Connect with us

Hi, what are you looking for?

သတင်း

စစ်​တွေမြို့နီးတိုက်ပွဲပြင်းထန် ၊ စစ်တပ်က​ပေါက်​တောမြို့ကို ဗုံးကြဲ

စစ်‌တွေမြို့အနီးမှာတိုက်ပွဲပြင်းထန်နေပြီးအာဏာသိမ်းစစ်တပ်က ပေါက်တောမြို့ကို ဒီနေ့ည ၉နာရီခန့်ကစပြီး လေကြောင်းက‌နေ ဗုံး ၈လုံးကြဲချသွားတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

မတ်-၆၊၂၀၂၆။အိမ်သွင်/People’s Spring

စစ်‌တွေမြို့အနီးမှာတိုက်ပွဲပြင်းထန်နေပြီးအာဏာသိမ်းစစ်တပ်က ပေါက်တောမြို့ကို ဒီနေ့ည ၉နာရီခန့်ကစပြီး လေကြောင်းက‌နေ ဗုံး ၈လုံးကြဲချသွားတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

စစ်တွေမြို့ကနေဆို ကုလားတန်မြစ်နဲ့ ပင်လယ်ဝတစ်ဖက်ကမ်းမှာရှိတဲ့ ပေါက်တောမြို့ကို စစ်တပ်က လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

မကွေးလေတပ်မှ ဂျက်ဖိုက်တာ ၂ စီး၊ တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ ၂စီး၊ နေပြည်တော်လေတပ်မှ ဂျက်ဖိုက်တာ ၂စီးတို့နဲ့ ည ၈နာရီ ၅၉မိနစ်ကနေ ည ၉နာရီ၂၂ မိနစ်အတွင်း လေကြောင်းတိုက်ခိုက်မှု ( ၈ )ကြိမ် ပြုလုပ်သွားတယ်လို့ စစ်တပ်ရဲ့ လေကြောင်းပျံသန်းမှုနဲ့တိုက်ခိုက်မှုတွေကိုမှတ်တမ်းပြုစုထုတ်ပြန်နေတဲ့​ ဝေဟင်တယ်လီဂရန်ချန်နယ်က ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

အရပ်သားထိခိုက်မှုရှိနိုင်တယ်လို့ ပေါက်တောမြို့အပြင်ဘက်မှာ စစ်ရှောင်နေသူတစ်ဦးကပြောပါတယ်။ ထိခိုက်မှု အခြေအနေကိုလောလောဆယ်မသိရသေးပါဘူး။

ပေါက်တောမြို့ကိုအာရက္ခတပ်တော် AA က ၂၀၂၄ ဇန်နဝါရီလမှာသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် စစ်တွေမြို့ဟာ ကုန်းလမ်းရောရေလမ်းပါပိတ်ဆို့ခံထားရတဲ့အနေအထားမျိုး ဖြစ်နေတာပါ။ စစ်တွေမြို့သိမ်းတိုက်ပွဲကို AAက အရှိန်မြှင့်တိုက်ခိုက်နေပြီး စစ်ကောင်စီက ပေါက်တောနဲ့ ပုဏ္ဏာကျွန်းမြို့တွေကိုမကြာခဏ ဗုံးကြဲနေတယ်လို့ ရခိုင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်ကပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာကဈေးကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတဲ့အတွက် ကလေးငယ်တွေ၊ ဈေးးရောင်းဈေးနေသူတွေအပါအဝင် ၁၈ဦးသေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

မတ်လ ၆ ရက်ညမှာ စစ်တပ်က စစ်တွေမြို့ထဲကနေလက်နက်ကြီးတွေနဲ့အပြင်းအထန်ပစ်ခတ်နေတယ်လို့ ​ဒေသတွင်းသတင်းဌာန အချို့က​ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဇီကြီးလေကြောင်းတိုက်ခိုက်မှုအပါအဝင် ပြည်သူတွေကို​လေ​ကြောင်းက​နေအစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့စစ်ရာဇဝတ်မှု​တွေမှာအမိန့်ပေးစေခိုင်းခဲ့တဲ့လေတပ်ရဲ့ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ လက်ရှိကာကွယ်​ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင်ရဲ့ နေအိမ်ကို ​ရန်ကုန်​UG တစ်ဖွဲ့က ချိန်ကိုက်ဗုံးပို့ဆောင်ခဲ့တယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။