Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်ကစက်မှုဇုန်တွေမှာမီတာတစ်ယူနစ်ကိုကျပ် ၉၀၀ နှုန်းကောက်ယူ ဖို့ရှိနေ

ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်တွေကို သဘာဝဓာတ်ငွေ့ရည် (LNG) စွမ်းအင်သုံးလျှပ်စစ်စီမံကိန်းစက်ရုံတွေကရလာတဲ့ ဓာတ်အားကို ဖြန့်ဝေရာမှာ ၂၄ နာရီလျှပ်စစ်မီးပေးပြီးတစ်ယူနစ်ကို ၉၀၀ ကျပ်နူန်းနဲ့ ကောက်ခံသွားမယ်ဆိုတာကို စစ်ကောင်စီဘက်က လုပ်ငန်းရှင်တွေ ဆီ အသိပေးလာတယ်လို့သိရပါတယ်။

ဓာတ်ပုံ - YESC

ဖေဖော်ဝါရီ – ၄ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring

ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်တွေကို သဘာဝဓာတ်ငွေ့ရည် (LNG) စွမ်းအင်သုံးလျှပ်စစ်စီမံကိန်းစက်ရုံတွေကရလာတဲ့ ဓာတ်အားကို ဖြန့်ဝေရာမှာ ၂၄ နာရီလျှပ်စစ်မီးပေးပြီးတစ်ယူနစ်ကို ၉၀၀ ကျပ်နူန်းနဲ့ ကောက်ခံသွားမယ်ဆိုတာကို စစ်ကောင်စီဘက်က လုပ်ငန်းရှင်တွေ ဆီ အသိပေးလာတယ်လို့သိရပါတယ်။

စစ်ကောင်စီရဲ့ လျှပ်စစ်ဝန်ကြီးဌာနကစက်မှုလုပ်ငန်းသုံးမီတာခတွေကို လက်ရှိမှာ တစ်ယူနစ်ကနေ ယူနစ် ၅,၀၀၀ အထိကို ၂၅၀ ကျပ်နှုန်း၊ ယူနစ် ၅,၀၀၀ ကနေ ယူနစ် ၂၀,၀၀၀ အထိကို ၄၀၀ ကျပ်နှုန်းနဲ့ ယူနစ် ၂၀,၀၀၀ အထက်ကိုတော့ ၅၀၀ ကျပ်နှုန်း ကောက်ခံနေတာပါ။

ဒါပေမယ့်LNG သုံးပြီးစက်မှုဇုန်တွေကို၂၄ နာရီမီးပေးမယ်ဆိုရင်တစ်ယူ နစ်ကို ၉၀၀ ကျပ်နှုန်းနဲ့ကောက်ခံမယ်ဆိုတာကိုစစ်ကောင်စီကလုပ်ငန်းရှင်တွေဆီအသိပေးလာတာပါ။

Public Service Announcement

Public Service Announcement

မီတာခ တိုးကောက်ရင် လုပ်ငန်းရှင်တွေက ထုတ်ကုန်ပစ္စည်းတွေအပေါ် စျေးတက်မှာဖြစ်တာကြောင့် ကုန်စျေးနှုန်းကြီးလာလိမ့်မယ်လို့ အမည်မဖော်လိုတဲ့ စက်မှုလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပေးပါတယ်။

အရင်ကလည်း စက်မှုဇုန်တွေကို တစ်ရက် ၈ နာရီ မီးပေးတာကြောင့် ကျန်တဲ့အချိန်တွေကိုတော့ မီးစက်အသုံးပြုပြီး လုပ်ငန်းလည်ပတ်နေကြတာပါ။

စက်မှုလုပ်ငန်းတွေအတွက် မီတာခတွေ တိုးမြင့်ကောက်ခံပေမယ့် အိမ်သုံး မီတာခတွေကိုတော့ အရင်အတိုင်း တစ်ယူနစ်ကနေ ၅၀ ယူနစ်အထိကို ၅၀ ကျပ်၊ ၅၁ ယူနစ်ကနေ ယူနစ်၁၀၀ ကို ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်ကနေ ၂၀၀ ယူနစ်အထိ ကို ၁၅၀ ကျပ်နဲ့ ၂၀၁ ယူနစ်နဲ့ အထက်ကိုတော့ ၃၀၀ ကျပ်နှုန်းအတိုင်း ပုံမှန်ကောက်ခံသွားမယ်လို့ သိရပါတယ်။

မီးပေးချိန်ကိုလည်း ရန်ကုန်မြို့က မြို့နယ်တွေမှာ ဖေဖော်ဝါရီ ၂ ရက်ကပြီး တစ်ရက်ကို မနက် ၉ နာရီကနေ နေ့ခင်း ၁ နာရီအထိ တစ်ကြိမ်၊ နေ့ခင်း ၁ နာရီကနေ ညနေ ၅ နာရီထိ တစ်ကြိမ် အုပ်စု ၂ ခုခွဲပြီး ၄ နာရီကြာ အလှည့်ကျ ဓာတ်အား ပြတ်တောက်မှာ ဖြစ်တယ်လို့ ရန်ကုန်လျှပ်စစ်ကော်ပိုရေးရှင်း (YESC) က အသိပေး ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

Facebook