—စစ်ကောင်စီလုပ်ရပ် နိုင်ငံရေးပြဿနာများ အဖြေရှာနိုင်ရေးပို၍အလှမ်းဝေးစေဟုဆို
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချမှတ်ခြင်းအပေါ် လက်ခံနိုင်ဖွယ်မရှိကြောင်း NCA လက် မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်ဆယ်ဖွဲ့ခေါင်းဆောင်များဖြင့် စုဖွဲ့ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦး ဆောင်အဖွဲ့(PPST)၏ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင်နိုင်အောင်မင်းက ပြောကြားသည်။
PPST အစည်းအဝေးကို ဒီဇင်ဘာ ၆ရက်နှင့် ၇ရက်တွင် ကျင်းပခဲ့ရာ ဦးဆောင်မှုအလုပ်အဖွဲ့ ခေါင်းဆောင်က အစည်းအဝေးအပြီးတွင် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံအားပြစ်ဒဏ်ချမှတ်သည့် စစ်ကောင်စီ၏ဆောင်ရွက်ချက်များကြောင့် နိုင်ငံရေးပြဿနာများကို အဖြေရှာနိုင်ရေအတွက် ပိုမိုအလှမ်းဝေးစေသည်ဟုယူဆကြောင်း နိုင်အောင်မင်းက ပြောသည်။

Public Service Announcement
နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းရာတွင်တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကသာ အသင့်တော်ဆုံးဖြစ်သည်ဟု PPSTက ယုံကြည်ကြောင်း၊ သက်ဆိုင်ရာ နိုင်ငံရေးအစုအဖွဲ့များ နိုင်ငံတကာတို့နှင့် ဆွေးနွေးပြီး နည်းလမ်းရှာကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။


















































