Connect with us

Hi, what are you looking for?

သတင်း

ကျဆုံးခဲ့ရသူတွေကိုအောက်မေ့ပြီး တော်လှန်ရေးပန်းတိုင်အတွက် ပံ့ပိုးကြဖို့ ၊ ညီညွတ်ရေးကြိုးပမ်းဖို့ CDF-KKG တိုက်တွန်း

ကလေး-ကဘော်-ဂန့်ဂေါဒေသရှိ ပြည်သူများနဲ့ တစ်နိုင်ငံလုံးရှိ ပြည်သူ​တွေအနေနဲ့ ကျဆုံးလေပြီးသော အာဇာနည်အပေါင်းကို အောက်မေ့အမှတ်ရပြီး တော်လှန်ရေးပန်းတိုင်ကို ရှေးရှုကာ ဆင်နွှဲနေတဲ့ ပြည်သူ့ တော်လှန်ရေးကြီးမှာ မဆုတ်မနစ်ဇွဲလုံ့လစိုက်၍ ဆထက်ထမ်းပိုး ပံ့ပိုးပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ကြောင်းချင်းဒေသကာကွယ်ရေးတပ်-ကလေး-ကဘော်-ဂန့်ဂေါ(CDF-KKG)က ကြေညာချက် ထုတ်ပြန်ပါတယ်။

ချင်းဒေသကာကွယ်ရေးတပ်-ကလေး-ကဘော်-ဂန့်ဂေါ(CDF-KKG)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CDF-KKG

နွေဦးပြည်သူ့တော်လှန်ရေး (၅)နှစ်အတွင်း CDF-KKG ရဲဘော် ၉၂ဦး ကျဆုံး၊ ၂၀၀ကျော် ဒဏ်ရာရ

မတ်-၂၉၊၂၀၂၆။ထားမြတ်/People’s Spring

ကလေး-ကဘော်-ဂန့်ဂေါဒေသရှိ ပြည်သူများနဲ့ တစ်နိုင်ငံလုံးရှိ ပြည်သူ​တွေအနေနဲ့ ကျဆုံးလေပြီးသော အာဇာနည်အပေါင်းကို အောက်မေ့အမှတ်ရပြီး တော်လှန်ရေးပန်းတိုင်ကို ရှေးရှုကာ ဆင်နွှဲနေတဲ့ ပြည်သူ့ တော်လှန်ရေးကြီးမှာ မဆုတ်မနစ်ဇွဲလုံ့လစိုက်၍ ဆထက်ထမ်းပိုး ပံ့ပိုးပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ကြောင်းချင်းဒေသကာကွယ်ရေးတပ်-ကလေး-ကဘော်-ဂန့်ဂေါ(CDF-KKG)က ကြေညာချက် ထုတ်ပြန်ပါတယ်။

မတ်လ ၁၁ရက်ကနေ ၁၃ရက်အထိ ကျင်းပခဲ့တဲ့ CDF-KKG ရဲ့ ဒုတိယအကြိမ် အထွေထွေညီလာခံအပြီး ကြေညာချက်မှာ တော်လှန်ရေးအင်အားစုတွေစည်းလုံးညီညွတ်ဖို့ပြည်သူတွေ တော်လှန်ရေးမှာ ပိုမိုပါဝင်ဖို့ အခုလို နှိုးဆော်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

“ကလေး-ကဘော်-ဂန့်ဂေါဒေသရှိ အရွယ် ရောက်ပြီးသူအားလုံး စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးအတွက် မိမိတို့ဆင်နွှဲနေသော ပြည်သူ့တော်လှန်ရေးကြီး ဆောလျင်စွာ ပြီးမြောက်အောင်မြင်နိုင်ရေးအလို့ငှာ စစ်မှုထမ်းတာဝန်၌ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်း နှိုးဆော်ပါသည်”လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင်CDF-KKGအနေနဲ့ တော်လှန်ရေးအင်အားစုများအကြား ပေါင်းစည်းညီညွတ်ရေးကို အစဉ်လိုလားကြောင်း ဖော်ပြပါတယ်။

တော်လှန်ရေးအင်အားစု အချင်းအချင်းအကြား သဘောထား ကွဲလွဲမှုနဲ့ သွေးထွက်သံယိုဖြစ်မှုများကို လုံးဝ မလိုလားကြောင်း ထုတ်ပြန်ခဲ့ပြီး ဘုံရန်သူကို တိုက်ဖျက်အောင်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများအားလုံး စည်းလုံးညီညွတ်ရေး ကြိုးပမ်း ဆောင်ရွက်ကြဖို့ အထူးတိုက်တွန်းထားပါတယ်။

CDF-KKGဟာ နွေဦးတော်လှန်ရေး ကနဦးကာလမှ ယနေ့အထိ အကြမ်းဖက် စစ်အုပ်စုကို ဆန့်ကျင်တော်လှန်တဲ့ တော်လှန်ရေးအဖွဲ့အစည်းအားလုံးနဲ့ လက်တွဲဆောင်ရွက်ခဲ့ပြီး နောင်မှာလည်းဘုံရည်မှန်းချက်တူတဲ့ အင်အားစုအားလုံးနဲ့ ချိတ်ဆက်လက်တွဲဖို့ အမြဲအဆင်သင့်ရှိတယ်လို့ အသိပေးပါတယ်။

တော်လှန်ရေး၅နှစ်တာအတွင်း CDF-KKG မှ ရဲဘော်ရဲမေ (၉၂) ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြပြီး ကိုယ်လက်အင်္ဂါ စွန့်လွှတ်သူများအပါအဝင် ထိခိုက်ဒဏ်ရာရ စုစုပေါင်း ၂၀၀ ကျော်ပြီဖြစ်တယ်လို့ ထုတ်ပြန်အသိ​ပေးပါတယ်။

“တော်လှန်ရေးအတွက် အသက်နှင့် ခန္ဓာ ပေးလှူခဲ့ကြ ကုန်သော အာဇာနည် အပေါင်းကို အစဉ်အောက့်မေ့လျက်ဂုဏ်ပြုဦးညွတ်အလေးပြုပါ ကြောင်း ဖော်ပြအပ်ပါသည်” လို့ ​ဖော်ပြပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကတဆင့် အမည်ခံ အစိုးရ ဖွဲ့စည်းတာ၊ နိုင်ငံတကာနဲ့ ပြည်တွင်းမျက်နှာစာမှာ တရားဝင်မှု ရရေး မသမာမှု နည်းပေါင်းစုံနဲ့ ကြိုးပမ်းနေတာတွေစတဲ့ စစ်အုပ်စုရဲ့ လုပ်ဆောင်မှု မှန်သမျှတရားဝင်မှု မရှိတဲ့အပြင်လူထုဆန္ဒနဲ့ ဆန့်ကျင်ကြောင်း ဖော်ပြပါတယ်။

စစ်အုပ်စုရဲ့အာဏာတည်မြဲရေးနဲ့ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်မှုမှန်သမျှကို CDF-KKG မှ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။

အခု ကျင်းပခဲ့တဲ့ CDF-KKG ညီလာခံမှာ ဗဟိုကော်မတီဝင် များ၊ တပ်ရင်း (၇)ရင်းမှ ကိုယ်စား
လှယ်များ၊ ရပ်ရွာလူထုကိုယ်စားပြု ကိုယ်စား
လှယ်များနဲ့ လေ့လာသူများ တက် ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

CDF-KKG တပ်ဖွဲ့ဟာ စစ်အာဏာရှင်တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်
ဆောက်ရေး၊ ချင်းလူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုးအားလုံံး ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး ရည်ရွယ်ပြီး ၂၀၂၁ ဇူလိုင် ၁ရက်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ကလေး-ကဘော်-ဂန့်ဂေါ ဒေသ မှာ အခြေပြု လှုပ်ရှား နေတာဖြစ်သလို အခြားဒေသ တိုက်ပွဲတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ စစ်ကောင်စီကို တိုက်ခိုက်တဲ့ တိုက်ပွဲပေါင်း ရာချီ ပါဝင်ခဲ့ပြီး စခန်းသိမ်းအောင်မြင်မှုတွေလည်းရရှိထားပါတယ်။ ကလေး-ကဘော်-ဂန့်ဂေါဒေသ လွတ်
မြောက်ရေးမှသည် မြန်မာတပြည်လုံး စစ်ကောင်စီ လက်အောက်မှ လွတ်မြောက်ပြီး ပြည်သူလူထု တရပ်လုံး လိုလားသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်
ထောင်စု တည်ဆောက်နိုင်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ မော်တော်ယာဉ် တန်းနဲ့ လာတဲ့ စစ်ကောင်စီတပ် တွေဟာ ကလေး-တီးတိန်လမ်းပိုင်း သိုင်းငင်းကတဆင့် ဖလမ်းမြို့နယ်ကို ဝင်ရောက်လာကြောင်း ချင်းညီနောင် အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ဒီကနေ့ ဇန်နဝါရီ ၂၂ရက်ညမှာ အတည်ပြုပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကလေးမြို့ နဲ့ တမူးမြို့တွေကို လားရှိူးမြို့မှာအ​ခြေစိုက်တဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)လက်အောက်ခံတပ်ရင်းတွေကို စစ်ကောင်စီကပို့ပြီး အင်အားဖြည့်တင်းနေပါတယ်။

သတင်း

ကလေးမြို့နယ်အတွင်း စက်တင်ဘာလဆန်းက ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ(၄)ဦးသေဆုံးပြီး အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် စစ်သုံ့ပန်း(၇)ဦး ဖမ်းမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသကထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း တိုက်ပွဲ၌ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုများပြီး လက်နက် ၁၀လက်၊ ရုပ်အလောင်းသုံးလောင်းနှင့် စစ်သုံ့ပန်း ၁ဦး ဖမ်းမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသက သတင်းထုတ်ပြန်သည်။