Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ စစ်ကိုင်းမှာ ပြုလုပ်

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်နဲ့ တော်လှန်ဖျော်ဖြေပွဲ လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ DYC၊ ဝက်လက်မြို့နယ်လူထုသပိတ်

မတ်-၂၁၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်နဲ့ တော်လှန်ဖျော်ဖြေပွဲ လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ သပိတ်ကော်မတီဝင်တွေ ဦးဆောင်ပြီး ပြည်သူလူထုအနေနဲ့ တော်လှန်ရေးမှာ ပါဝင်မှု ပြန်လည်အားကောင်းလာစေဖို့နဲ့ ပြည်သူတွေရဲ့ စိုးရိမ်ထိန့်လန့်မှု ဘ၀အမောတွေကို ခဏတာ ပြေပျောက်စေဖို့ ရည်ရွယ်ကာ တော်လှန်ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ စည်းရုံးမှု လုပ်ဆောင်ခဲ့ပါတယ်။

စည်းရုံးရေး လုပ်ငန်းစဉ်မှာ ဝက်လက်မြို့နယ် ပညာရေးဘုတ်အဖွဲ့မှ အဖွဲ့၀င်တွေ၊ ကျေးရွာ ပအဖ၊ပကဖ တာ၀န်ခံတွေ၊ ကျေးရွာပညာရေးတာ၀န်ခံတွေနဲ့ ကျေးရွာပြည်သူလူထုမှ တက်ကြွစွာ ပူးပေါင်းပါ၀င်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင််မည် ရွှေရေကြည် လူထုသပိတ်က ဒေသခံပြည်သူတွေနဲ့အတူ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြ သပိတ်မှောက်ခဲ့ကြပါတယ်။

ဒီပဲယင်းမြို့နယ်အတွင်း ကျေးရွာတစ်ရွာမှာလည်း ဒီပဲယင်းလူငယ်အဖွဲ့ -Depeyin Youth Community (DYC) မှ ပြည်သူလူထုကို လေကြောင်းအန္တရာယ်မှကင်းဝေးစေဖို့ ကြိုတင်ကာကွယ်ရေးနဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဆောင်ရန်၊ရှောင်ရန်တွေကို သိရှိစေဖို့ အသိပညာပေးဖြန့်ဝေခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမတည်ငြိမ်တဲ့ကြားထဲကနေပဲ စစ်အာဏာရှင်ဆန့်ကျင်​ရေး သပိတ်လှုပ်ရှားမှုတွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။