Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်သူများထံ အကူအညီများရောက်ရှိနိုင်စေရေး NUG၊ တိုင်းရင်းသားနှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် တိုက်ရိုက်ပူးပေါင်းရန် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

ကုလသမဂ္ဂ အစီရင်ခံစာများအရ အကြမ်းဖက်စစ်ကောင်စီက အထောက်အပံ့များ ဖြန့်ဝေမှုကို တားဆီးပိတ်ပင်နေပြီး မုန်တိုင်းမတိုက်ခတ်မီက ရိုဟင်ဂျာများအပါအဝင် လူထု၏ ဘေးကင်းရာနေရာများသို့ ရွှေ့ပြောင်းမှုကို တားဆီးခဲ့သည်ကို သိရှိရသည့်အတွက် များစွာစိတ်ပျက်ရကြောင်း NUG က ဆိုသည်။

(မိုခါမုန်တိုင်းဝင် ရောက်တိုက်ခတ်ပြီးနောက် မေလ ၁၅ ရက်က ရခိုင်ပြည်နယ် စစ် တွေမြိုတစ်နေရာ မြင်ကွင်း။ ဓာတ်ပုံ-CJ)
(မိုခါမုန်တိုင်းဝင် ရောက်တိုက်ခတ်ပြီးနောက် မေလ ၁၅ ရက်က ရခိုင်ပြည်နယ် စစ် တွေမြိုတစ်နေရာ မြင်ကွင်း။ ဓာတ်ပုံ-CJ)

မြန်မာပြည်သူများထံ အကူအညီများရောက်ရှိနိုင်စေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားနှင့် အရပ်ဘက်အဖွဲ့အစည်း မိတ်ဖက်များနှင့် တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ရန် NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ သဘောထားထုတ်ပြန်သည်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ မိုခါဆိုင်ကလုန်းဆိုင်ရာ ထုတ်ပြန်ချက်တွင် အာဆီယံဥက္ကဌနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အရေးပေါ်နယ်စပ် ဖြတ်ကျော်အကူအညီများပေးအပ်နိုင်ရေးအတွက် NUG နှင့် ပူးပေါင်းလျက် ခိုင်မာစွာတည်ဆောက်ထားပြီးဖြစ်သည့် တိုင်းရင်းသားနှင့် အရပ်ဘက်အဖွဲ့အစည်း ကွန်ယက်များမှတစ်ဆင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရမည်ဟု ဖော်ပြသည်။

NUGသည် မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး တွေ့ကြုံခံစားခဲ့ရသည့် ရပ်ရွာလူထုနှင့် ထိခိုက်လွယ်အစုအဖွဲ့များထံသို့ အရေးပေါ်လိုအပ်နေသည့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ အရောက်ပေးပို့နိုင်ရေးအတွက် မိတ်ဖက်တိုင်းရင်းသားနှင့် အရပ်ဘက်အဖွဲ့ အစည်းများနှင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေကြောင်းနှင့် မုတ်သုံမတိုင်မီ အချိန်လုလုပ်ဆောင်ရမည့်ကိစ္စရပ်ဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

အကူအညီများထပ်မံပေးပို့နိုင်ရေးအတွက် ရန်ပုံငွေ ပံ့ပိုးပေးနိုင်ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဌာနေအဖွဲ့က စတင်လုပ်ဆောင်ခဲ့သည့် အမေရိကန်ဒေါ်လာ (၃၃၃)သန်း အရေးပေါ်တောင်းဆိုချက် (Flash Appeal) ကို NUG က ကြိုဆိုသည်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂ အစီရင်ခံစာများအရ အကြမ်းဖက်စစ်ကောင်စီက အထောက်အပံ့များ ဖြန့်ဝေမှုကို တားဆီးပိတ်ပင်နေပြီး မုန်တိုင်းမတိုက်ခတ်မီက ရိုဟင်ဂျာများအပါအဝင် လူထု၏ ဘေးကင်းရာနေရာများသို့ ရွှေ့ပြောင်းမှုကို တားဆီးခဲ့သည်ကို သိရှိရသည့်အတွက် များစွာစိတ်ပျက်ရကြောင်း NUG က ဆိုသည်။

ထို့အပြင် မိုခါမုန်တိုင်းကြောင့် လူနေအိမ်များ၊ ကောက်ပဲသီးနှံများနှင့် အဓိကကျသည့် အခြေခံအဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ရပြီး ပြည်သူ ၁ ဒသမ ၆သန်းခန့်မှာ မုန်တိုင်းနောက်ဆက်တွဲ ရေကြီးမှုနှင့် မြေပြိုမှုများ ဒဏ်ကို ခံစားကြရကြောင်း၊ ယင်းအခြေအနေများမှာ အကြမ်းဖက်စစ်ကောင်စီ၏ မတရား ရက်စက်ကြမ်းကြုတ်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၂ သန်းနီးပါးရှိနေသည့် မြန်မာပြည်သူလူထု၏ ဆင်းရဲဒုက္ခကို ပို၍ ဆိုးရွားစေကြောင်း NUG က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ