Connect with us

Hi, what are you looking for?

သတင်း

ပျောက်ဆုံးနေတဲ့ ရဲဘော် ၂ဦး သတ်ဖြတ်ခံထားရဟု KNU ထုတ်ပြန်

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဖြစ်တဲ့ ဗထူးတပ်ဖွဲ့ကို ဗိုလ်ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ ကနဦးမှာ ရဲဘော် ၄ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၂ဦး ပျောက်ဆုံးခဲ့ရာ ပျောက်ဆုံးရဲဘော်တွေရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

(ပျောက်ဆုံးရဲဘော်နှစ်ဦးအလောင်းတွေကို တွေ့ရစဥ်။ ဓာတ်ပုံ - KNU မြိတ်ထားဝယ်ခရိုင်)

မတ်-၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဖြစ်တဲ့ ဗထူးတပ်ဖွဲ့ကို ဗိုလ်ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ ကနဦးမှာ ရဲဘော် ၄ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၂ဦး ပျောက်ဆုံးခဲ့ရာ ပျောက်ဆုံးရဲဘော်တွေရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

တနင်္သာရီမြို့နယ် မောတောင်မြို့သိမ်း တိုက်ပွဲမှာ ပါဝင်တာဝန်ထမ်းဆောင်နေတဲ့ ဗထူး တပ်ဖွဲ့ဟာ ရှေ့တန်းကနေ နောက်တန်းကို ပြန်လာစဉ် မတ်လ ၁၄ရက် ညနေမှာ KTLA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်မှု ခံခဲ့ရတာလို့ ဆိုပါတယ်။

KNU မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ ဘန်းချောင်းကျေးရွာအုပ်စုအတွင်း၊ သမီးပေါ်သော(ဟင်းကပိ)ကျေးရွာနဲ့ ကနဲဃော‌(ပျားသားချောင်း)ကျေးရွာကြားမှာ တိုက်ခိုက်ခံရတာဖြစ်ပြီး ဗထူးတပ်ဖွဲ့မှ ရဲဘော်(၄)ဦး ကျဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ဦးပျောက်ဆုံးခဲ့တာလို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပျောက်ဆုံးနေသော ရဲဘော်(၂)ဦးကို ပြန်လည်ရှာဖွေတွေ့ရှိချိန်မှာ ရက်ရက်စက်စက်သတ်ဖြတ်ခံထားရတာတွေ့ရကြောင်း KNUက ထုတ်ပြန်ခဲ့ပြီး KTLA ရဲ့ လုပ်ရပ်ဟာ ပိုဆိုးလာကာ စစ်ကောင်စီတပ် လက်အောက်ခံ တပ်ဖွဲ့တခု အလား တော်လှန်ရေးတပ်ဖွဲ့တွေကို ရန်သူအဖြစ် သတ်မှတ်တိုက်ခိုက်နေတာလို့ ဖော်ပြထားပါတယ်။

စစ်အုပ်စုထံ ၂ကြိမ်အလင်းဝင်ခဲ့တဲ့ ဗိုလ်ကော်လားဖိုး ဟာ စစ်တပ်အာဏာသိမ်းပြီးပေါ်ပေါက်လာတဲ့ အဖွဲ့ဖြစ်ပြီး KNLA တပ်မဟာ(၄)ကို အကြိမ်ကြိမ်တိုက်ခိုက်နေလို့ အရာရှိ အပါအဝင် KNLA ရဲဘော်အချို့လည်း ကျဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။

KNLA ပူးပေါင်းတပ်က သရက်ချောင်းမြို့နယ် ဝင်း၀ တပ်စခန်းကို တိုက်ခိုက်နေတဲ့ ကာလမှာပဲ ဗိုလ်ကော်လားဖိုး အဖွဲ့ဟာ KNLA တပ်ဖွဲ့ ကို တိုက်ခိုက်မှု ၃ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး အခု ဗထူးတပ်ဖွဲ့ကိုပါ ထပ်မံ ခြုံခိုတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

Facebook