပွားစေတဲ့ ရာဇဝတ်ကောင်လို့ မှတ်ယူကြောင်း၊ သူ့ရဲ့ သွားပုပ်လေလွင့် ပြောစကားတွေက အီရန်ကို ထိခိုက် နစ်နာစေခဲ့ကြောင်း ခါမေနီက ဆိုပါတယ်။

ဆန္ဒပြပွဲတွေ စတင်လာချိန် ကတည်းက အီရန်အစိုးရဟာ အဲဒီ ဆန္ဒပြပွဲတွေကို အီရန်ရဲ့ ရန်သူတွေက သွေးထိုး မြှောက်ပင့်ပေးနေတဲ့ ဆူပူအုံကြွမှုတွေအဖြစ် စွပ်စွဲ ရှုတ်ချခဲ့ပါတယ်။

ကိုးကား: BBC
ဓာတ်ပုံ: BBC

𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴https://www.facebook.com/LuduNwayOo/subscribe/
𝗬𝗼𝘂𝗧𝘂𝗯𝗲 – https://www.youtube.com/@peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 – https://www.facebook.com/LuduNwayOo/
𝗪𝗲𝗯𝘀𝗶𝘁𝗲 – https://www.ludunwayoo.com/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 – https://t.me/peoplespring

ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် စစ်သားတွေကို သုတ်သင်ပေးရင်၊ ဒါမှမဟုတ် ဖမ်းဆီးပေးရင် ဒေါ်လာ ၃ သောင်း ချီးမြှင့်မယ်လို့ အီရန်က ဆုငွေထုတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အမေရိကန် ပိုင်နက်အဖြစ် မကြာခင် ကြေညာသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်က ကြားဖြတ် တိုက်ခိုက်လာနိုင်ခြေကို စိုးရိမ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ တိတ်တိတ်လေး လေယာဉ်ပြောင်းစီးခဲ့ရကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

နိုင်ငံတကာ

အီရန်ကျူးလွန်ခဲ့တဲ့ ကိစ္စတွေ၊ ဖန်တီးခဲ့တဲ့ စစ်ပွဲတွေမှာ ထိခိုက်နာကျင်ခဲ့ရတဲ့၊ သေဆုံးခဲ့ရသူ တစ်ဦးချင်းစီအတွက် အီရန် အစိုးရက နစ်နာကြေး ပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တောင်းဆိုလိုက်ပါတယ်။