Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ် အမှတ်(၃)လမ်းမကြီးအနီး စစ်ရေးတင်းမာနေလို့ ခရီးသွားလာမှုမလုပ်ဖို့ တော်လှန်ရေးအဖွဲ့ သတိပေး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က အမှတ်(၃)လမ်းမကြီးအနီးမှာ စစ်ရေးတင်းမာနေလို့ ခရီးသွားလာမှု ရှောင်ကြဥ်ကြဖို့ အမှတ်(၉၇၀၆)တပ်ရင်းက သတိပေးပါတယ်။

အမှတ် ၃ လမ်းအနီးတွင် တော်လှန်ရေးရဲဘော်များအား ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဥ်။ ဓါတ်ပုံ-CJ

ဖေဖော်ဝါရီ ၁၆၊ ၂ဝ၂၆။ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က အမှတ်(၃)လမ်းမကြီးအနီးမှာ စစ်ရေးတင်းမာနေလို့ ခရီးသွားလာမှု ရှောင်ကြဥ်ကြဖို့ အမှတ်(၉၇၀၆)တပ်ရင်းက သတိပေးပါတယ်။

​လက်ရှိ ဝက်လက်မြို့နယ်၊ အမှတ် (၃) လမ်းမကြီးတစ်ဝိုက်မှာ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား စစ်ရေးအခြေအနေ အထူးတင်းမာနေတာကြောင့် ပြည်သူတွေအနေနဲ့ လမ်းမကြီးတစ်လျှောက် သွားလာခြင်းကို တတ်နိုင်သမျှ ရှောင်ကြဥ်ကြဖို့ ဝက်လက်နယ်အခြေစိုက်အမှတ်(၉၇၀၆)တပ်ရင်းက ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ သတိပေးပါတယ်။

ဒါ့အပြင် ခိုင်လုံတဲ့မြေပြင်ကင်းထောက်များနဲ့ ဝေဟင်သတင်းများကို အစဉ်မပြတ် နားစွင့်ထားဖို့၊
သတင်းအခြေအနေအရ အချိန်နဲ့တပြေးညီ ဘေးလွတ်ရာ တိမ်းရှောင်နိုင်ရန် ပြင်ဆင်ထားဖို့အမှတ်(၉၇၀၆) တပ်ရင်းက လမ်းညွှန်ထားပါတယ်။

Public Service Announcement

Public Service Announcement

“ကျောက်မြောင်းဘက်ကနေလည်း လက်နက်ကြီးနဲ့ ဝက်လက်နယ် အရှေ့မြောက်ခြမ်းကို လှမ်းပစ်တာတွေရှိတယ်”လို့ ​ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဝက်လက်မြို့နယ် အရှေ့ခြမ်းကို ဖေဖော်ဝါရီဒုတိယပတ်အတွင်း စစ်ကြောင်းထိုးပြီး ဒရုန်းတွေနဲ့ဗုံးကြဲလို့ ပြည်သူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ဝက်လက်နယ်အရှေ့ခြမ်းက ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ် အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၈)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။