Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ရေးလေ့ကျင့်နေချိန် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တွေ စမ်းသပ်

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းစစ်ရေးလေ့ကျင့်နေချိန် မြောက်ကိုရီးယားကလည်း ပဲ့ထိန်းဒုံးကျည် တစ်ဒါဇင်လောက်ကို စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းစစ်ရေးလေ့ကျင့်နေချိန် မြောက်ကိုရီးယားကလည်း ပဲ့ထိန်းဒုံးကျည် တစ်ဒါဇင်လောက်ကို စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

မတ်လ ၁၄ ရက်နေ့တုန်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ ၆၀၀ မမ အတွဲလိုက်ပစ် ဒုံးကျည်စနစ် စမ်းသပ်မှု တစ်ခုကို ကိုယ်တိုင် ကြီးမှူးကွပ်ကဲ စောင့်ကြည့်ခဲ့ကြောင်း အစိုးရပိုင် KCNA သတင်းဌာနက ဆိုပါတယ်။

အဲဒီ ဒုံးကျည်မျိုးနဲ့ အပစ်ခံရမယ်ဆိုရင် ၄၂၀ ကီလိုမီတာ အကွာအဝေးမှာ ရှိနေတဲ့ ဘယ်လို ရန်သူမျိုးမှ မလွယ်ကြောင်း၊ နျူကလီးယားထိပ်ဖူး တပ်ဆပ်နိုင်တဲ့ စစ်လက်နက်တွေရဲ့ ဖျက်ဆီးအား ဘယ်လောက်ပြင်းသလဲဆိုတာ ကောင်းကောင်း သဘောပေါက်သွားစေမှာဖြစ်ကြောင်း ကင်မ်ရဲ့ စကားကိုလည်း KCNAက ဖော်ပြခဲ့ပါတယ်။

မတ်လ ၁၅ ရက်နေ့မှာ KCNAဟာ ကင်မ်နဲ့အတူ သူ့ရဲ့ အရိုက်အရာ ဆက်ခံမယ့်သူအဖြစ် သတင်းကြီးနေတဲ့ သမီးဖြစ်သူ ကင်မ်ဂျူအေးတို့က အဲဒီစစ်လက်နက် စမ်းသပ်မှုကို စောင့်ကြည့်နေတဲ့ ဓာတ်ပုံတွေကိုလည်း ဝေမျှထားခဲ့ပါတယ်။ KCNAရဲ့ အဆိုအရ စမ်းသပ်ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တွေဟာ အရှေ့ပင်လယ်ထဲက ၃၆၅ ကီလိုမီတာလောက်မှာရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်က ပစ်မှတ်တွေကို ၁၀၀ ရာခိုင်နှုန်း တိတိကျကျ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

မတ်လ ၁၄ ရက်နေ့တုန်းက တောင်ကိုရီးယား စစ်တပ်ကလည်း မြောက်ကိုရီးယားဟာ အရှေ့ဖက် ကမ်းလွန်ပင်လယ်ပြင်ဆီ ဒုံးကျည် အနည်းဆုံး ၁၀ စင်းလောက် ပစ်ခတ်ခဲ့ကြောင်း ကြေညာခဲ့ပါသေးတယ်။ ဒုံးကျည်တွေကို မြောက်ကိုရီးယားရဲ့ မြို့တော် ပြုံယမ်းနားကနေ နေ့လယ်ပိုင်း အချိန်လောက်မှာ ပစ်ခတ်ခဲ့ပြီး ခန့်မှန်းခြေ ကီလိုမီတာ ၃၅၀ ဝန်းကျင်လောက် ပျံသန်းခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ နှစ်စဉ် ပူးပေါင်းပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှု တစ်ခုကို လုပ်ဆောင်နေချိန်မှာ မြောက်ကိုရီးယားက ဒုံးကျည်တွေ ပစ်ခတ်ပြခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ခေါင်းဆောင်ကြီး ကင်မ်ရဲ့ ညီမဖြစ်ပြီး မြောက်ကိုရီးယားမှာ ဩဇာ အကြီးဆုံး အမျိုးသမီးလို့ သတ်မှတ်ခံထားရသူ ကင်မ်ယိုဂျောင်က မဟာမိတ် နှစ်နိုင်ငံရဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားကို ကျူးကျော်ဖို့ ရည်ရွယ်ထားတဲ့ ရန်လိုတဲ့ ပြင်ဆင်မှု တစ်ခုဖြစ်ကြောင်း စွပ်စွဲ ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကတော့ အဲဒီလို စစ်ရေးလေ့ကျင့်မှုတွေဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား တိုက်ခိုက်မှုတွေနဲ့ ကြုံလာရင် ထိထိရောက်ရောက် ခုခံနိုင်အောင် ရည်ရွယ် ပြင်ဆင်မှုတွေသာ ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။

မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက် ထုတ်လုပ်မှုနဲ့ ခရုစ်ဒုံးကျည် စမ်းသပ်မှုတွေကြောင့် ကုလသမဂ္ဂရဲ့ ပိတ်ဆို့ အရေးယူမှုတွေ ကြုံတွေ့ထားရပေမယ့်လည်း လွန်ခဲ့တဲ့ ၂ နှစ်တာအတွင်း ဒုံးကျည် နည်းပညာပိုင်းကို အစဉ်တစိုက် မြှင့်တင်လာနိုင်ခဲ့ပါတယ်။

ကိုးကား: Reuters

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။