Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ စစ်ကိုင်းမှာ ပြုလုပ်

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်နဲ့ တော်လှန်ဖျော်ဖြေပွဲ လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ DYC၊ ဝက်လက်မြို့နယ်လူထုသပိတ်

မတ်-၂၁၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်နဲ့ တော်လှန်ဖျော်ဖြေပွဲ လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ သပိတ်ကော်မတီဝင်တွေ ဦးဆောင်ပြီး ပြည်သူလူထုအနေနဲ့ တော်လှန်ရေးမှာ ပါဝင်မှု ပြန်လည်အားကောင်းလာစေဖို့နဲ့ ပြည်သူတွေရဲ့ စိုးရိမ်ထိန့်လန့်မှု ဘ၀အမောတွေကို ခဏတာ ပြေပျောက်စေဖို့ ရည်ရွယ်ကာ တော်လှန်ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ စည်းရုံးမှု လုပ်ဆောင်ခဲ့ပါတယ်။

စည်းရုံးရေး လုပ်ငန်းစဉ်မှာ ဝက်လက်မြို့နယ် ပညာရေးဘုတ်အဖွဲ့မှ အဖွဲ့၀င်တွေ၊ ကျေးရွာ ပအဖ၊ပကဖ တာ၀န်ခံတွေ၊ ကျေးရွာပညာရေးတာ၀န်ခံတွေနဲ့ ကျေးရွာပြည်သူလူထုမှ တက်ကြွစွာ ပူးပေါင်းပါ၀င်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင််မည် ရွှေရေကြည် လူထုသပိတ်က ဒေသခံပြည်သူတွေနဲ့အတူ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြ သပိတ်မှောက်ခဲ့ကြပါတယ်။

ဒီပဲယင်းမြို့နယ်အတွင်း ကျေးရွာတစ်ရွာမှာလည်း ဒီပဲယင်းလူငယ်အဖွဲ့ -Depeyin Youth Community (DYC) မှ ပြည်သူလူထုကို လေကြောင်းအန္တရာယ်မှကင်းဝေးစေဖို့ ကြိုတင်ကာကွယ်ရေးနဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဆောင်ရန်၊ရှောင်ရန်တွေကို သိရှိစေဖို့ အသိပညာပေးဖြန့်ဝေခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမတည်ငြိမ်တဲ့ကြားထဲကနေပဲ စစ်အာဏာရှင်ဆန့်ကျင်​ရေး သပိတ်လှုပ်ရှားမှုတွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her ကမ်ပိန်းနဲ့ တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ရက်သတ္တပတ်ကျော်ကြာ စစ်ကြောင်းထိုးနေလို့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ထောက်ခံဆန္ဒပြပွဲနဲ့ သီတင်းကျွတ်ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။