Connect with us

Hi, what are you looking for?

သတင်း

မန္တလေးရှိ သံတိုသံစရောင်းဝယ်ရေးလုပ်ငန်းမှာပေါက်ကွဲမှုဖြစ်ပြီးခြောက်ဦးဒဏ်ရာရ

မန္တ​လေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ စက်မှု(၂) ရပ်ကွက်ရှိ သံတိုသံစ ရောင်းဝယ်ရေးလုပ်ငန်းခွင်မှာမနေ့ ( မတ်လ ၆ ရက်) ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီး လူခြောက်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ရပ်ကွက်နေသူအချို့ဆီကသိရပါတယ်။

ထိခိုက်ဒဏ်ရာရသူတစ်ဦးကိုတွေ့ရပုံ ( ဓာတ်ပုံ - စစ်တပ်ဝါဒဖြန့် ချန်နယ်)

မတ် – ၇ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring

မန္တ​လေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ စက်မှု(၂) ရပ်ကွက်ရှိ သံတိုသံစ ရောင်းဝယ်ရေးလုပ်ငန်းခွင်မှာမနေ့ ( မတ်လ ၆ ရက်) ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီး လူခြောက်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ရပ်ကွက်နေသူအချို့ဆီကသိရပါတယ်။

စက်မှု (၂) ရပ်ကွက် ၊၄၇ လမ်း နဲ့ ၁၄၂ (အေ) လမ်းအနီးရှိ စိန်စွန်ညို (သံတိုသံစရောင်းဝယ်ရေးနဲ့သံရည်ကြိုလုပ်ငန်းဆိုင်)မှာ မနေ့ ညနေ ၅ နာရီခန့်က သံတိုသံစ‌ တွေကို အရည်ကျိုဖို့ ရွေးရာကနေတဆင့် ပေါက်ကွဲမှုဖြစ်ပွားတာပါ။

“ပေါက်ကွဲသံကတော်တော်လေးကျယ်တယ်၊ဘယ်ကနေထပေါက်လဲတော့မသိဘူး၊ခဏအကြာတော့ စစ်သားတွေရောက်လာတယ်”လို့ စက်မှု (၂) ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှုကြောင့် အလုပ်သမား အမျိုးသားသုံးဦးနဲ့ အမျိုးသမီးသုံးဦးတို့ ခြေထောက်နဲ့ လက်တွေမှာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။

ဒဏ်ရာရရှိသူတွေက အသက် ၁၈ နှစ် အရွယ်တစ်ဦး ၊ ၂၈ နှစ်အရွယ် နှစ်ဦး ၊ ၃၆ နှစ် တစ်ဦးနဲ့ အသက် ၅၀ အရွယ်တစ်ဦးတို့ ဖြစ်ကြပါတယ်။

ဒဏ်ရာရရှိသူတွေကို မန္တ​လေးဆေးရုံကြီးဆီ ပို့ဆောင်ထားပြီး အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးကတော့ စိုးရိမ်ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ အတွင်းကလည်း ပြည်ကြီးတံခွန်မြို့နယ်၊(စ)ရပ်ကွက်က နေအိမ်တစ်အိမ်မှာ ရောင်းချဖို့ပြင်နေတဲ့သံတိုသံစထဲက စစ်ကျန် တရုတ်ဗုံးသီးပါလာရာကနေ ပေါက်ကွဲမှုဖြစ်ပြီး မိန်းကလေးငယ်တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

Facebook