Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ကောင်စီအပေါ် ဗြိတိန်၊ အမေရိကန်၊ ကနေဒါတို့၏ ဒဏ်ခတ်အရေးယူမှုကို Justice for Myanmar ကြိုဆို

မြန်မာစစ်တပ်ကို ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ရောင်း ချမှုပိတ်ပင်ရေးနှင့် မြန်မာနိုင်ငံအမှုကို နိုင်ငံတကာရာဇဝတ်ခုံရုံးဆီ လွှဲအပ်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ထပ်မံတောင်းဆိုကြောင်း Justice for Myanmar၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

-စစ်လက်နက်ရောင်းချမှုပိတ်ပင်ရေးနှင့် ICCကိုလွှဲအပ်ရန် ကုလလုံခြုံရေးကောင်စီကို ထပ်မံတောင်းဆို

မြန်မာအကြမ်းဖက်စစ်ကောင်စီအပေါ် ဗြိတိန်၊ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့၏ ပူးပေါင်းဒဏ်ခတ်ပိတ်ဆို့မှုကို ကြိုဆိုကြောင်း Justice for Myanmar က ထုတ်ပြန် ကြေညာလိုက်သည်။

မြန်မာစစ်တပ်ကို ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ရောင်း ချမှုပိတ်ပင်ရေးနှင့် မြန်မာနိုင်ငံအမှုကို နိုင်ငံတကာရာဇဝတ်ခုံရုံးဆီ လွှဲအပ်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ထပ်မံတောင်းဆိုကြောင်း Justice for Myanmar၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

“အခုနောက်ဆုံး ဒဏ်ခတ်ပိတ်ဆို့မှုတွေက ပြည်သူတွေအပေါ် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေ ရပ်တန့်စေဖို့အတွက် မြန်မာစစ်တပ်ဆီ အခွန်ငွေနဲ့စစ်လက်နက်စီးဆင်းမှုများ ဖြတ်တောက်နိုင်ရေး အရေးပါတဲ့ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီရဲ့အခွန်ငွေနဲ့ လက်နက်ရရှိမှုတွေကို အဆုံးသတ်နိုင်ဖို့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ အများကြီးထပ်လုပ်ဖို့ အရေးတကြီး လိုအပ်နေပါသေးတယ်”ဟု မရတနာမောင်က ဆိုသည်။

Public Service Announcement

Public Service Announcement

ဗြိတိန်၊ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့သည် အကြမ်းစစ်ကောင်စီခန့် ဝန်ကြီးချုပ် ​လေးဦးနှင့် စစ်ထောက်ချုပ်ရုံး၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ညွှန်ကြားရေးမှုးရုံး၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းများအဖွဲ့တို့ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူကြောင်း ဒီဇင်ဘာ ၁၀ ရက်တွင် ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

ဗြိတိန်နိုင်ငံ၊ ဝေးလ်စ်ပြည်နယ်က ဆေးရုံတစ်ခု ခေါင်မိုးပေါ်မှာ သေမင်းပုံစံ ဝတ်ဆင်ပြီး လူတွေ အထိတ်တလန့်ဖြစ်အောင် လုပ်ခဲ့တဲ့ လူငယ်ဟာ ဒဏ်ငွေတပ်ရိုက်တာ ခံလိုက်ရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။