Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်ရဲ့ အဂတိလိုက်စားမှု‌ကနေ မိသားစုဝင်တွေ အကျိုးအမြတ်များစွာရခဲ့​ကြောင်းJFM ဖော်ထုတ်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အဂတိလိုက်စားမှုတွေကနေ သူ့ရဲ့ မိသားစုဝင်တွေက အကျိုးအမြတ်တွေ များစွာရရှိခဲ့တဲ့ အကြောင်းကို Justice For Myanmar-JFM က အချက်အလက်တွေနဲ့‌ ဖော်ထုတ်လိုက်ပါတယ်။

မင်း​အောင်လှိုင်ရဲ့ သား ၊သမီးနဲ့ ​​ချွေးမ ။ ဓါတ်ပုံ-JFM

မတ်-၂၉၊၂၀၂၆။တေဇ/People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အဂတိလိုက်စားမှုတွေကနေ သူ့ရဲ့ မိသားစုဝင်တွေက အကျိုးအမြတ်တွေ များစွာရရှိခဲ့တဲ့ အကြောင်းကို Justice For Myanmar-JFM က အချက်အလက်တွေနဲ့‌ ဖော်ထုတ်လိုက်ပါတယ်။

“မင်းအောင်လှိုင်သည် မြန်မာပြည်သူလူထု၏ ပိုင်ဆိုင်မှုများကို အပြစ်ပေးအရေးယူခံရခြင်း လွတ်ကင်းစွာဖြင့် အကြီးအကျယ် ခိုးယူနေသည့် အကျင့်ပျက်ခြစားမှုယန္တရားကြီး၏ အထွတ်အထိပ်တွင် ရှိနေသူဖြစ်သည်။ စစ်တပ်ခေါင်းဆောင်အဖြစ်ရှိနေခြင်း၊ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုနှင့် အကြမ်းဖက်စစ်အုပ်စု တည်ထောင်ခဲ့ခြင်းတို့မှတဆင့် မင်းအောင်လှိုင်သည် အဂတိလိုက်စားမှုမှ ရရှိလာသော အကျိုးအမြတ်များကို ၎င်း၏သားသမီးများထံသို့ စီးဆင်းစေခဲ့ပြီး ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို အကျိုးဖြစ်ထွန်းစေခဲ့သည်။” လို့ JFMရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံက ၂၀၁၇ မှာ A&M Mahar ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး အစားအသောက်နဲ့ဆေးဝါးဌာန (FDA) နဲ့ အခွန်ရှင်းလင်းရေးဆိုင်ရာလုပ်ငန်းတွေကိုဇနီးဖြစ်သူ မျိုးရတနာထိုက်နဲ့ လုပ်ကိုင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ချောင်းသာမှာ အကြီးဆုံးအပန်းဖြေစခန်းလို့ နာမည်ကြီးတဲ့ Azura Beach Resort ကိုလည်းပိုင်ဆိုင်ပြီး လက်ရှိအချိန်အထိ သရုပ်ဆောင်တွေအပါအဝင် ဆယ်လီတွေက အဲဒီ
Resort အကြောင်း ကြော်ငြာတွေပြုလုပ်ပေးနေပါတယ်။

အဲဒီ့ Resort နေရာက မြေဧရိယာ ၂၂ ဒသမ ၄၂ ဧကကျယ်ပြီး အပန်းဖြေစခန်းဆောက်လုပ်ဖို့ Sky One Construction ကုမ္ပဏီကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရမဖြစ်ခင် ကာလမှာ အလောတကြီး လုပ်ပိုင်ခွင့်ပေးခဲ့တာလို့ JFM ကဆိုပါတယ်။

“Sky One Construction ကို ၂၀၁၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး၊ အောင်ပြည့်စုံနှင့် မင်းအောင်
လှိုင် မိသားစု၏ရင်းနှီးသော စီးပွားရေးလုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည့် မောင်မောင်နိုင်တို့က ပိုင်ဆိုင်သည်။” လို့ JFM ကဖော်ပြထားပါတယ်။

အောင်ပြည့်စုံက အဲဒီ့ပိုင်‌ဆိုင်မှုတွေအပြင် ဆောက်လုပ်ရေးပစ္စည်းတွေ ရောင်းချတဲ့ Bhone Myat Pyae Sone Trading ကုမ္ပဏီနဲ့ ကုန်သွယ်ရေးလုပ်ငန်းဖြစ်တဲ့ Nyein Chan Pyae Sone Manufacturing & Trading ကုမ္ပဏီကိုလည်း ပိုင်ဆိုင်ထားပါတယ်။

အဲဒီ့အပြင် အောင်ပြည့်စုံရဲ့ ကိုယ်ပိုင်စီမံကိန်းတွေဖြစ်တဲ့Yangon Gallery နဲ့Yangon Restaurantတို့ကို ပြည်သူ့ရင်ပြင်အတွင်းမှာ ဖွင့်ခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ (YCDC) ကို စျေးကွက်တန်ဖိုးထက် အလွန်နည်းပါးသော ငှားရမ်းခကိုသာ ပေးချေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ့စားသောက်ဆိုင်မှာ YCDC နဲ့ စာချုပ်ပါ အချက်အလက်‌ တွေကိုချိုးဖောက်ပြီး အရက်သေစာတွေကို ပေါ်‌ပေါ်ထင်ထင်ရောင်းချခဲ့ပေမယ့် အရေး
ယူမှုတော့ မရှိခဲ့ပါဘူးလို့ JFM ကထောက်ပြထားပါတယ်။

အောင်ပြည့်စုံရဲ့ မိန်းမ မျိုးရတနာထိုက်ကလည်း အာဏာမသိမ်းခင်ကတည်းက ဖျော်ဖြေရေးကုမ္ပဏီ Stellet Seven ကိုတည်ထောင်ပြီး နိုင်ငံတကာအလှမယ်ရွေးချယ်ပွဲတွေ အပါအဝင် ဖျော်ဖြေရေးနဲ့ပတ်သက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

မင်းအောင်လှိုင်ရဲ့ သမီး ခင်သီရိသက်မွန်ကတော့ စစ်တပ်ရဲ့အဓိကလုပ်ငန်း ဆက်သွယ်ရေး Mytel ကုမ္ပဏီအတွက် တာဝါတိုင် တည်ဆောက်ရေးကနေ အကျိုးအမြတ်ရယူဖို့ ၂၀၁၆ မှာ Pinnacle Asia ကုမ္ပဏီကိုတည်ထောင်ခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ခင်သီရိသက်မွန်က အဲဒီ့ကုမ္ပဏီကနေ နှုတ်ထွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီ့ကုမ္ပဏီအပြင် မီဒီယာထုတ်လုပ်ရေး လုပ်ငန်းဖြစ်တဲ့ Seventh Sense ထုတ်လုပ်ရေးကို တည်ထောင်ခဲ့ပြီး အနုပညာနယ်ပယ်မှာ ဝါဒဖြန့်ချိမှုတွေနဲ့ စိုးမိုးခြယ်လှယ်မှုတွေပြုလုပ်ခဲ့ပါတယ်။

အဲဒီ့ကုမ္ပဏီအပြင် အဆင့်မြင့်အားကစားရုံလုပ်ငန်းတွေလုပ်ဆောင်တဲ့ One Fitness (ယခင်က Everfit ) ကုမ္ပဏီကိုတည်ထောင်ထားတယ်လို့လည်းသိရပါတယ်။

အထက်မှာပါတဲ့ မင်းအောင်လှိုင်ရဲ့ မိသားစုပိုင် ကုမ္ပဏီအားလုံးကို ၂၀၂၆ မတ်လကုန်အထိ မှတ်ပုံတင်ထားတယ်လို့ JFM ကဖော်ပြထားပါတယ်။

အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ မတ်လမှာ အမေရိကန်နိုင်ငံက မင်းအောင်လှိုင် နဲ့ သားသမီး‌တွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။

“အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်တို့သည် ဖခင်ဖြစ်သူ၏ ရာထူးအာဏာနှင့် ဆိုးရွားသော လွှမ်းမိုးချုပ်ကိုင်မှုများမှ တိုက်ရိုက်အကျိုးအမြတ်ဖြစ်ထွန်းသည့် စီးပွားရေးလုပ်ငန်းများစွာကို ပိုင်ဆိုင်ထားသည်” လို့ အမေရိကန်က မှတ်ချက်ပြုခဲ့တယ်လို့ JFM ကဆိုပါတယ်။

အဲဒိ့အချိန်က မင်းအောင်လှိုင်ရဲ့ သားသမီးတွေ ပိုင်ဆိုင်တဲ့ A & M Mahar ၊Sky One Construction ၊ The Yangon Restaurant၊ The Yangon Gallery၊ Everfit (since renamed One Wellness) နဲ့ Seventh Sense တို့ကို အရေးယူပိတ်ဆို့မှုခံခဲ့ရတာပါ။

အဲဒီ့အချိန်က အောင်ပြည့်စုံရဲ့ဇနီးမျိုးရတနာထိုက်ကအရေးယူမှူစာရင်းမှာမပါဝင်ခဲ့သလိုသူမရဲ့ ကုမ္ပဏီတွေလည်း ဒဏ်ခတ်ပိတ်ဆို့တာမခံခဲ့ရပါဘူး။

မျိုးရတနာထိုက်ကို အရေးယူပိတ်ဆို့မှု မရှိတာကြောင့် ဖြစ်ပေါ်နေတဲ့ ဥပဒေ ဟာကွက်ကို ပိတ်ဆို့ဖို့နဲ့ သူမကိုပါ အရေးယူပိတ်ဆို့မှုတွေ ချမှတ်အ‌ရေးယူ‌ပေးဖို့ JFM က အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ကနေဒါနဲ့ဩစတြေးလျနိုင်ငံတွေကို တောင်းဆိုထားပါတယ်။

မင်းအောင်လှိုင်ရဲ့ အဂလိလိုက်စားမှုတွေကနေ သူ့ရဲ့မိသားစုဝင်တွေက စီးပွားရေးလုပ်ငန်းတွေသာ မဟုတ်ပဲ ထိုင်းနိုင်ငံမှာလည်း အိမ်ခြံမြေတွေ ဝယ်ယူခဲ့ပါသေးတယ်။

အောင်ပြည့်စုံကဘန်ကောက်မြို့က Belle GrandRama 9 ကွန်ဒိုမှာ နှစ်ထပ် ဇိမ်ခံတိုက်ခန်းတစ်ခန်းကို ထိုင်းဘတ်ငွေ သန်း ၂၀ (အမေရိကန်ဒေါ်လာ ၅၈၁,၀၀၀) နဲ့ ၂၀၁၇ မှာဝယ်ယူခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၂ မှာလည်း အရေးယူပိတ်ဆို့မှု မခံထားရတဲ့ အောင်ပြည့်စုံရဲ့ ဇနီး မျိုးရတနာထိုက်ရဲ့ နာမည်နဲ့ ဘတ် ၉၈ သန်း (အမေရိကန်ဒေါ်လာ ၃ သန်းနီးပါး)တန်ဖိုးရှိတဲ့ ဇိမ်ခံအိမ်ယာကြီးကိုဝယ်ယူခဲ့တယ်လို့ JFM က ပြီးခဲ့တဲ့ရက်ကထုတ်ဖော်ထားပါတယ်။

“ထိုသို့ဝယ်ယူရာတွင် နိုင်ငံခြားသားများ မြေပိုင်ခွင့်ကို တားမြစ်ထားသည့် ထိုင်းဥပဒေအား ရှောင်လွှဲနိုင်ရန် ထိုအိမ်ခြံမြေဖော်ဆောင်သူ Charn Issara ကုမ္ပဏီနှင့် ဆက်နွှယ်နေသည့် ကြားခံကုမ္ပဏီတစ်ခုမှတဆင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ” လို့ JFM ကဆိုပါတယ်။

ဒါကြောင့် ထိုင်း နဲ့ အခြားနိုင်ငံအစိုးရ တွေ အနေနဲ့ မင်းအောင်လှိုင်မိသားစုရဲ့ အကျင့်ပျက်ခြစားမှုတွေကနေ ရရှိလာ တဲ့ငွေကြေး‌တွေကို သူတို့ရဲ့အာဏာပိုင်နယ်နိမိတ်‌တွေမှာ ငွေကြေးခဝါချခြင်းမှ တားဆီးဖို့ စုံစမ်းစစ်ဆေးဖို့နဲ့ တရားစွဲအရေးယူဖို့ လိုအပ်တယ်လို့ JFM က တိုက်တွန်းထားပါတယ်။

“သိမ်းဆည်းရရှိသည့် ပိုင်ဆိုင်မှုများကို မြန်မာနိုင်ငံတွင် တရားဝင် ဖက်ဒရယ်ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ပေါက်လာပြီး၎င်းတို့ထံပြန်လည်လွှဲပြောင်းပေးနိုင်သည့်အချိန်အထိ ထိန်းသိမ်းထားသင့်သည်။မင်းအောင်လှိုင်နှင့် ၎င်း၏မိသားစုဝင်များ
သည် ၎င်းတို့၏ အကျင့်ပျက်ခြစားမှုများအတွက် တာဝန်ခံရမည်ဖြစ်သည်။ ယခုအချိန်သည် ၎င်းတို့၏ ပြစ်ဒဏ်မှကင်းလွတ်နေမှုကို အဆုံးသတ်ရမည့် အချိန်ပင်ဖြစ်သည်။” လို့ JFM ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။

သတင်း

မြန်မာအာဏာသိမ်းခေါင်းဆောင်တွေအနေနဲ့ အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်နိုင်ဖို့ အလှမ်းဝေးနေဆဲလို့ အာဆီယံအထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ထိုင်းအစိုးရက ကာကွယ်ပြောကြားခဲ့ပါတယ်။

သရော်စာ

ကလေးအစ၊ ခွေးအဆုံးကို အံ့ဩမင်သက်စေပြီး သာမာန်လူတွေပင် လက်မခံနိုင်သော တရားလွန်လုပ်ရပ်များကို လူတစ်ယောက်က နိုင်ငံအနှံ့လိုက်လုပ်နေသည်။လူတွေကို နေ့စဉ် သတ်ဖြတ်နေသည်။ အနီရောင်ပန်းပင်တွေကို လိုက်ခုတ်ပြီး ရုပ်တုတွေကို လိုက်ဖြိုနေသည်။ ထိုသူကို အချိန်မီဆေးတိုက်ရန်လိုအပ်နေပြီ။

Facebook