ဖေဖော်ဝါရီ−၂၄၊၂၀၂၆။ရှိန်း/People’s Spring
မန္တလေးမြို့က စွယ်တော်ကားကွင်းမှာ ယခုရက်ပိုင်း စစ်ဆေးမှုကြမ်းနေပြီး တားမြစ်ကုန်ပစ္စည်းပါလာတဲ့ ကားယာဉ်မောင်းကို ဖမ်းဆီးကာ စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားတယ်လို့ ယာဉ်မောင်းတွေ ပြောပါတယ်။
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ကို သွားတဲ့ကုန်ကားတွေကို စစ်တပ်က ရွှေတောသုံးပစ္စည်း၊ဘိလပ်မြေ၊ဆေးဝါးအပါအဝင် ပစ္စည်းအများစုကို တားမြစ်ကုန်အဖြစ် ၂၀၂၅ နှစ်လည်ပိုင်းကတည်းက သတ်မှတ်ခဲ့တာပါ။
အဲဒီ ကုန်ပစ္စည်းတွေ ပါ၊မပါကို စစ်ဆေးဖို့ စွယ်တော်ကားကွင်းကို ယာဉ်စစ်ဆေးကွင်းအဖြစ်ပြောင်းပြီး အဲဒီနေရာကနေစစ်ဆေးနေတာလို့ သိရပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ ရက်ပိုင်းက ကုန်ကားတစ်စီးမှာတားမြစ်ကုန် တွေ့တယ်ဆိုပြီး ယခုရက်ပိုင်းမှာ ကားပေါ်က ပစ္စည်းတွေကို တခုမကျန်အကုန်ချကာ စစ်ဆေးနေတာလို့ သိရပါတယ်။
အဲဒီအထဲက ကားတစ်စီးဖမ်းဆီးခံလိုက်ရပြီးယာဉ်မောင်းနဲ့ စပါယ်ယာကို ရဲကလာ ခေါ်ကာ စစ်မှုထမ်းထဲထည့်လိုက်တယ်လို့ ကုန်ကား မောင်းသူတစ်ဦးက ပြောပါတယ်။
“ရုံးမထုတ်လို့ လိုက်ကြတာ။ခရိုင်ထွေအုပ်က အချုပ်ခန်းထဲမှာရှိတယ်။ချုပ်ထားတဲ့သူ တွေကိုမေးတော့မှ အဲဒီလူတွေက စစ်မှုထမ်းရမယ့်သူ တွေ။တရားမစွဲဘဲနဲ့ စစ်မှုထမ်းထဲ ကောက်ထည့်လိုက်တာ”လို့ ကုန်ကား မောင်းသူတစ်ဦးက ပြောပါတယ်။
မန္တလေးမြို့မှာ စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးတာတွေရှိသလို ယခုနောက်ပိုင်း ခိုးမှု၊လုယက်မှု၊မူးယစ်မှုအားလုံးကို ထောင်မချတော့ဘဲ စစ်မှုထမ်းခိုင်းနေတာလို့ မြို့ခံတွေက ပြောပါတယ်။


















































