Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးအကျဘက်သွားနေတာာ မဟုတ်၊ စိတ်ဓာတ်ကျစရာမရှိဟု ချင်းညီနောင်ခေါင်းဆောင်ပြော

တော်လှန်ရေးရဲ့ လက်ရှိ အခြေအနေဟာ စိတ်ဓာတ်ကျစရာမရှိဘဲ အောင်မြင်ဖို့အတွက် အားနည်းချက်ရှာ အားသာချက်ဖြစ်အောင်လုပ်ပြီး တော်လှန်ရေးပန်းတိုင်အတွက် ဆက်လက်ကြိုးစားကြရမယ်လို့ချင်းညီနောင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။

ချင်းညီနောင်စစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေ။ ဓာတ်ပုံ − Thang Chawm Phe

မတ်-၂၂၊ ၂၀၂၆။ထားမြတ်/People’s Spring

တော်လှန်ရေးရဲ့ လက်ရှိ အခြေအနေဟာ စိတ်ဓာတ်ကျစရာမရှိဘဲ အောင်မြင်ဖို့အတွက် အားနည်းချက်ရှာ အားသာချက်ဖြစ်အောင်လုပ်ပြီး တော်လှန်ရေးပန်းတိုင်အတွက် ဆက်လက်ကြိုးစားကြရမယ်လို့ချင်းညီနောင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။

ချင်းညီနောင်အတွက် ရန်ပုံငွေရှာဖွေပွဲကို မနေ့က မတ်လ ၂၁ရက်မှာ ပြုလုပ်ခဲ့ရာ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) ဥက္ကဋ္ဌလည်းဖြစ်သူ ဆလိုင်းထန်းချွန်းဖေက အခုလို ပြောပြခဲ့တာပါ။

” မြန်မြန်ပြေးခဲ့တဲ့ဟာက နည်းနည်းတန့်ပြီး ဖြေးဖြေးလျှောက်တာပဲဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ပန်းတိုင်ကနေ နောက်ဆုတ်နေတာမဟုတ်ပါဘူး။ လုံး၀ တော်လှန်ရေးက အကျဘက်ကို မသွားဘူးဆိုတာ ကျနော်ပြောလိုပါတယ်”လို့ ဆလိုင်းထန်းချွန်းဖေကလက်ရှိ တော်လှန်ရေး အခြေအနေအပေါ် သုံးသပ်ပါတယ်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးမှာ ဒီအခြေအနေရောက်လာတယ်ဆိုတာ လုံး၀အပေါင်းလက္ခဏာဆောင်တယ်လို့လည်း ပြောပါတယ်။ ၂၀၂၁ မှာ ဘာမှ မပိုင်ဆိုင်တဲ့ နယ်မြေစိုးမိုးမှု မရှိပေမယ့် နောက်ပိုင်းမှာ မြို့တွေ သိမ်းပိုက်တာ နယ်မြေတွေ ထိန်းချုပ် နိုင်တာတွေကြောင့် လူထုရဲ့ ပူးပေါင်းပါဝင်မှု ပိုမိုခိုင်မာသွာားကြောင်းလည်း အသိပေးပါတယ်။

စစ်ကောင်စီဟာ ပြည်သူလူထု စားဝတ်နေရေးခက်အောင် လုပ်ဆောင်ကာ ပြည်သူနဲ့ တော်လှန်ရေးကို ရန်တိုက်ပေးနေပေမယ့် စစ်အုပ်စုရဲ့ ကြိုးပမ်းမှု မအောင်မြင်တဲ့အပြင် စစ်အုပ်စုရှိနေရင်တိုင်းပြည်အေးချမ်းမှာ မဟုတ်ဘူးဆိုတာ ၊ စစ်ကောင်စီတပ် နိုင်ငံရေးဇာတ်ခုံမှာ ပါဝင်နေသရွေ့ တိုင်းပြည်အေးချမ်းမှာမဟုတ် ဆိုတာ ပိုမြင်လာကြောင်း ပြောပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ဝါဒဖြန့်တာတွေ ဗြောင်လိမ်ဗြောင်စားလုပ်တာတွေ အစဉ်ပြုလုပ်နေကြောင်းလည်း ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။

” ဥပမာ သူတို့ဘက်ခြမ်းမှာ အမှောင်ဝင်သွားတဲ့သူ တယောက်လောက်ရှိမယ်ဆိုရင် ၁၀ယောက် လောက်လို့ပြောမယ်။ ၁၀ယောက်လောက်ဆိုရင် အယောက်တထောင်လောက်လို့ပြောမယ်”လို့ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။

ဒါဟာ စစ်ကောင်စီလုပ်နေကျ အလုပ်ဖြစ်လို့ စစ်ကောင်စီရဲ့ လုပ်ရပ်မှာမျောမသွားဖို့လိုတယ်လို့လည်း အသိပေးပါတယ်။

ချင်းညီနောင်အနေနဲ့လည်း စစ်ကောင်စီကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ ရပ်သွားဖို့မရှိဘူးလို့ပြောပြပါတယ်။

” နောက်ထပ်စစ်ဆင်ရေးတွေလည်း ကျနော်တို့ လုပ်ဖို့ ။ ဘယ်နေ့နေ့ဘယ်အချိန်ဆိုတာ စစ်ရေးအရ ပြောဖို့မရှိသေးပါဘူး။သေချာတာကတော့ တိုက်ပွဲရပ်မှာ မဟုတ်ပါဘူး”လို့ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။

စစ်ရဲ့သဘောတရားမှာ ကိုယ့်ဘက်ကအပဲ အမြဲတမ်းနိုင်တာမျိုးဖြစ်ချင်မှ ဖြစ်မယ်လို့ ဆလိုင်းထန်းချွန်းဖေက ပြောပြပြီး အားနည်းချက် ကို ရှာ အားသာချက်အဖြစ် ပြောင်းလဲသွားကြရမယ်လို့ အသိပေးပါတယ်။

ချင်းညီနောင်အပါအဝင် တော်လှန်ရေးတပ် ၁၉ဖွဲ့ စုဖွဲ့ထားတဲ့နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဟာ စစ်ကောင်စီကို ထိုးနှက်တိုက်ခိုက်ရာမှာ ပိုမိုအားကောင်းလာစေဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

အဆိုတော်ထူးအိမ်သင် ​ရေးဖွဲ့ထားတဲ့ "အရေးကြီးပြီ" သီချင်းကို စစ်တပ်က ဝါဒဖြန့်ချိရေးအတွက် ခိုးသုံးတဲ့ အပြင် ဒီသီချင်းကို ၁၉၆၀ ကတည်းက ရှိခဲ့တယ်လို့ လိမ်လည်နေတာတွေအပေါ် သီချင်းရဲ့ မူရင်းအဆိုရှင် မွန်းအောင်က အချက်အလက်တွေနဲ့ တုန့်ပြန်​​ပြောကြားလိုက်ပါတယ်။