Connect with us

Hi, what are you looking for?

သတင်း

KNUညောင်လေးပင်ခရိုင်မှာ စစ်တပ်လက်နက်ကြီးကြောင့် အမျိုးသမီး ၃ဦး အပါအဝင် ၅ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်က အရပ်သားပြည်သူနေထိုင်ရာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေလို့ ပြည်သူလူထု ထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ပါတယ်။

(အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့ရသူတွေ။ ဓာတ်ပုံ − KNU)

ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်က အရပ်သားပြည်သူနေထိုင်ရာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေလို့ ပြည်သူလူထု ထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်၀ါရီ ၂၃ရက်က ညောင်လေးပင်ခရိုင် မုန်းနဲ့ကျောက်ကြီးမြို့နယ်အတွင်း စစ်တပ်က ဒေသတွင်း ကျေးရွာတွေကို တိုက်ခိုက်ခဲ့တဲ့ အခြေအနေတွေကို အသိပေးထားတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ နတ်သံကွင်း အခြေစိုက်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ မုန်းမြို့နယ် ငနွားဆိပ်ရွာအတွင်းကျရောက်ပြီး အသက် ၁၅နှစ် ကလေးအပါအဝင် ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်ကောင်စီရဲ့ ခလရ(၂၆၄)တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်လို့ ကျောက်ကြီးမြို့နယ် ကညင်ကျွန်းရွာက အသက် ၅၉ နှစ်အရွယ် သက်ကြီးတဦး အပါအဝင် အမျိုးသမီး ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် နေအိမ်ထိခိုက်ပျက်စီးမှုတွေလည်းရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ ဖျံတလင်းကျေးရွာကိုလည်း ဒရုန်းနဲ့ ဗုံးသီး ၂လုံးကြဲချ တိုက်ခိုက်ခဲ့လို့ ပြည်သူလူထု နေအိမ်ပျက်စီးမှုရှိခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ ညောင်လေးပင်ခရိုင်အတွင်း နေထိုင်တဲ့ အပြစ်မဲ့ အရပ်သားပြည်သူလူထုများ ကိုပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်နေလို့ ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ နေ့စဉ်နဲ့အမျှ ထိခိုက်ပျက်စီးမှု ကြုံနေရကာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ရှင်သန်နေထိုင်နေကြရကြောင်းလည်း KNUက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ KNUနယ်မြေတွေကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေ မကြာခဏ လုပ်ဆောင်ခဲ့လို့ ပြည်သူလူထု သေဆုံးထိခိုက်မှုတွေ အများအပြားရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook