ဧပြီ−၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ပခုက္ကူပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ခွဲ-၂ (မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့-MRG)က တိုက်ခိုက်ခဲ့ရာ ၆ဦး သေဆုံးကာ လက်နက် ၃လက်ရရှိခဲ့တယ်လို့ MRG သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဧပြီ ၆ရက် ညနေပိုင်းမှာ ရဲဘော်ကိုခက်ဦးဆောင်တဲ့ MRGတပ်စိပ်က ပခုက္ကူစက်မှုဇုံဂိတ်ရှိ စစ်ကောင်စီတပ်သားကို သွားရောက်တိုက်ခိုက်ဖို့ ထွက်ခွာလာစဉ် အင်အား ၆ဦးပါ ပတ်ကင်းအဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။
” စကစ အင်းအားခြောက်ယောက်နဲ့ ကင်းပတ်ထွက်လာတာပါဗျ။ စကစတို့ပြန်ဆုပ်တာကတော့ သူတို့နယ်မှာဆိုတော့ ဂိတ်ဘက်ကိုပြန်ဆုတ်သွားတာပါဗျ။ ထိတွေ့မှုက ဂိတ်သွားပစ်တာ ဂိတ်မရောက်ခင် လမ်းမှာတင် ပစ်ခတ်မှုဖြစ်သွားတော့ အနီးကပ်ကြီးဖြစ်သွားပါတယ်။လက်ရှိတိုက်ပွဲဖြစ်သွားတဲ့နေရာကတော့ မနေ့ကတော့ တိုက်ပွဲဖြစ်ပွားပြီးအချိန်မှာတော့ ပတ်ဝန်းကျင် အင်အားငါးဆယ်လောက်နဲ့မေးမြန်းတာတွေလုပ်နေတာကိုသိရပါတယ်”လို့ MRG ပြန်ကြားရေးတာဝန်ခံက တိုက်ပွဲဖြစ်ပွားမှု အခြေအနေကို ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်သားတွေ သေဆုံးမှုဟာ မျက်မြင်ဖြစ်ပြီး လက်နက် ၆လက်အနက် ၃လက် ကောက်ယူနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။
” သေနတ်ခြောက်လက်စလုံး စခတွေကျန်ခဲ့ပေမဲ့ သုံးလက်ပဲကောက်ချိန်ရခဲ့ပါတယ်။ လေးယောက်သေပြီး နှစ်ယောက်ကလည်းဒဏ်ရာတွေနဲ့ပြေးတာပါ။ သူတို့ကျည်ကာက အရမ်းကောင်းလို့ ချက်ချင်းမသေတာဖြစ်မယ်။ နောက်ဆက်တွဲသတင်းကတော့ သေတဲ့အထဲ အရာရှိပါတယ်ပြောတယ်ဗျ ယခုအချိန်ထိ ပြည်သူတွေကို စစ်ဆေးမန်းမြန်းတာတွေလုပ်နေတယ်ပြောပါတယ်ဗျ။ လွတ်သွားတဲ့နှစ်ယောက်လည်း တစ်လမ်းကျော်အရောက်မှာ သေသွားတယ်လို့ သတင်းသိရပါပြီ”လို့ MRG ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တိုက်ပွဲကြာချိန်မှာ ၁၅မိနစ်သာ ရှိခဲ့တယ်လို့လည်း MRGက အသိပေးပါတယ်။
တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီတပ်ရဲ့စက်မှုဇုံ (၆)လမ်းဂိတ်မှ လက်နက်ကြီး ၊လက်နက်ငယ် ပစ်ကူပေးခဲ့ကြောင်းလည်း ဖော်ပြပါတယ်။
တိုက်ပွဲမှာ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ (M.R.G)ရဲဘော်များမှ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး တိုက်ပွဲအတွင်းသိမ်းရခဲ့တဲ့ MA-3 ( ၂ )လက်၊ MA-1 MK II T1 ( ၁ )လက် တို့ရဲ့ မှတ်တမ်းပုံတွေကို ဖော်ပြအသိပေးပါတယ်။


















































