Connect with us

Hi, what are you looking for?

News

တိုင်းရင်းသားလူနည်းစု​တွေ ရင်ဆိုင်​နေရတဲ့အ​ခြေအ​နေ​တွေကို ကရင်လူ့အခွင့်​ရေးအဖွဲ့ ​ထုတ်ပြန်

ကျေးလက်ဒေသက ပြည်သူလူထုတွေဟာ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခံရတာ၊ ညှဉ်းပန်းနှိပ်စက်ခံရတာ၊ ဖမ်းဆီးခံရတာ စတဲ့ ခြိမ်းခြောက်မှုတွေကြောင့် နေ့စဉ်ဘဝအတွက် သွားလာလုပ်ကိုင်နိုင်ခြင်းမရှိတော့ပဲ အတင်းအဓမ္မပေါ်တာဆွဲတာ၊ ရွာသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာကိုလည်း စစ်ကောင်စီက ကျူးလွန်လုပ်ဆောင်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့ လူ့အခွင့်အရေးကျူးလွန်မှုတွေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကျေးလက်ဒေသမှာရှိတဲ့ တိုင်းရင်းသားလူနည်းစုတွေဟာ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းပြုရေး၊ ဘဝရှင်သန်ရေးနဲ့ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးတို့မှာ စိန်ခေါ်မှုတွေ ထပ်မံကြုံတွေခံစားနေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)က ထုတ်ပြန်ပါတယ်။

Public Service Announcement

စစ်အာဏာသိမ်းပြီးကတည်းက မြန်မာပြည်အရှေ့တောင်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြား လက်နက်ကိုင်ပဋိပက္ခတွေ ပိုမိုပြင်းထန်းလာခဲ့ပြီး မတ်လအစောပိုင်းက စစ်ကောင်စီက ဒေသခံပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေကို စတင်ပြုလုပ်လာခဲ့တာပါ။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတိုင်းရင်းသားကျေးရွာ အများအပြားပျက်စီးခဲ့ပြီး အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရကာ စစ်ဘေးဒဏ်ကြောင့် ထောင်ပေါင်းများစွာသော ကျေးလက်နေပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိမှာလည်း စစ်ကောင်စီရဲ့ ဆိုးရွားတဲ့စစ်မက်ပြုမူတာတွေကို ဆက်လက်ကြုံတွေ့နေရတယ်လို့ KHRG က ဆိုထားပါတယ်။

ကျေးလက်ဒေသက ပြည်သူလူထုတွေဟာ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခံရတာ၊ ညှဉ်းပန်းနှိပ်စက်ခံရတာ၊ ဖမ်းဆီးခံရတာ စတဲ့ ခြိမ်းခြောက်မှုတွေကြောင့် နေ့စဉ်ဘဝအတွက် သွားလာလုပ်ကိုင်နိုင်ခြင်းမရှိတော့ပဲ အတင်းအဓမ္မပေါ်တာဆွဲတာ၊ ရွာသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာကိုလည်း စစ်ကောင်စီက ကျူးလွန်လုပ်ဆောင်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ကလည်း မြန်မာပြည်သူလူထုအတွက် မားမားမတ်မတ် ဆက်လက်ရပ်တည်ပေးဖို့နဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်စာနာထောက်ထားမှုဥပဒေကို ချိုးဖောက်နေတဲ့ အာဏာသိမ်းစစ်ကောင်စီကို ကူညီပံ့ပိုးပေးမှုကနေ ရှောင်ကြဉ်ပေးဖို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၁၂ ဦး သေဆုံးပြီး တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက အသိပေးသည်။

သတင်း

ဇူလိုင် ၁၈ရက် နေ့လယ်ပိုင်းက လားရှိုး မဂန်ရွာအနီးတွင် MNDAA တိုင်းရင်းသား တပ်မဟာ (၆၁၁)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ကုလသမဂ္ဂ အစီရင်ခံစာများအရ အကြမ်းဖက်စစ်ကောင်စီက အထောက်အပံ့များ ဖြန့်ဝေမှုကို တားဆီးပိတ်ပင်နေပြီး မုန်တိုင်းမတိုက်ခတ်မီက ရိုဟင်ဂျာများအပါအဝင် လူထု၏ ဘေးကင်းရာနေရာများသို့ ရွှေ့ပြောင်းမှုကို တားဆီးခဲ့သည်ကို သိရှိရသည့်အတွက် များစွာစိတ်ပျက်ရကြောင်း NUG က ဆိုသည်။

သတင်း

TNLA၊ ရခိုင် AA၊ ကိုးကန့် MNDAA၊ မိုင်လား NDAA၊ ရှမ်း SSPP၊ ကချင် KIAနှင့် ၀ UWSA ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်သည့် FPNCC အစည်းအဝေးကို မတ်လ ၁၅ရက်နှင့် ၁၆ရက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။