Connect with us

Hi, what are you looking for?

သတင်း

တောင်ကြီးမှာ ဖေဖော်ဝါရီအတွင်း ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် ၅၀ကျော်ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဖေဖော်ဝါရီလအတွင်း စစ်တပ်က လူငယ် ၅၀ကျော် ပေါ်တာဆွဲဖမ်းဆီးထားတယ်လို့ TGI Support Revolution က အသိပေးပါတယ်။

(တောင်ကြီးမြို့ကို မြင်တွေ့ရစဉ်။ ဓာတ်ပုံ − CJ)

ဖေဖော်ဝါရီ-၂၀၊၂၀၂၆။တေဇ/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဖေဖော်ဝါရီလအတွင်း စစ်တပ်က လူငယ် ၅၀ကျော် ပေါ်တာဆွဲဖမ်းဆီးထားတယ်လို့ TGI Support Revolution က အသိပေးပါတယ်။

“ဒီလထဲ တောင်ကြီးမှာ လူငယ်၊ လူလတ်ပ်ိုင်းတွေကို ပေါ်တာဆွဲလို့ ပါကုန်တာ အယောက်ငါးဆယ်ကျော်နေပီ တချို့တွေဆို ရပ်စောက်က ဗထူး စခသင်တန်းကျောင်းကိုတောင် ရောက်ကုန်ပြီတဲ့ “လို့ TGI Support Revolution က ဖေဖော်ဝါရီ ၁၉ ရက်မှာ ဖော်ပြထားပါတယ်။

ပေါ်တာဆွဲတဲ့နေရာမှာလည်း စစ်တပ်က စစ်မြေပြင်မှာ ကင်းထောက်ဖို့သုံးတဲ့ Droneတွေနဲ့ ရပ်ကွက်တွေထဲမှာ လူနည်းတဲ့နေရာတွေကိုရွေးချယ်ပြီး ၁၅ မိနစ်ခန့်စောင့်ကြည့်ကာ ကားတွေနဲ့ လာဆွဲခေါ်တာ‌မျိုးတွေလုပ်တာလို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“မနေ့(ဖေဖော်ဝါရီ၁၈) ညက ဝါးပြားလမ်းဆုံမှာ ၈ ယောက် ၊မင်္ဂလာရာမကျောင်းတိုက်နားမှာ ၅ ယောက်ပါသွားပြီး အဲ့၅ယောက်ထဲက ၂ယောက်ရဲ့ လုပ်ငန်းရှင်က အကောင်ထဲကဖြစ်နေလို့ တစ်ယောက်ကို သိန်း၅၀ နဲ့ညတွင်းချင်း ပြန်လည်ခေါ်ထုတ်နိုင်ခဲ့တယ်” လို့ TGI Support Revolution ကဖြစ်စဉ်တွေကိုဖော်ပြထားပါတယ်။

ဒါ့အပြင် အရင်ရက်တွေကလည်း ဖမ်းဆီးခံရသူ ၂၀ကျော်ရှိပြီး ချမ်းမြ View Point နဲ့ ရွှေတောင် အနောက်ခြမ်းမှာ ဖမ်းဆီးမှုတွေမပြုလုပ်ခင် Drone ပျံတာတွေ့ရတယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့အတူ ထုတ်ပြန်ထားတာပါ။

“ရပ်ကွက်ထဲက ပြည်သူအချို့အနေနဲ့ ပေါ်ဆွဲနေတာတွေကို မြင်တွေ့ကြပေမယ့် လာဆွဲတဲ့ စခ ရခ တွေဟာ ခင်ဗျားတို့နဲ့မဆိုင်ဘူး ဝင်မပါနဲ့ ခင်ဗျားတို့ကိုပါ တခါတည်းခေါ်သွားရမလားဆိုပီး ခြိမ်းခြောက်ပြောဆိုကာ နောက်ဆုတ်ခိုင်းပီး မသိသလိုနေဖို့သာ ကြိမ်းမောင်းသွားခဲ့တယ်လို့ သိရပါတယ် ” လို့ TGI Support Revolution က မြေပြင်အခြေအနေကို ရေးသားထားပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး TGI Support Revolution ကို မေးမြန်းဖို့အွန်လိုင်းကနေဆက်သွယ်ပေမယ့် အကြောင်းမပြန်သေးပါဘူး။

“တောင်ကြီးက local delivery သမားတွေအနေနဲ့ မကြာခင် နေ့တာပြန်ရှည်လာတော့မှာဖြစ်ပေမယ့် ညနေ ၆ခွဲနောက်ပိုင်း ချောင်ကျတဲ့နေရာတွေကနေ မှာတာမျိုးဆို လုံးဝ လုံးဝ သွားမပို့ကြပါနဲ့ ၊ဂရုစိုက်ကြပါ” လို့ သတိပေးထားပါတယ်။

ဒါပေမယ့် တောင်ကြီးဒေသခံတွေကလည်း Drone ပျံတာတွေ့တယ်လို့ မှတ်ချက်ရေးသားထားကြပြီး အချို့ကလည်း ညဘက်တွေ မလုံခြုံတာတော့ အမှန်ဖြစ်ကြောင်း ‌ရေးသားထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်ရဲ့မြို့တော် တောင်ကြီးမြို့မှာ အိမ်ကနေ ပြင်ပထွက်ရာက ပျောက်ဆုံးနေတဲ့ ၉ တန်းကျောင်းသားကို ၆ရက်အကြာမှာ သေဆုံးလျက်ပြန်တွေ့ခဲ့ရပြီး အမှုကို ဖော်ထုတ်ပေးဖို့ မြို့ခံတွေက တောင်းဆိုနေကြပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ တန်ဆောင်မုန်းလပြည့်ညကလူငယ်တွေစုပြီး ကာလသားဟင်းချက်စားဖို့ ကြက်ခိုးတဲ့အထဲက လူငယ်တစ်ဦးကို ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) အမတ်လောင်း စိုင်း​ရွှေထီး နဲ့ သားဖြစ်သူက ရိုက်နှက်လို့ သေဆုံးသွားပါတယ်။