-စစ်လက်နက်ရောင်းချမှုပိတ်ပင်ရေးနှင့် ICCကိုလွှဲအပ်ရန် ကုလလုံခြုံရေးကောင်စီကို ထပ်မံတောင်းဆို
မြန်မာအကြမ်းဖက်စစ်ကောင်စီအပေါ် ဗြိတိန်၊ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့၏ ပူးပေါင်းဒဏ်ခတ်ပိတ်ဆို့မှုကို ကြိုဆိုကြောင်း Justice for Myanmar က ထုတ်ပြန် ကြေညာလိုက်သည်။
မြန်မာစစ်တပ်ကို ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ရောင်း ချမှုပိတ်ပင်ရေးနှင့် မြန်မာနိုင်ငံအမှုကို နိုင်ငံတကာရာဇဝတ်ခုံရုံးဆီ လွှဲအပ်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ထပ်မံတောင်းဆိုကြောင်း Justice for Myanmar၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။
“အခုနောက်ဆုံး ဒဏ်ခတ်ပိတ်ဆို့မှုတွေက ပြည်သူတွေအပေါ် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေ ရပ်တန့်စေဖို့အတွက် မြန်မာစစ်တပ်ဆီ အခွန်ငွေနဲ့စစ်လက်နက်စီးဆင်းမှုများ ဖြတ်တောက်နိုင်ရေး အရေးပါတဲ့ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီရဲ့အခွန်ငွေနဲ့ လက်နက်ရရှိမှုတွေကို အဆုံးသတ်နိုင်ဖို့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ အများကြီးထပ်လုပ်ဖို့ အရေးတကြီး လိုအပ်နေပါသေးတယ်”ဟု မရတနာမောင်က ဆိုသည်။

Public Service Announcement
ဗြိတိန်၊ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့သည် အကြမ်းစစ်ကောင်စီခန့် ဝန်ကြီးချုပ် လေးဦးနှင့် စစ်ထောက်ချုပ်ရုံး၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ညွှန်ကြားရေးမှုးရုံး၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းများအဖွဲ့တို့ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူကြောင်း ဒီဇင်ဘာ ၁၀ ရက်တွင် ကြေညာခဲ့သည်။


















































