Connect with us

Hi, what are you looking for?

News

ဒိုက်ဦး​မြို့မဈေးကို စစ်​ကောင်စီကငါးရက်ပိတ်ခိုင်း​

အသံတိတ်သပိတ်ပြုလုပ်ခဲ့၍ အညှိုးထားကာ ပိတ်သိမ်းခိုင်းခြင်းဖြစ်ကြောင်း ဒိုက်ဦးမြို့ခံများက မှတ်ချက်ပြုသည်။ “ရုတ်တရက်ကြီး ထထုတ်တော့ အဆင်မပြေဘူး။ ကုန်တွေက ရေရှည်မခံလို့ ရတဲ့စျေးနဲ့ပြန်ထုတ်ရောင်းလိုက်ရတယ်။”ဟု စျေးရောင်းချသူတစ်ဦးက ပြောသည်။

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်တွင် ယမန်နေ့က စျေးဆိုင်များပိတ်ပြီး အသံတိတ်သပိတ်ပြုလုပ်ခဲ့ပြီးနောက် ဒိုက်ဦးမြို့မစျေးအားယ​​နေ့( ဒီဇင်ဘာ ၁၁ရက်)မှစ၍ ငါးရက်တာပိတ်သိမ်းထားရန် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြို့နယ်စည်ပင်က ညွှန်ကြားခဲ့သည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့က နိုင်ငံတစ်ဝန်း တိတ်ဆိတ်ခြင်းသပိတ် ပြုလုပ်ခဲ့ရာ ဒိုက်ဦးမြို့နယ်သည်လည်းတစ်ခုအပါအဝင်ဖြစ်ပြီး ​ဒိုက်ဦးမြို့မစျေးကြီးအပါအဝင် ပျံကျစျေးများ၊ စတိုးဆိုင်၊ စားသောက်ဆိုင်များ အားလုံးနီးပါး ပိတ်သိမ်းကာ အသံတိတ်သပိတ်ဆင်နွှဲခဲ့ကြသည်။

ညနေပိုင်းတွင်မူ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဌ ဝင်းမြင့်ဆိုသူကကိုဗစ် နိုင်တီးရောဂါနှင့် မျိုးကွဲအသစ် Omicron ရောဂါကိုအကြောင်းပြကာ ဒိုက်ဦးမြို့မစျေးအား ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ငါးရက်ပိတ်သိမ်းထားရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

“COVID 19 ​ရောဂါမျိုးကွဲသစ် Omicron ​ရောဂါသည်လျှင်မြန်စွာကူးစက်ပြန့်နှံ့ကူးစက်မှုအား ပြည်သူများသတိ့ထားဂရုပြုနိုင်​စေရန် ဒိုက်ဦးမြို့မ​ဈေးအား ၁၁.၁၂. .၂၁ ရက်​နေ့မှ ၁၅.၁၂.၂၁ ရက်​နေ့အထိ့ ၅ ရက် ယာယီပိတ်သိမ်း​ဆောင်ရွက်သွားရန် အ​ကြောင်းကြားပါသည်” ဟုဆိုကာ ဥက္ကဌ ဝင်းမြင့်ဆိုသူက လက်မှတ်​ရေးထိုးပိတ်ခိုင်းထား​ကြောင်းစာတွင်ပါရှိသည်။

Public Service Announcement

Public Service Announcement

အသံတိတ်သပိတ်ပြုလုပ်ခဲ့၍ အညှိုးထားကာ ပိတ်သိမ်းခိုင်းခြင်းဖြစ်ကြောင်း ဒိုက်ဦးမြို့ခံများက မှတ်ချက်ပြုသည်။ “ရုတ်တရက်ကြီး ထထုတ်တော့ အဆင်မပြေဘူး။ ကုန်တွေက ရေရှည်မခံလို့ ရတဲ့စျေးနဲ့ပြန်ထုတ်ရောင်းလိုက်ရတယ်။”ဟု စျေးရောင်းချသူတစ်ဦးက ပြောသည်။

အကြမ်းဖက် စစ်ကောင်စီသည် အသံတိတ်သပိတ် ပြုလုပ်ခဲ့သည့်ဆိုင်များအား ခြိမ်းခြောက်ခြင်း၊ စာကပ်ခြင်း၊ ဆိုင်မှပစ္စည်းသိမ်းယူခြင်းများလည်း ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။