Connect with us

Hi, what are you looking for?

သတင်း

နိုင်ကျဉ်းသူအချို့ နိုင်ငံကူးလက်မှတ်ပြုလုပ်ရာမှာ ကန့်သတ်ခံရ

မတရားဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေ နိုင်ငံကူးလက်မှတ် ပြုလုပ်ရာမှာ အာဏာသိမ်းစစ်တပ်က ကန့်သတ်မှုတွေ ပြုလုပ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ ( Women’s Organization Of Political Prisoners) က မတ်လ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

မတ် – ၂၇ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring

မတရားဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေ နိုင်ငံကူးလက်မှတ် ပြုလုပ်ရာမှာ အာဏာသိမ်းစစ်တပ်က ကန့်သတ်မှုတွေ ပြုလုပ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ ( Women’s Organization Of Political Prisoners) က မတ်လ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံရေးအကျဉ်းသူတွေ ဖမ်းဆီးခံရချိန်က သိမ်းဆည်းခံရတဲ့ မှတ်ပုံတင် ကို လွတ်မြောက်ချိန်မှာ ပြန်ပေးတာမရှိသလို အသစ်ပြန်လည် လျှောက်ထားရာမှာ အခက်အခဲ ကြုံနေရတယ်လို့ အဲဒီအဖွဲ့က ဆိုပါတယ်။

ပြန်လည် လွတ်မြောက်ပြီးနောက်မှာလည်း လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံရသူတွေရှိနေသလို PSIS လို့ ခေါ်တဲ့ (Person Scrutinization and Monitoring System) စနစ်ထဲမှာလည်း ထောင်ကျပြီးသား ပုဒ်မတွေကို မဖျက်ပေးတဲ့အခြေအနေ တွေရှိနေတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“အမဆို အခုထိတယောက်တည်း အပြင်ထွက်ရတာမျိုး သိပ်မလုပ်ရဲသေးဘူးကြောက်တယ်ဆိုတာထက် စိုးရိမ်စိတ်ရှိတဲ့သဘောမျိုးပေါ့နော် “ လို့ နိုင်ငံအကျဉ်းသူဟောင်းတစ်ဦးကပြောပါတယ်။

စစ်ကောင်စီက နိုင်ကျဉ်းတွေအပေါ် ကန့်သတ်ထိန်းချုပ်မှုတွေကြောင့် လူမှုဘဝ ပြန်လည်တည်ဆောက်ဖို့ ၊ လွတ်လွတ်လပ်လပ်သွားလာဖို့နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေလုပ်ကိုင်ဖို့ အခက်အခဲရှိနေတယ်လို့သိရပါတယ်။

ထောင်ကနေ လွတ်မြောက်လာပြီးနောက် နိုင်ငံကူးလက်မှတ်ပြုလုပ်ရာမှာစစ်ကောင်စီကို ဆန့်ကျင်ပြီး ပြစ်ဒဏ်ကျခံခဲ့ရသူတွေဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကန့်သတ်ခံရတာ ၊ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းကနေ နောက်ကြောင်းရာဇဝင် ကင်းရှင်းကြောင်း စစ်ဆေးချက် ပြန်ယူခိုင်းတာတွေ ရှိနေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ