Connect with us

Hi, what are you looking for?

News

သမ္မတနှင့်နိုင်ငံတော်အတိုင်ပင်ခံအား ပြစ်ဒဏ်ချမှတ်ခြင်းကို လက်ခံနိုင်ဖွယ်မရှိဟု အပစ်ရပ်(၁၀)ဖွဲ့ပြော

PPST အစည်းအဝေးကို ဒီဇင်ဘာ ၆ရက်နှင့် ၇ရက်တွင် ကျင်းပခဲ့ရာ ဦးဆောင်မှုအလုပ်အဖွဲ့ ခေါင်းဆောင်က အစည်းအဝေးအပြီးတွင် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

—စစ်ကောင်စီလုပ်ရပ် နိုင်ငံရေးပြဿနာများ အဖြေရှာနိုင်ရေးပို၍အလှမ်းဝေးစေဟုဆို

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချမှတ်ခြင်းအ​ပေါ် လက်ခံနိုင်ဖွယ်မရှိကြောင်း NCA လက် မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်ဆယ်ဖွဲ့ခေါင်းဆောင်များဖြင့် စုဖွဲ့ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦး ဆောင်အဖွဲ့(PPST)၏ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင်နိုင်အောင်မင်းက ပြောကြားသည်။

PPST အစည်းအဝေးကို ဒီဇင်ဘာ ၆ရက်နှင့် ၇ရက်တွင် ကျင်းပခဲ့ရာ ဦးဆောင်မှုအလုပ်အဖွဲ့ ခေါင်းဆောင်က အစည်းအဝေးအပြီးတွင် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံအားပြစ်ဒဏ်ချမှတ်သည့် စစ်ကောင်စီ၏ဆောင်ရွက်ချက်များကြောင့် နိုင်ငံရေးပြဿနာများကို အဖြေရှာနိုင်ရေအတွက် ပိုမိုအလှမ်းဝေးစေသည်ဟုယူဆကြောင်း နိုင်အောင်မင်းက ပြောသည်။

Public Service Announcement

Public Service Announcement

နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းရာတွင်တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကသာ အသင့်တော်ဆုံးဖြစ်သည်ဟု PPSTက ယုံကြည်ကြောင်း၊ သက်ဆိုင်ရာ နိုင်ငံရေးအစုအဖွဲ့များ နိုင်ငံတကာတို့နှင့် ဆွေးနွေးပြီး နည်းလမ်းရှာကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူတက်ရောက်မယ့် ညစာစားပွဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူရွေးချယ်ထားတဲ့ ဘဝမှာ စွန့်စားရတာ၊ အန္တရာယ် ကြုံတာတွေ ရှိနိုင်တာကို သိထားကြောင်း ပြောကြားခဲ့ပါတယ်။

သတင်း

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပေါ်၌သာ ဆက်လက် သစ္စာစောင့်သိနေဆဲဖြစ်ကြောင်း CDMနိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ပူးတွဲထုတ်ပြန်ခဲ့ပြီး သမ္မတ ဦးဝင်းမြင့်အနေနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး နိုင်ငံတော်အကျိုး ဆက်လက်သယ်ပိုးနိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။

သတင်း

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာခြင်းနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က သမ္မတအားကြိုဆိုနှုတ်ခွန်းဆက် သဝဏ်လွှာပေးပို့ခဲ့ရာ သမ္မတ ဦးဝင်းမြင့်အနေနဲ့ ကျန်းမာစွာ မိသားစုနဲ့ ပြန်လည်ဆုံဆည်းရတာကို ပြည်သူတွေနဲ့အတူ များစွာ ဝမ်းမြောက်ရတယ်လို့ ဖော်ပြထားပါတယ်။

သတင်း

သမ္မတ ဦးဝင်းမြင့် တောင်ငူအကျဉ်းထောင်ကနေ နေအိမ်ကို ပြန်လည်ရောက်ရှိပြီလို့ စာရေးဆရာ ဦးထင်လင်းဦးက သူရဲ့ဖေ့ဘွတ်ခ်ကနေ အသိပေးပါတယ်။