Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကရဲတပ်ဖွဲ့ဝင်များ၏ မိန်းမများအား စစ်သင်တန်းတက်ခိုင်း

ရဲများပြီးပါက မီးသတ်တပ်ဖွဲ့ဝင်များကိုပင် စစ်သင်တန်းတက်​စေပြီး ​ရှေ့တန်းပို့နိုင်​ကြောင်းလည်းပြည်သူတစ်ဦးကသူ၏အမြင်ကို​ပြောသည်။ “သူတို့မှာအင်အားနည်းနေပြီမီးသတ်​တွေ အလှည့်​​တောင်ရောက်လာနိုင်တယ်” ဟု၎င်းက​ပြောသည်။

အင်းတော်မြို့တွင် အကြမ်းဖက်စစ်ကောင်စီက ရဲတပ်ဖွဲ့ဝင်များ၏ မိန်းမများအား စစ်သင်တန်း စတင်ပေးနေပြီဟု Indaw Revolution-အင်း​တော်​တော်လှန်​ရေးအဖွဲ့က ဒီဇင်ဘာ ၇ ရက်တွင်ထုတ်ပြန်သည်။

အင်းတော်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၏ မိန်းမများကို ယဒီဇင်ဘာ ၆ ရက်ကစ၍ စစ်သင်တန်းပေးနေပြီဟုIndaw Revolution က လူထုအားအသိပေး ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူ့ကာကွယ်ရေးတပ်များ၏ လက်ချက်ဖြင့် သေဆုံးမှုများ နေ့စဥ် ကြုံတွေ့နေသည်။ထိုအခါ လူထုအား ဖိနှိပ်ရာ၌ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကိုပါ အသုံးပြုရန် စစ်ကောင်စီက ကြိုးပမ်းနေခြင်းဖြစ်သည်။

” ရဲမိန်းမတွေပါ သင်တန်းတက်ရတယ်လို့ ကြားနေရတယ်။ စစ်ကောင်စီမှာ လူအင်အား တိုးလာဖို့မရှိတော့ဘူး။ Non CDM တွေဘက် လှည့်လာလိမ့်မယ် စောင့်ကြည့်နေ” ဟု အင်းတော်မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်သည်နိုင်ငံတစ်ဝန်းလ​ပေါင်းများစွာစစ်ပွဲများကြုံ​တွေ့​နေခြင်း၊​နေ့စဥ်တိုက်ပွဲများတွင်စစ်​ကောင်စီတပ်ဖွဲ့ဝင်များ​သေဆုံး​နေခြင်း၊ပြည်သူ့ရင်ခွင်ခိုလှုံ​သော တပ်ဖွဲ့ဝင်များ​ထောင်​သောင်းချီရှိလာခြင်း၊ တစ်ဖက်တွင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ(PDF)နှင့်တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များ ကအင်အားပို​ကောင်းလာခြင်း၊စသည်တို့​ကြောင့် နယ်စပ်​ဒေသမှပြည်သူစစ်အဖွဲ့များကို တိုက်ပွဲများတွင်၎င်းတို့ဘက်မှတိုက်ခိုက်​​စေသလို စစ်မှုထမ်း​ဟောင်းများကိုလည်း​နေ့စားခ​ပေး၍တိုက်ခိုက်​စေသည်။သို့​သော် စစ်​ကောင်စီတပ် ​သေဆုံးမှုများပြီးတပ်သားသစ်ရရန်ခက်ခဲလာ​သောအခါ မဘသများ ၊တပ်​ထောက်ခံ​သောပြည်ခိုင်ဖြိုးပါတီဝင်များကို စစ်သင်တန်း​ပေးပြီး ပျူ​စောထီးများအဖြစ် PDF များနှင့်တိုက်ခိုက်​စေသည်။အ​ခြေအ​နေမ​ကောင်း​သောအခါ စစ်သားများ၏ ဇနီးများ မိသားစုဝင်များကိုပါစစ်သင်တန်းမဖြစ်မ​နေတက်​စေပြီး ​နောက်တန်းတွင် ကင်း​စောင့်ခိုင်ခြင်းများပြုလုပ်​နေသည်။ယခုအခါစစ်သားအပြင် ရဲများ၏မိန်းမနှင့်မိသားစုဝင်များကိုပါ စစ်သင်တန်းတက်ရန်ဖိအား​ပေးလာခြင်းဖြစ်သည်။

ရဲများပြီးပါက မီးသတ်တပ်ဖွဲ့ဝင်များကိုပင် စစ်သင်တန်းတက်​စေပြီး ​ရှေ့တန်းပို့နိုင်​ကြောင်းလည်းပြည်သူတစ်ဦးကသူ၏အမြင်ကို​ပြောသည်။ “သူတို့မှာအင်အားနည်းနေပြီမီးသတ်​တွေ အလှည့်​​တောင်ရောက်လာနိုင်တယ်” ဟု၎င်းက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

နိုင်ငံတကာ

လူပျောက်တိုင်ကြားမှုတွေကို ရဲတစ်ဦးက အမှုပိတ်သိမ်းပစ်ခဲ့တဲ့ ဖြစ်စဉ် နောက်ဆက်တွဲ အရှုပ်တော်ပုံတွေ ကြုံလာတဲ့နောက် ရဲတပ်ဖွဲ့ဆီက ပိုမိုကောင်းမွန်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမျိုးကို တောင်ကိုရီးယား သမ္မတက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook