Connect with us

Hi, what are you looking for?

News

ဒိုက်ဦး​မြို့မဈေးကို စစ်​ကောင်စီကငါးရက်ပိတ်ခိုင်း​

အသံတိတ်သပိတ်ပြုလုပ်ခဲ့၍ အညှိုးထားကာ ပိတ်သိမ်းခိုင်းခြင်းဖြစ်ကြောင်း ဒိုက်ဦးမြို့ခံများက မှတ်ချက်ပြုသည်။ “ရုတ်တရက်ကြီး ထထုတ်တော့ အဆင်မပြေဘူး။ ကုန်တွေက ရေရှည်မခံလို့ ရတဲ့စျေးနဲ့ပြန်ထုတ်ရောင်းလိုက်ရတယ်။”ဟု စျေးရောင်းချသူတစ်ဦးက ပြောသည်။

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်တွင် ယမန်နေ့က စျေးဆိုင်များပိတ်ပြီး အသံတိတ်သပိတ်ပြုလုပ်ခဲ့ပြီးနောက် ဒိုက်ဦးမြို့မစျေးအားယ​​နေ့( ဒီဇင်ဘာ ၁၁ရက်)မှစ၍ ငါးရက်တာပိတ်သိမ်းထားရန် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြို့နယ်စည်ပင်က ညွှန်ကြားခဲ့သည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့က နိုင်ငံတစ်ဝန်း တိတ်ဆိတ်ခြင်းသပိတ် ပြုလုပ်ခဲ့ရာ ဒိုက်ဦးမြို့နယ်သည်လည်းတစ်ခုအပါအဝင်ဖြစ်ပြီး ​ဒိုက်ဦးမြို့မစျေးကြီးအပါအဝင် ပျံကျစျေးများ၊ စတိုးဆိုင်၊ စားသောက်ဆိုင်များ အားလုံးနီးပါး ပိတ်သိမ်းကာ အသံတိတ်သပိတ်ဆင်နွှဲခဲ့ကြသည်။

ညနေပိုင်းတွင်မူ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဌ ဝင်းမြင့်ဆိုသူကကိုဗစ် နိုင်တီးရောဂါနှင့် မျိုးကွဲအသစ် Omicron ရောဂါကိုအကြောင်းပြကာ ဒိုက်ဦးမြို့မစျေးအား ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ငါးရက်ပိတ်သိမ်းထားရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

“COVID 19 ​ရောဂါမျိုးကွဲသစ် Omicron ​ရောဂါသည်လျှင်မြန်စွာကူးစက်ပြန့်နှံ့ကူးစက်မှုအား ပြည်သူများသတိ့ထားဂရုပြုနိုင်​စေရန် ဒိုက်ဦးမြို့မ​ဈေးအား ၁၁.၁၂. .၂၁ ရက်​နေ့မှ ၁၅.၁၂.၂၁ ရက်​နေ့အထိ့ ၅ ရက် ယာယီပိတ်သိမ်း​ဆောင်ရွက်သွားရန် အ​ကြောင်းကြားပါသည်” ဟုဆိုကာ ဥက္ကဌ ဝင်းမြင့်ဆိုသူက လက်မှတ်​ရေးထိုးပိတ်ခိုင်းထား​ကြောင်းစာတွင်ပါရှိသည်။

Public Service Announcement

Public Service Announcement

အသံတိတ်သပိတ်ပြုလုပ်ခဲ့၍ အညှိုးထားကာ ပိတ်သိမ်းခိုင်းခြင်းဖြစ်ကြောင်း ဒိုက်ဦးမြို့ခံများက မှတ်ချက်ပြုသည်။ “ရုတ်တရက်ကြီး ထထုတ်တော့ အဆင်မပြေဘူး။ ကုန်တွေက ရေရှည်မခံလို့ ရတဲ့စျေးနဲ့ပြန်ထုတ်ရောင်းလိုက်ရတယ်။”ဟု စျေးရောင်းချသူတစ်ဦးက ပြောသည်။

အကြမ်းဖက် စစ်ကောင်စီသည် အသံတိတ်သပိတ် ပြုလုပ်ခဲ့သည့်ဆိုင်များအား ခြိမ်းခြောက်ခြင်း၊ စာကပ်ခြင်း၊ ဆိုင်မှပစ္စည်းသိမ်းယူခြင်းများလည်း ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။