Connect with us

Hi, what are you looking for?

News

သတင်းသမားတွေကို ဖမ်းဆီးမှုအများဆုံးနိုင်ငံစာရင်းမှာ တရုတ် နဲ့ မြန်မာ ထိပ်ဆုံးကရပ်တည်နေ

ဒီနှစ်ထဲ တရုတ်ဟာ သတင်းသမားအယောက် ၅၀ ကို ဖမ်းဆီးထောင်ချခဲ့သလို စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာလည်း သတင်းသမား ၂၆ ဦးကို ဖမ်းဆီးထောင်ချထားတယ်လို့ CPJ စာရင်းက ဆိုထားပါတယ်။

၂၀၂၁ ခုနှစ်အတွင်း သတင်းမီဒီယာတွေကို ဖမ်းဆီးထောင်ချတဲ့ နိုင်ငံတွေစာရင်းကိုကမ္ဘာ့သတင်းသမားများကာကွယ်ရေးကော်မတီ(CPJ) ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံက ဒုတိယ နေရာက ရှိနေပါတယ်။

အဲဒီစာရင်းမှာတရုတ်နိုင်ငံက ထိပ်ဆုံးက ဖြစ်ပြီး မြန်မာနိုင်ငံကတော့ ဒုတိယ နေရာက ရှိနေတာပါ။

မြန်မာနောက်မှာတော့ အီဂျစ်နဲ့ ဗီယက်နမ်နိုင်ငံတို့ ရှိနေတာတွေ့ရပါတယ်။

ဒီနှစ်ထဲ တရုတ်ဟာ သတင်းသမားအယောက် ၅၀ ကို ဖမ်းဆီးထောင်ချခဲ့သလို စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာလည်း သတင်းသမား ၂၆ ဦးကို ဖမ်းဆီးထောင်ချထားတယ်လို့ CPJ စာရင်းက ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းမီဒီယာ တိုက်အချို့ကို လိုင်စင်ပိတ်သိမ်းတာ ၊ သတင်းမီဒီယာသမားတွေကို ဖမ်းဆီးထောင်ချ တာတွေ ကိုစစ်ကောင်စီဟာ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာပါ။

ဒါ့အပြင် သတင်းအချက်အလက် စီးဆင်းမှုကိုဖြတ်တောက်ဖို့အတွက် ဆက်သွယ်ရေးလိုင်းတွေကိုဖြတ်တောက်တာ ၊ တယ်လီဖုန်းလိုင်းတွေကို ကြားဖြတ်နားထောင်တာ ၊အင်တာနက်ပိတ်တာတွေကိုလည်း ပြုလုပ်ခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

လူသိများတဲ့ ခွေးလေးတစ်ကောင် အခိုးခံရပြီး ချက်စားခံလိုက်ရတဲ့ ဖြစ်စဉ်အပြီး တရုတ်နိုင်ငံက ခွေးသား ရောင်းဝယ် ဖောက်ကားမှုနဲ့ ပတ်သက်တဲ့ အငြင်းအခုံတွေ တကျော့ပြန် ဆူညံလာခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။