Connect with us

Hi, what are you looking for?

သတင်း

တောင်ကြီးမှာပျောက်ဆုံးနေတဲ့၉တန်းကျောင်းသားသေဆုံးမှု အမှုမှန်​ဖော်ထုတ်​ပေးဖို့​ဒေသခံ​တွေလိုလား

ရှမ်းပြည်နယ်ရဲ့မြို့တော် တောင်ကြီးမြို့မှာ အိမ်ကနေ ပြင်ပထွက်ရာက ပျောက်ဆုံးနေတဲ့ ၉ တန်းကျောင်းသားကို ၆ရက်အကြာမှာ သေဆုံးလျက်ပြန်တွေ့ခဲ့ရပြီး အမှုကို ဖော်ထုတ်ပေးဖို့ မြို့ခံတွေက တောင်းဆိုနေကြပါတယ်။

​တောင်ကြီးမြို့ကို အ​ပေါ်စီးက​တွေ့ရစဥ်။ဓါတ်ပုံ-​​​ဒေသခံ

ဒီဇင်ဘာ-၃၁၊၂၀၂၅။အိမ်သွင်/People’s Spring

ရှမ်းပြည်နယ်ရဲ့မြို့တော် တောင်ကြီးမြို့မှာ အိမ်ကနေ ပြင်ပထွက်ရာက ပျောက်ဆုံးနေတဲ့ ၉ တန်းကျောင်းသားကို ၆ရက်အကြာမှာ သေဆုံးလျက်ပြန်တွေ့ခဲ့ရပြီး အမှုကို ဖော်ထုတ်ပေးဖို့ မြို့ခံတွေက တောင်းဆိုနေကြပါတယ်။

တောင်ကြီးမြို့၊ဘုရားဖြူရပ်ကွက်ကအသက် ၁၆နှစ်အရွယ်မောင်အနဂ္ဂရဲထက်ဟာဒီဇင်ဘာလ ၂၄ရက်နေ့ညနေကအိမ်ကနေ ဆိုင်ကယ်နဲ့ထွက်သွားပြီး ပြန်မရောက်လာဘဲ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

မောင်အနဂ္ဂရဲထက်ဟာ တောင်ကြီးမြို့၊အထက(၄)က ‌၉တန်းကျောင်းသားဖြစ်ပါတယ်။ ဒီဇင်ဘာလ ၃၀ရက်နေ့မှာတော့ ‌တောင်ကြီးမြို့၊ အထက(၂)အနီးက ရေကန်ထဲမှာ သေဆုံးလျက်ပြန်တွေ့ရတာပါ။

Public Service Announcement

Public Service Announcement

“အသတ်ခံရတာလို့ ပြောကြတယ်။ရေကန်ထဲမှာ အဝတ်အစားတွေဝတ်လျက်ပြန်ပေါ်လာတာပါ။ရေဆင်းကူးတာမဟုတ်ဘူး။အခုက ဘာမှန်းမသိရဘဲ တရားခံကပျောက်နေတယ်” လို့ ဘုရားဖြူရပ်ကွက်က ဒေသခံတစ်ဦးကပြောပါတယ်။

မောင်အနဂ္ဂရဲထက်ရဲ့ နာရေးကို ဒီဇင်ဘာလ ၃၁ရက် နေ့လယ်ပိုင်းမှာ တောင်ကြီးမြို့၊ သင်္ခါရသုသာန်မှာ ပြုလုပ်မယ်လို့ မိသားစုဝင်တွေက အသိပေးထားပါတယ်။

တောင်ကြီးမြို့ဟာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှုကင်းမဲ့နေတဲ့တခြားမြို့တွေလိုပဲခိုးမှုတွေ၊လုယက်မှုတွေမကြာခဏဖြစ်နေပါတယ်။ မောင်အနဂ္ဂရဲထက်ပျောက်ဆုံးမှုနဲ့ သေဆုံးမှုအတွက် ဖြစ်စဉ်အမှန်ကို သိရှိလိုကြောင်းနဲ့ တရားခံကို ‌ဝိုင်းဝန်းဖော်ထုတ်ကြဖို့ ဒေသခံတွေက လူမှုကွန်ရက်ကနေ တောင်းဆိုနေကြပါတယ်။

“ကျောင်းသားတစ်ယောက် ပျောက်ပြီးသေဆုံးတာ သွေးရိုးသားရိုးအမှုတစ်ခုလို ပြီးသွားလို့မရဘူး။ ပုဂ္ဂိုလ်ရေးလား၊လူသတ်မှုလားရှင်းရှင်းလင်းလင်းသိဖို့လိုတယ်”လို့တောင်ကြီးမြို့ခံတစ်ဦးကပြောပါတယ်။

တောင်ကြီးမြို့ဟာရှမ်းပြည်နယ်ရဲ့မြို့တော်ဖြစ်ပြီး စစ်တပ်ကအင်အားအများအပြားနဲ့ ထိန်းချုပ်ထားတဲ့မြို့ဖြစ်ပါတယ်။ကချင်ပြည်နယ်ရဲ့မြို့တော်မြစ်

ကြီးနားမြို့မှာလည်း ခရစ်စမတ်ညက အမျိုးသမီးတစ်ဦးကိုလူတစ်စုကအုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီး အမှိုက်ပုံမှာ စွန့်ပစ်ထားခဲ့သလို လူငယ်တစ်ဦးနဲ့ကားတစ်စီးပြန်ပေးဆွဲခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီအမှုလည်း တရားခံဖော်ထုတ်နိုင်ခြင်းမရှိသေးပါဘူး။

ဆက်စပ်သတင်းများ

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က နေရာတွေကို လုံခြုံရေးအရ တားမြစ်လိုက်ပြီး အသွားအလာမလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB-PDF)က ဒီကနေ့ ဇွန်လ ၃၀ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့အဝင်တောင်လေးလုံးရွာမှာမနေ့ (ဇူလိုင်လ ၂၀ ရက်)ညနက်ပိုင်းကပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာ သိမ်းစစ်တပ်ကမြို့အဝင်အထွက်နဲ့ ညောင်ရွှေမြို့မှာပါအစစ်အဆေးကြမ်းနေတယ်လို့ ဒေသခံအချို့ရဲ့ပြောကြားချက်အရ သိရပါတယ်။