Connect with us

Hi, what are you looking for?

သတင်း

ဖက်ဒရယ်ဦးဆောင်ကောင်စီဖွဲ့စည်းနိုင်မှုCDM ကျန်းမာရေးကွန်ရက် ကြိုဆို

ဖက်ဒရယ် ဦး​ဆောင်​ကောင်စီ အဖွဲ့ဝင် ​တော်လှန်​ရေးအဖွဲ့​တွေရဲ့ ​တပ်ဖွဲ့ဝင်​တွေ ။ ဓါတ်ပုံ-အမှတ်(၁)စစ်​ဒေသ ၊KNU ၊ CNF ၊KNPP ၊CNF

■နွေဦးတော်လှန်ရေးရဲ့ကြီးမားတဲ့အပြောင်းအလဲ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ကြောင်း​ဖော်ပြ

ဧပြီ−၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ဖွဲ့စည်းနိုင်မှုအပေါ် ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုမျှော်လင့်ကြောင်း CDM ကျန်းမာရေးကွန်ရက်က ဒီက​နေ့မှာထုတ်ပြန်ကြေညာပါတယ်။

အခုလို NUG၊ CRPHနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များပါဝင်တဲ့ ကောင်စီတစ်ခုအနေဖြင့်ဖွဲ့စည်းဖြစ်မြောက် ပေါ်ပေါက်လာခြင်းဟာ နွေဦးတော်လှန်ရေးရဲ့ ကြီးမားသောအပြောင်းအလဲ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း CDM ကျန်းမာရေးကွန်ရက်က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ့ဆန္ဒကိုအဓိကထားသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တော်လှန်ရေးအင်အားစုများအားလုံး ညီညွတ်စွာပူးပေါင်းပါဝင်ဆောင်ရွက် အကောင်အထည်ဖော်နိုင်ဖို့နဲ့ စစ်အာဏာရှင်အပြီးတိုင်ကျဆုံးရေးအပါအဝင် အာဏာရှင်စနစ် အမြစ်ပြတ်ဖယ်ရှားနိုင်ရေးတို့ကို ဦးစီး ဆောင်ရွက်နိုင်ကြဖို့ အရေးကြီးတဲ့ အချိန်မှာအခုလိုညီညွတ်စွာစုဖွဲ့နိုင်မှုမှာအပေါင်းလက္ခဏာဆောင်တဲ့တော်လှန်ရေးအရွေ့အဖြစ် ယုံကြည်ကြောင်းလည်းဖော်ပြထားပါတယ်။

ဒါ့အပြင်ဖက်ဒရယ်ဦးဆောင်ကောင်စီမှ ချမှတ်သော နိုင်ငံရေးဦးတည်ချက် (၆)ရပ်ဟာ မြန်မာ့နိုင်ငံရေးအကြပ်အတည်းများကို ကျေလည်စွာဖြေရှင်းနိုင်ဖို့လိုအပ်တဲ့မူဝါဒများဖြစ်လို့ ဝမ်း

မြောက်ဝမ်းသာ ကြိုဆိုကြောင်း ထုတ်ပြန်ပါတယ်။လက်ရှိစုဖွဲ့ ပြီးစီးခဲ့သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ရဲ့ ပြည်သူ့ညီလာခံရလဒ်များ၊ မူဝါဒများအပေါ် အခြေခံပြီး ကျန်ရှိနေသေးသော တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းများနဲ့ ထပ်မံညှိနှိုင်း ပူးပေါင်းဆောင်ရွက်ပြီး ပြည်သူအများ လိုလားလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ဖြစ်ထွန်းလာစေရေးကြိုးပမ်းဆောင်ရွက်နိုင်ပါစေဟုလည်း CDMကျန်းမာရေးကွန်ရက်ရဲ့ ထုတ်ပြန်ချက်မှာ ဆုတောင်းရေးသားထားပါတယ်။

မတ်လ ၃၀ရက်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါတယ်။ဖက်ဒရယ်ဦးဆောင်ကောင်စီကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့နဲ့ ကနဦး စတင်ဖွဲ့စည်းခဲ့တာပါ။

ကောင်စီကို ဖက်ဒရယ်ယူနစ်/တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ရဲ့ မဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင် ၊ အမျိုးသမီး ကိုယ်စားပြုမဏ္ဍိုင် စတဲ့ မဏ္ဍိုင်သုံးရပ်နဲ့ ဖွဲ့စည်း မှာ ဖြစ်ပြီး ပါဝင်သင့်တဲ့ အဖွဲ့တွေ ပါဝင်ဖို့ ဆက်လက်ကြိုးစားမယ်လို့ အသိပေးထားပါတယ်။

တော်လှန်ရေးအရှိန်အဟုန်မြှင့်ဖို့ အောင်ပွဲရယူဖို့ ရည်ရွယ်စုဖွဲ့ခဲ့တဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ ဖွဲ့စည်းမှုကို တော်လှန်ရေးအင်အားစုတွေက ကြိုဆိုကြောင်း ထုတ်ပြန် ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်း စစ်ဦးစီးချုပ် ကိုဂိဒွန်က ဖက်ဒရယ်ဦးဆောင်ကောင်စီဟာ ခေတ်အဆက်ဆက်တော်လှန်ရေးအတွေ့အကြုံတွေ သုံးသပ်ပြီး ဖွဲစည်းမှုဟု မြင်ကြောင်း ပြောကြားထားပါတယ်။ချင်းညီနောင်ရဲ့ စစ်ဦးစီးချုပ်လည်းဖြစ်သူ ကိုဂိဒွန်က အခု ဦးဆောင်ကောင်စီဟာ ခေတ်ရေစီးကြောင်းအရ နိုင်ငံရေးအရ ညှိနှိင်းဖို့အတွက်လည်း လိုအပ်လာလို စုဖွဲခဲ့တာလို မြင်ကြောင်း ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှန်တဲ့ လွတ်လပ်မှုနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်လာရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ ပေါ်ထွန်းရေးကြိုးပမ်းနေချိန်ဖြစ်လို့ ညီညွတ်စွာ ဝိုင်းဝန်းကြိုးပမ်းကြဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ခေါင်းဆောင်တွေက တိုက်တွန်းပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

Facebook