Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင်ရဲ့ သမ္မတအိပ်မက်အတွက် အောက်ခြေစစ်သည်တွေ မိသားစုနဲ့ဆုံနိုင်ဖို့ မျှော်လင့်ချက်တွေ ဝေးနေရဟု ပြည်သူ့ပန်းတိုင်ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သမ္မတ ဖြစ်လိုမှုကြောင့် အသက်သေဆုံးဘ၀ပျက်ခဲ့ကြရသူများစွာ ရှိပြီး အောက်ခြေစစ်သည်တွေ မိသားစုနဲ့ဆုံနိုင်ဖို့ မျှော်လင့်ချက်တွေ ဝေးသထက်ဝေးနေရဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ဒေသမှာ ဖမ်းဆီးခံ စစ်ကောင်စီတပ် စစ်သုံ့ပန်းတွေရှိတဲ့နေရာကို စစ်တပ်က မကြာခဏဗုံးကြဲခဲ့ပြီး ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ စစ်သုံ့ပန်းတချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - AA

မတ်-၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သမ္မတ ဖြစ်လိုမှုကြောင့် အသက်သေဆုံးဘ၀ပျက်ခဲ့ကြရသူများစွာ ရှိပြီး အောက်ခြေစစ်သည်တွေ မိသားစုနဲ့ဆုံနိုင်ဖို့ မျှော်လင့်ချက်တွေ ဝေးသထက်ဝေးနေရဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ စကစရဲ့ “ပြေးဟပရောဂျက် ယခုတစ်ပတ်” အစီအစဉ် မတ်လ ဒုတိယ ပတ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အလင်းဝင်၊လက်နက်ချ စစ်သုံ့ပန်း အရေအတွက်ကို အသိပေးထုတ်ပြန်စဉ် အခုလို ထုတ်ပြန်ခဲ့တာပါ။

“စစ်ခေါင်းဆောင်ရဲ့ သမ္မတကြီးအိပ်မက်က နီးသထက်နီးလာချိန်မှာ အောက်ခြေစစ်သည်တွေရဲ့ မိသားစုပြန်တွေ့ဆုံနိုင်ရေးမျှော်လင့်ချက်တွေကတော့ ဝေးသထက်ဝေးလာခဲ့ပါပြီ။ ဘယ်သူသေသေ ငတေ သမ္မတဖြစ်ရင်ပြီးရော ဆိုတဲ့ စစ်အာဏာသိမ်းရည်ရွယ်ချက်ကြီး အောင်မြင်ဖို့အတွက် စတေးခဲ့ရတဲ့အသက်တွေ၊ ပြာကျခဲ့ရတဲ့အိမ်တွေ၊ စီးခဲ့ရတဲ့သွေးတွေ၊ ကျခဲ့ရတဲ့ မျက်ရည်တွေ၊ ပျက်သွားခဲ့ရတဲ့ ဘဝတွေ ဘယ်လောက်တောင် ရှိနေခဲ့ပြီလဲ” လို့ ပြည်သူ့ပန်းတိုင်ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ မတ်လ ဒုတိယပတ်အတွင်း အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စကစအဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၁၁ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် မတ်လ ဒုတိယပတ်အထိ စာရင်းတွေအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂,၉၇၆ဦး အလင်းဝင်ပူးပေါင်းတာ၊ လက်နက်ချတာ ၊ စစ်သုံ့ပမ်းအဖြစ် ဖမ်းမိတာရှိတယ်လို့ ဆိုပါတယ်။ ဒီအရေအတွက်ဟာ တော်လှန်ရေးအဖွဲ့တွေနဲ့ မီဒီယာတွေမှာ ဖော်ပြထားတာကို စုစည်းခဲ့တာဖြစ်ပြီး မြေပြင်မှာ အခုထက် အရေအတွက် ပိုများနိုင်ပါတယ်။

ပြည်သူ့ပန်းတိုင်ရဲ့ ဖေဖော်ဝါရီ တတိယပတ် ဖော်ပြချက်မှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်က တနိုင်ငံလုံး နေရာအနှံ့ ဗုံးကြဲပြီး တော်လှန်ရေးမီးတောက်ကို အရှိန်မြှင့် ပေးနေဆဲဖြစ်လို့ အောက်ခြေစစ်သည်တွေ အိမ်ပြန်ရေး ဝေးသထက်ဝေးလာကြောင်း အသိပေးကာ ရှင်ကျန်ရေး ခက်ခဲလာတဲ့ အခြေအနေမှာ အခွင့်သာတာနဲ့ ပြည်သူထံ လက်နက်ချ ပူးပေါင်းဖို့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ပန်းတိုင်က တိုက်တွန်းခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ရွေးကောက်ပွဲ ပြီးရင် နိုင်ငံရေး ကောင်းမယ် ငြိမ်းချမ်းမယ်ဆိုပြီး ဝါဒဖြန့်လိမ်ညာထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ-၂၄၊၂၀၂၆။People’s Spring တိုင်းမ်(Time )မဂ္ဂဇင်းနဲ့ အင်တာဗျူးအတွက် မြန်မာ စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ဓာတ်ပုံကို နေပြည်တော်မှာကျွန်တော်သွားရိုက်ပေးခဲ့ပါတယ်။ အနောက်နိုင်ငံ အခြေစိုက် မီဒီယာ တစ်ခုအတွက် သူ့ကို အခုလို ဓာတ်ပုံရိုက်ခွင့်ရတာ ပထမဆုံး(စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​နေပြည်​တော်ကိုသွားပြီးမင်း​အောင်လှိုင်ကိုဓါတ်ပုံရိုက်တာ)လည်း ဖြစ်နိုင်ပါတယ်။ သူ့လက်ထောက် တစ်ယောက်က ‘သမ္မတကို ဘယ်လိုပုံစံမျိုးနဲ့ ရှိစေချင်သလဲ’ဆိုပြီးကျွန်တော့်ကို လာမေးပါတယ်။...

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

Facebook