Connect with us

Hi, what are you looking for?

သတင်း

လုံခြုံရေးမကောင်းတဲ့ ရွှေဘို-မန္တလေးလမ်းပိုင်း ဆီရှားလို့ ကားသမားတွေ အရဲစွန့်သွားလာနေရ

ရွှေဘို-မန္တလေးလမ်းပိုင်းဟာ လုံခြုံရေးအရ စိတ်မချရသော်လည်း စက်သုံးဆီမလုံလောက်လို့ ကားသမားတွေက အဲဒီလမ်းပိုင်းကို အရဲစွန့်သွားလာနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

(ရွှေဘို-မန္တလေးလမ်းတနေရာကို ဝေဟင်မှ တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

မတ်-၃၁၊ ၂၀၂၆။ဟာနာဆန်/People’s Spring

ရွှေဘို-မန္တလေးလမ်းပိုင်းဟာ လုံခြုံရေးအရ စိတ်မချရသော်လည်း စက်သုံးဆီမလုံလောက်လို့ ကားသမားတွေက အဲဒီလမ်းပိုင်းကို အရဲစွန့်သွားလာနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ဖြတ်သန်းသွားလာလို့မရခဲ့တဲ့ ရွှေဘို-မန္တလေးလမ်းပိုင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းက မော်တော်ယာဥ်တွေ ပြန်လည်သွားလာခဲ့ကြသော်လည်း လုံခြုံရေးအခြေအနေအရ ကွင်းလမ်းတွေကနေတဆင့် ပြန်ပတ်သွားနေရကြောင်း၊ ယခုအခါ စက်သုံးဆီရှားပါးမှုတွေကြောင့် ကားသမားတွေဟာ လမ်းပိုင်းတိုတဲ့ ရွှေဘို-မန္တလေးလမ်းမကြီးပေါ်ကပဲ ပြန်လည်သွားလာနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

“ပြီးခဲ့တဲ့တစ်ပတ်လောက်ကစပြီး ပြန်သွားနေကြတယ်။ ပတ်သွားရတော့ ဆီမလောက်ကြတော့လို့။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မော်တော်ယာဥ်အသွားအလာနည်းပါးနေပြီး အခြားကွင်းလမ်းတွေ အသုံးပြုနေသူတွေလည်းရှိကြောင်း၊ အမှတ်(၃)ခရိုင်ချင်းဆက်လမ်းကလည်း တိုက်ပွဲဖြစ်ထားလို့ ယာယီပိတ်ထားကြောင်း ဒေသခံတွေက ပြောပါတယ်။

ရွှေဘို-လှတောလမ်းပိုင်းကတော့ အခက်အခဲမရှိဘဲ မောင်းနှင်လို့ရပြီး လှတော-ရွာသာကြီး-ဆားတောင်-အုန်းတောလမ်းပိုင်းကတော့ သတိပြုကာ သွားလာနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် လမ်းပိုင်းအချို့နေရာတွေမှာလည်း စစ်ကောင်စီတပ်စွဲထားတာတွေရှိတဲ့အတွက် သတိပြုသွားလာကြဖို့ ဒေသခံတွေက သတိပေးပါတယ်။

ရွှေဘို-မန္တလေးလမ်းဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်ကို သွားလာရာမှာ အရေးပါတဲ့လမ်းပိုင်းတစ်ခုဖြစ်ပါတယ်။

ဆက်စပ်သတင်းများ