Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အဂတိအမှုအတွက် တောင်ကိုရီးယား သမ္မတကတော်ဟောင်း ထောင်ဒဏ် လပေါင်း ၂၀ ချမှတ်ခံရ

တောင်ကိုရီးယား သမ္မတကတော်ဟောင်း ကင်မ်ကွမ်ဟီးဟာ အဂတိမှုအတွက် ထောင်ဒဏ် လပေါင်း ၂၀ ချမှတ်ခြင်း ခံခဲ့ရကြောင်း သိရပါတယ်။

တောင်ကိုရီးယား သမ္မတကတော်ဟောင်း ကင်မ်ကွမ်ဟီးဟာ အဂတိမှုအတွက် ထောင်ဒဏ် လပေါင်း ၂၀ ချမှတ်ခြင်း ခံခဲ့ရကြောင်း သိရပါတယ်။

ခင်ပွန်းဖြစ်သူ သမ္မတဟောင်း ယွန်ဆွတ်ခ်ယောက နိုင်ငံမှာ ဒီမိုကရေစီ အုပ်ချုပ်မှုကို ရပ်တန့်ပြီး အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တဲ့ လုပ်ရပ်အတွက် ပုန်ကန်မှု စွပ်စွဲချက်အတွက် အမှုရင်ဆိုင် နေရချိန်မှာ ကင်မ်က အခုလို ထောင်ဒဏ် ချမှတ် ခံခဲ့ရတာ ဖြစ်ပါတယ်။

ကင်မ်ဟာ နိုင်ငံရေးအရ မျက်နှာသာ ရစေမယ်ဆိုတဲ့ ကတိမျိုးနဲ့အတူ ဘာသာရေး ခေါင်းဆောင် တစ်ဦးဆီကနေ စိန်လည်ဆွဲ၊ Chanel လက်ကိုင်အိတ်လို အဖိုးတန် ပစ္စည်းတွေ လာဘ်ယူခဲ့ကြောင်း ပြစ်မှုထင်ရှားတဲ့အတွက် ဇန်နဝါရီ ၂၈ ရက်နေ့မှာ ဆိုးလ်အလယ်ပိုင်းခရိုင် တရားရုံးက သူ့ကို အခုလို စီရင်ချက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတကတော် အနေနဲ့ ခင်ပွန်းသည်ကို အနီးကပ် နားဝင်အောင် စည်းရုံးနိုင်သလို ပြည်သူတွေအတွက် ကိုယ်စားပြု ပုံရိပ်တစ်ခုလည်း ဖြစ်ခဲ့သင့်ကြောင်း၊ အဲဒီအစား ကင်မ်ဟာ သူ့ရဲ့ နေရာကို မလျော်ဩဇာနဲ့ အသုံးပြုပြီး ကိုယ်ကျိုးရှာခဲ့ကြောင်း တရားသူကြီးက ဝေဖန် ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကင်မ်က ပြစ်ဒဏ်ကို လေးလေးစားစား ခံယူမှာဖြစ်ပြီး ထိခိုက်နစ်နာခဲ့သူ အားလုံးကို ထပ်မံ တောင်းပန်လိုပါကြောင်း ပြောကြားသွားပါတယ်။

သမ္မတဟောင်း ယွန်နဲ့ ကင်မ်တို့ဟာ လနဲ့ချီ သီးခြားခွဲပြီး ချုပ်နှောင်ခံထားကြရပါတယ်။ ယွန်းဟာ ၂၀၂၄၊ ဒီဇင်ဘာ လဆန်းပိုင်းတုန်းက သက်တမ်း ၆ နာရီကျော်သာ ခံခဲ့တဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့မှုကြောင့် ကြီးမားပြင်းထန်တဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ယွန်ဟာ အဲဒီကိစ္စနဲ့ ဆက်စပ်လို့ အာဏာပိုင်တွေက ထိန်းသိမ်းဖို့ ကြိုးစားခဲ့တာကို ဖီဆန်မှုအတွက် လဆန်းပိုင်းမှာ ထောင်ဒဏ် ၅ နှစ် ချမှတ် ခံထားရပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ပိုပြီး ပြင်းထန်ကြီးမားတဲ့ စွပ်စွဲချက်တွေအတွက် စီရင်ချက်တွေကို ယွန်က စောင့်ဆိုင်းနေရဆဲပါ။

အစိုးရ ရှေ့နေတွေက ကင်မ်ဟာ ယွန်ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ အစီအစဉ်မှာတော့ ပါဝင်ပတ်သက်မှု မရှိခဲ့ကြောင်း ပြောပါတယ်။ အစိုးရ ရှေ့နေတွေက ကင်မ်ဟာ အာဏာအလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲပြီး စွဲချက် သုံးခုအတွက် ထောင်ဒဏ် ၁၅ နှစ်ထိ ချမှတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် တရားရုံးကတော့ စွဲချက်နှစ်ခုကနေ တရားသေ လွှတ်ပေးပြီး အဂတိမှုအတွက်ပဲ ထောင်ဒဏ် လ ၂၀ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ယွန်ကို ရာထူးက ဖြုတ်ချရေးအတွက် ဦးဆောင် တောင်းဆိုပြီး လှုပ်ရှားခဲ့တဲ့ ဒီမိုကရက်တစ် ပါတီကတော့ တရားရုံး စီရင်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ကင်မ်လိုမျိုး လုပ်ပိုင်ခွင့် အလွဲသုံးစား လုပ်ခဲ့သူတွေအတွက် အလွယ်တကူ သက်သာရာ ရစေနိုင်တယ်ဆိုတဲ့ မှားယွင်းတဲ့ သတင်းစကားမျိုးကို ဖြန့်ဝေသလို ဖြစ်သွားနိုင်ကြောင်း စွပ်စွဲ ပြောဆိုထားပါတယ်။

ကိုးကား: AP

ဓာတ်ပုံ – AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။