Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်မြို့ကို စစ်တပ်က လေကြောင်းရာနဲ့ချီ တိုက်ခိုက်နေ

စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့ကို ပြန်ရဖို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ရာနဲ့ချီ လုပ်နေတယ်လို့ မြေပြင်ရဲဘော်တွေနဲ့ ဒေသတွင်းသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

ဇန်နဝါရီ-၂၃၊၂၀၂၆။ဇော်ဝင်း /People’s Spring

စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့ကို ပြန်ရဖို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ရာနဲ့ချီ လုပ်နေတယ်လို့ မြေပြင်ရဲဘော်တွေနဲ့ ဒေသတွင်းသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

အခု ဇန်နဝါရီတတိယပတ်က ဗန်းမောက်မြို့ကို စစ်တပ်က ပြန်ထိုးစစ်ခဲ့ပြီးတဲ့နောက် မြို့ပေါ် ရပ်ကွက်နှစ်ခု ကိုပြန်ရပြီး တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

“လေကြောင်းကနေ လာကြဲတာ ၁၀၀(အကြိမ်ရေ) တော့အနည်းဆုံးပေါ့။ဗုံးကြဲတော့အိမ်တွေ ပြာကျတယ်။ကိုယ့်ဘက်က အထိတော့ရှားပါတယ်”လို့ ဗန်းမောက်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့ ဗန်းမောက်မြို့ထိုးစစ်မှာ ရှမ်းနီပြည်သူ့စစ်အပြင် စစ်တပ်ရဲ့တပ်မ(၃၃)နဲ့ တပ်မ (၇၇)တက်ရင်းတွေပါတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ ဗန်းမောက်မြို့ကို နှစ်ပိုင်းခွဲပြီး စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ တွေက ရယူထားတယ်လို့ ဗန်းမောက်မြို့မြေပြင် အခြေအနေကို သိရှိတဲ့စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။

“အနောက်ခြမ်းနဲ့ အရှေ့ခြမ်း တဝက်စီ အနေအထားပဲ။လေကြောင်းကတော့ နေ့တိုင်းလာပစ်တယ်”လို့ သူက ပြောပါတယ်။

ကနဦးသတင်းတွေအရ ဗန်းမောက်မြို့ရဲ့ လွှစင်ကုန်း၊မြနန္ဒာ၊မြို့မနဲ့ အောင်သာကုန်း ရပ် ကွက် လေးခုထဲက မြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ လွှစင်ကုန်း နဲ့ မြန န္ဒာရပ်ကွက်တွေကို စစ်အုပ်စုပြန်ရသွားတာလို့ သိရပါတယ်။

ဗန်းမောက်မြို့ပြန်ကို ရဖို့ စစ်တပ်က မြို့ အနောက်ဘက်ခြမ်းကနေ အကြိမ်ကြိမ်ထိုးစစ်ဆင်ခဲ့မှုတွေမှာထိခိုက်မှုတွေ များတာကြောင့် စစ်ကြောင်းတစ်ခု အစားထိုးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် စစ်တပ်ရဲ့ တပ်မ နှစ်ခုလက်အောက်ခံတပ်ရင်းတွေကို အားဖြည့်ပြီးတဲ့နောက် အခု ဇန်နဝါရီ ၁၅ ရက်ကစပြီး ဗန်းမောက်မြို့တွင်းကို ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

ဗန်းမောက်မြို့ကိုအမှတ်(၁)စစ်ဒေသကွပ်ကဲမှုနဲ့ ပြီးခဲ့တဲ့ လွန်ခဲ့တဲ့ လေးလ ( ၂၀၂၅ စက်တင်ဘာ ၂၀ရက်)က သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဗန်းမောက်မြို့နယ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက် တပ်ရင်း၊တပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အင်းတော်၊ မော်လူး နဲ့ ပင်လည်ဘူးမြို့အနီးမှာရှိပါတယ်။ကားလမ်းအတိုင်းဆိုပါက အင်းတော်နဲ့ မိုင် (၃၀)မော်လူး မိုင် (၅၀)နဲ့ ပင်လည်ဘူးမြို့နဲ့ (၆၁)မိုင် ဝန်းကျင်သာကွာဝေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်